ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
လွ်ပ္စစ္က႑ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ က်ပ္ေငြ ၃၂ ဘီလီယံ ျမတ္စြန္းလာရန္ရည္မွန္းထား ေၾကာင္း ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီဥကၠ႒ ဇလြန္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မင္းက ဩဂုတ္ ၂၀ ရက္က ျပဳလုပ္သည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ အစည္းအေဝး၏ ၁၄ ရက္ေျမာက္ေန႔တြင္ေျပာထားသည္။
လွ်ပ္စစ္က႑သည္ ႏွစ္စဥ္အရႈံးေပၚေနေၾကာင္း၊လွ်ပ္စစ္ဓာတ္အားခမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္က စိုက္ထုတ္ ေပးေခ်ေနရေၾကာင္း၊၂၀၁၉-၂၀၂၀ တြင္ က်ပ္ ၃၂ ဘီလီယံအျမတ္အေနႏွင့္ေဖာ္ျပလာေၾကာင္း၊ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနမွ တကယ္အျမတ္အစြန္းရေနသည္က လွ်ပ္စစ္က႑ျဖစ္ေၾကာင္း၊စြမ္းအင္က႑၏ အရႈံးအျမတ္စာရင္းကိုၾကည့္လွ်င္ ႏွစ္စဥ္အျမတ္ရရွိၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ က်ပ္ ၇၀၃ ဘီလီယံအျမတ္ ရရွိမည္ဟု ရည္မွန္းေရးဆြဲထားသည္ကို ေတြ႔ရွိရမွာျဖစ္ေၾကာင္းေျပာထားသည္။
၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ က႑ႏွစ္ရပ္ေပါင္း ဘတ္ဂ်က္လ်ာ ထားရာတြင္ အဆိုပါဝန္ႀကီးဌာနလက္ေအာက္ရွိ ႏိုင္ငံေတာ္ပိုင္ စီးပြားေရးအဖြဲ႔အစည္းမ်ား၏ အျမတ္ကို က်ပ္ ၇၃၅ ဘီလီယံရရွိရန္ေရးဆြဲတင္ျပထားၿပီး ယင္းအျမတ္မွ ၉၅ ဒသမ ၆၅ ရာခိုင္ႏႈန္းမွာ စြမ္းအင္တစ္ခုတည္း က ရရွိမည့္အျမတ္ျဖစ္ေၾကာင္းေျပာထားသည္။
ယခု ၂၀၁၉ ဇူလိုင္လမွစတင္ကာ လွ်ပ္စစ္မီတာခမ်ားတိုးျမွင့္သတ္မွတ္လိုက္ရာတြင္ အိမ္သုံးမီတာ တစ္ယူနစ္ ၃၅ က်ပ္မွ ၁၂၅ က်ပ္ထိ၊လုပ္ငန္းသုံး တစ္ယူနစ္လွ်င္ ၁၂၅ က်ပ္မွ ၁၈၀ က်ပ္အထိ ေျပာင္းလဲ ေကာက္ခံခဲ့ရာ ၂ ဆေက်ာ္ျမင့္တတ္သြားခဲ့သည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
လျှပ်စစ်ကဏ္ဍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၂ ဘီလီယံ မြတ်စွန်းလာရန်ရည်မှန်းထား ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဇလွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဩဂုတ် ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် အစည်းအဝေး၏ ၁၄ ရက်မြောက်နေ့တွင်ပြောထားသည်။
လျှပ်စစ်ကဏ္ဍသည် နှစ်စဉ်အရှုံးပေါ်နေကြောင်း၊လျှပ်စစ်ဓာတ်အားခများနှင့်ပတ်သက်ပြီး နိုင်ငံတော်က စိုက်ထုတ် ပေးချေနေရကြောင်း၊၂၀၁၉-၂၀၂၀ တွင် ကျပ် ၃၂ ဘီလီယံအမြတ်အနေနှင့်ဖော်ပြလာကြောင်း၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ တကယ်အမြတ်အစွန်းရနေသည်က လျှပ်စစ်ကဏ္ဍဖြစ်ကြောင်း၊စွမ်းအင်ကဏ္ဍ၏ အရှုံးအမြတ်စာရင်းကိုကြည့်လျှင် နှစ်စဉ်အမြတ်ရရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၃ ဘီလီယံအမြတ် ရရှိမည်ဟု ရည်မှန်းရေးဆွဲထားသည်ကို တွေ့ရှိရမှာဖြစ်ကြောင်းပြောထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကဏ္ဍနှစ်ရပ်ပေါင်း ဘတ်ဂျက်လျာ ထားရာတွင် အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အမြတ်ကို ကျပ် ၇၃၅ ဘီလီယံရရှိရန်ရေးဆွဲတင်ပြထားပြီး ယင်းအမြတ်မှ ၉၅ ဒသမ ၆၅ ရာခိုင်နှုန်းမှာ စွမ်းအင်တစ်ခုတည်း က ရရှိမည့်အမြတ်ဖြစ်ကြောင်းပြောထားသည်။
ယခု ၂၀၁၉ ဇူလိုင်လမှစတင်ကာ လျှပ်စစ်မီတာခများတိုးမြှင့်သတ်မှတ်လိုက်ရာတွင် အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်ထိ၊လုပ်ငန်းသုံး တစ်ယူနစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ ပြောင်းလဲ ကောက်ခံခဲ့ရာ ၂ ဆကျော်မြင့်တတ်သွားခဲ့သည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com