အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားတို႔ ဇနီးေမာင္ႏွံ မက္ဆာခ်ဴးဆက္ျပည္နယ္ရွိ ၂၉ ဧက က်ယ္ေသာ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ကန္ေဒၚလာ ၁၅ သန္းခန္႔ျဖင့္ ဝယ္ယူရန္ စီစဥ္လ်က္ရွိ

အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားတို႔ ဇနီးေမာင္ႏွံ မက္ဆာခ်ဴးဆက္ျပည္နယ္ရွိ ၂၉ ဧက က်ယ္ေသာ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ကန္ေဒၚလာ ၁၅ သန္းခန္႔ျဖင့္ ဝယ္ယူရန္ စီစဥ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
26 Aug 2019 12:31 pm တွင် တင်ခဲ့သည်
2333 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္သမၼတေဟာင္း ဘားရက္အိုဘားမားႏွင့္ ဇနီး မီရွဲလ္ အိုဘားမားတို႔ ဇနီးေမာင္ႏွံသည္ မက္ဆာခ်ဴးဆက္ျပည္နယ္ရွိ ၂၉ ဧက က်ယ္ေသာ ျခံဝန္းၾကီးႏွင့္ စံအိမ္ကို ကန္ေဒၚလာ ၁၅ သန္းခန္႔ျဖင့္ ဝယ္ယူရန္ စီစဥ္လ်က္ရွိျပီး ဝယ္ယူႏိုင္ရန္ နီးစပ္ေနျပီ ျဖစ္သည္။

ပင္မစံအိမ္မွာ အက်ယ္အဝန္း ၆၈၉၂ စတုရန္းေပရွိသည္။ အိုဘားမားတို႔မိသားစုသည္ အဆိုပါေနအိမ္ကို မူလက ငွားရမ္းေနထိုင္ခဲ့ျခင္း ျဖစ္သည္။

အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္းပါသည့္ စံအိမ္ကို ၂၀၁၉ ခုႏွစ္ေႏြရာသီတြင္ စတင္ငွားရမ္းေနထိုင္ခဲ့ျပီးေနာက္ပိုင္း ႏွစ္သက္ျမတ္ႏိုး သြားကာ ဝယ္ယူရန္ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ျခင္းလည္း ျဖစ္သည္။

စံအိမ္ၾကီး ေနာက္ဆံုးေစ်းကြက္တင္ခဲ့စဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ ၁၄ ဒသမ ၈၅ သန္းျဖစ္ေသာ္လည္း အိုဘားမားတို႔ ဝယ္ယူခဲ့သည့္ ေစ်းမွာ အဆိုပါေခၚေစ်းေအာက္ နည္းပါးဖြယ္ရာရွိသည္။

မက္ဆာခ်ဴးဆက္ျပည္နယ္၊ Martha’s Vineyard ကၽြန္းေပၚ အဂၢါေတာင္းျမိဳ ႔၊ Turkeyland Cove လမ္း၊ အမွတ္ ၇၉ (79 Turkeyland Cove Road in Edgartown, Mass) တြင္ရွိသည့္စံအိမ္ကို Boston Celtics ဘတ္စ္ကက္ေဘာအသင္းပိုင္ရွင္ ဝစ္ခ္ ဂေရာင္းစ္ဘက္ခ္က ပိုင္ဆိုင္ထားျခင္း ျဖစ္သည္။

ေစ်းကြက္တင္ မွတ္တမ္းမ်ားအရ ထုတ္ေလွ်ာက္တန္းမ်ား ေဖာ္ကာေဆာက္လုပ္ထားသည့္ မ်က္ႏွာၾကက္ပါဝင္ေသာ ဧည့္ခန္း၊ ေက်ာက္တံုး မီးလင္းဖို၊ စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္သည့္ မီးဖိုေဆာင္၊ ၾကီးမားသည့္ ျပတင္းေပါက္ၾကီးမ်ားပါေသာ စံမီညစာစားခန္း တို႔ ပါဝင္ေၾကာင္း သိရသည္။

မီးလင္းဖိုႏွင့္ သီးသန္႔ေနစာလံႈရန္ ေနရာတို႔ ပါဝင္ေသာ master bedroom တြင္ အိုဘားမားတို႔ ဇနီးေမာင္ႏွံ အိပ္စက္အနားယူၾကမည္ ျဖစ္သည္။ ျခံဝန္းအတြင္းရွိ ေရကူးကန္ေဘးတြင္လည္း မီးလင္းဖိုတစ္ခု ပါဝင္ေသးသည္။

ေရကူးကန္တြင္ ေရမကူးလိုပါကလည္း အိုဘားမားစံုတြဲအတြက္ သီးသန္႔ကမ္းေျခတစ္ခုလည္း ပိုင္ဆိုင္ထားေသးျပီး ေလွအိမ္တစ္ခုလည္း ပါဝင္ေသးသည္။

“အေရာင္းအဝယ္ကေတာ့ မျဖစ္ေသးပါဘူး။ အေရာင္းအဝယ္ပ်က္သြားႏိုင္မယ့္ တျခားကိစၥမ်ဳိးေတြရွိေနေသးတယ္လို႔လည္း သိရပါ တယ္။ ဒါေပမယ့္ အထေျမာက္ႏိုင္မယ့္ အေရာင္းအဝယ္မ်ဳိးျဖစ္တယ္လို႔ကၽြန္ေတာ္တို႔ကို ေျပာထားပါတယ္”ဟု သတင္းရင္းျမစ္တစ္ခု က ေျပာၾကားသည္။

အိမ္ပိုင္ရွင္ ဂေရာင္းစ္ဘက္ခ္က နန္းေတာ္တမွ်ခမ္းနားလွေသာ စံအိမ္ၾကီးကို ၂၀၁၅ ခုႏွစ္အတြင္း ေစ်းကြက္တင္ခဲ့စဥ္က ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းအထိ ေစ်းေခၚခဲ့သည္။ အိုဘားမားမိသားစုသည္ ၂၀၁၇ ခုႏွစ္အတြင္းက အေမရိကန္ျပည္ေထာင္စု၏ ျမိဳ ႔ေတာ္ ဝါရွင္တန္ဒီစီမွ ကာလိုရာမာအရပ္ရွိ အိပ္ခန္း ၉ခန္းပါ စံအိမ္ကို ကန္ေဒၚလာ ၈ ဒသမ ၁ သန္းျဖင့္ ဝယ္ယူခဲ့ဖူးေသးသည္။

အဆိုပါ ေနအိမ္ႏွင့္ စပ္လ်ဥ္းသည့္ သတင္းမ်ားကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက (၁) https://www.imyanmarhouse.com/news/read/482907 (၂) https://www.imyanmarhouse.com/news/read/726856 အင္တာနက္လင့္ခ္မ်ားတြင္ ဖတ္ရႈႏိုင္ပါသည္။

၂၀၁၈ ခုႏွစ္အခ်က္အလက္မ်ားအရ ဘားရက္အိုဘားမား၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၄၀ ခန္႔ျဖစ္သည္ဟု ဆိုသည္။

အိုဘားမားသည္ ေဟာေျပာပြဲမ်ား ေဟာေျပာျခင္း၊ စာအုပ္မ်ားေရးသားျခင္း၊ ဂဏန္း ၆ လံုးခန႔္ရွိေသာ သမၼတအျငိမ္းစားလစာ ဝင္ေငြမ်ား ရရွိေနသူျဖစ္ေၾကာင္း GoBankingRates ၏ တြက္ခ်က္မႈတစ္ရပ္တြင္ ေဖာ္ျပသည္။

မီရွဲလ္အိုဘားမားကလည္း Becoming အမည္ရွိ စာအုပ္တစ္အုပ္ ေရးသားထုတ္ေဝထားရာ အေရာင္းရဆံုးစာအုပ္ျဖစ္ခဲ့သည္။ ၎တို႔ဇနီးေမာင္ႏွံ ၂ ဦးေပါင္း ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၃၅ သန္းေက်ာ္ရွိႏိုင္ေၾကာင္း ခန္႔မွန္းခ်က္မ်ားရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် ဇနီး မီရှဲလ် အိုဘားမားတို့ ဇနီးမောင်နှံသည် မက်ဆာချူးဆက်ပြည်နယ်ရှိ ၂၉ ဧက ကျယ်သော ခြံဝန်းကြီးနှင့် စံအိမ်ကို ကန်ဒေါ်လာ ၁၅ သန်းခန့်ဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိပြီး ဝယ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။

ပင်မစံအိမ်မှာ အကျယ်အဝန်း ၆၈၉၂ စတုရန်းပေရှိသည်။ အိုဘားမားတို့မိသားစုသည် အဆိုပါနေအိမ်ကို မူလက ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်းပါသည့် စံအိမ်ကို ၂၀၁၉ ခုနှစ်နွေရာသီတွင် စတင်ငှားရမ်းနေထိုင်ခဲ့ပြီးနောက်ပိုင်း နှစ်သက်မြတ်နိုး သွားကာ ဝယ်ယူရန်ကမ်းလှမ်းမှု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

စံအိမ်ကြီး နောက်ဆုံးဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၈၅ သန်းဖြစ်သော်လည်း အိုဘားမားတို့ ဝယ်ယူခဲ့သည့် ဈေးမှာ အဆိုပါခေါ်ဈေးအောက် နည်းပါးဖွယ်ရာရှိသည်။

မက်ဆာချူးဆက်ပြည်နယ်၊ Martha’s Vineyard ကျွန်းပေါ် အဂ္ဂါတောင်းမြို့၊ Turkeyland Cove လမ်း၊ အမှတ် ၇၉ (79 Turkeyland Cove Road in Edgartown, Mass) တွင်ရှိသည့်စံအိမ်ကို Boston Celtics ဘတ်စ်ကက်ဘောအသင်းပိုင်ရှင် ဝစ်ခ် ဂရောင်းစ်ဘက်ခ်က ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဈေးကွက်တင် မှတ်တမ်းများအရ ထုတ်လျှောက်တန်းများ ဖော်ကာဆောက်လုပ်ထားသည့် မျက်နှာကြက်ပါဝင်သော ဧည့်ခန်း၊ ကျောက်တုံး မီးလင်းဖို၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ ကြီးမားသည့် ပြတင်းပေါက်ကြီးများပါသော စံမီညစာစားခန်း တို့ ပါဝင်ကြောင်း သိရသည်။ မီးလင်းဖိုနှင့် သီးသန့်နေစာလှုံရန် နေရာတို့ ပါဝင်သော master bedroom တွင် အိုဘားမားတို့ ဇနီးမောင်နှံ အိပ်စက်အနားယူကြမည် ဖြစ်သည်။ ခြံဝန်းအတွင်းရှိ ရေကူးကန်ဘေးတွင်လည်း မီးလင်းဖိုတစ်ခု ပါဝင်သေးသည်။

ရေကူးကန်တွင် ရေမကူးလိုပါကလည်း အိုဘားမားစုံတွဲအတွက် သီးသန့်ကမ်းခြေတစ်ခုလည်း ပိုင်ဆိုင်ထားသေးပြီး လှေအိမ်တစ်ခုလည်း ပါဝင်သေးသည်။ “အရောင်းအဝယ်ကတော့ မဖြစ်သေးပါဘူး။ အရောင်းအဝယ်ပျက်သွားနိုင်မယ့် တခြားကိစ္စမျိုးတွေရှိနေသေးတယ်လို့လည်း သိရပါ တယ်။ ဒါပေမယ့် အထမြောက်နိုင်မယ့် အရောင်းအဝယ်မျိုးဖြစ်တယ်လို့ကျွန်တော်တို့ကို ပြောထားပါတယ်”ဟု သတင်းရင်းမြစ်တစ်ခု က ပြောကြားသည်။

အိမ်ပိုင်ရှင် ဂရောင်းစ်ဘက်ခ်က နန်းတော်တမျှခမ်းနားလှသော စံအိမ်ကြီးကို ၂၀၁၅ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့စဉ်က ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းအထိ ဈေးခေါ်ခဲ့သည်။ အိုဘားမားမိသားစုသည် ၂၀၁၇ ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန်ဒီစီမှ ကာလိုရာမာအရပ်ရှိ အိပ်ခန်း ၉ခန်းပါ စံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ဖူးသေးသည်။

အဆိုပါ နေအိမ်နှင့် စပ်လျဉ်းသည့် သတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/482907 (၂) https://www.imyanmarhouse.com/news/read/726856 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

၂၀၁၈ ခုနှစ်အချက်အလက်များအရ ဘားရက်အိုဘားမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၄၀ ခန့်ဖြစ်သည်ဟု ဆိုသည်။ အိုဘားမားသည် ဟောပြောပွဲများ ဟောပြောခြင်း၊ စာအုပ်များရေးသားခြင်း၊ ဂဏန်း ၆ လုံးခန့်ရှိသော သမ္မတအငြိမ်းစားလစာ ဝင်ငွေများ ရရှိနေသူဖြစ်ကြောင်း GoBankingRates ၏ တွက်ချက်မှုတစ်ရပ်တွင် ဖော်ပြသည်။

မီရှဲလ်အိုဘားမားကလည်း Becoming အမည်ရှိ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေထားရာ အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံ ၂ ဦးပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃၅ သန်းကျော်ရှိနိုင်ကြောင်း ခန့်မှန်းချက်များရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service