ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဝန္ေဆာင္မႈေကာင္းသည့္ YBS ယာဥ္လိုင္းမ်ားကို ယာဥ္စီခႏႈန္းထား တိုးျမွင့္သတ္မွတ္ေပးမည္ဆိုသည့္ သတင္းမွမဟုတ္မွန္ေၾကာင္း ဩဂုတ္၂၁ ရက္က တာေမြၿမိဳ႕နယ္ ရွိ ရန္ကုန္တိုင္းသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ အာဏာပိုင္အဖြဲ႔(YRTA) ရုံးတြင္ျပဳလုပ္သည့္ မီဒီယာေတြ႔ဆုံပြဲ (၇/၂၀၁၉)တြင္ တြဲဖက္အတြင္းေရးမႉးဦးလွေအာင္ က ေျပာၾကားသည္။
ယင္းကေျပာထားရာတြင္ “ YRTA အေနနဲ႔ လတ္တေလာ YBS ယာဥ္လိုင္းေတြမွာ ယာဥ္စီးခတိုးျမွင့္ ေကာက္ခံဖို႔မရွိပါဘူး။အထူးသျဖင့္ ဝန္ေဆာင္မႈအေပၚမူတည္ၿပီး ယာဥ္စီးခ တိုးျမွင့္ေကာက္ခံဖို႔ မရွိပါဘူး။ယာဥ္စီး ခ တိုးေကာက္ဖို႔ဆိုတာ အေတာ္ကိုတြက္ခ်က္ရပါတယ္။ေျပးဆြဲသူကုမၸဏီဘက္ကေရာ စီးနင္းသူျပည္သူဘက္ကပါ ၾကည့္ရပါတယ္။ႏွစ္ဦးႏွစ္ဖက္အစဥ္ေျပႏိုင္မယ့္ႏႈန္းထားကို ေရရွည္ၾကည့္ၿပီး သတ္မွတ္ရတာ ျဖစ္ပါတယ္” ဟု ေျပာသည္။
ခရီးသည္ ဝန္ေဆာင္မႈအတြက္ မွတ္ပုံတင္ထားသည့္ယာဥ္ ၆၆၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုမွာ City Bus ႏွင့္ Mini Bus မ်ားျဖစ္ေၾကာင္း၊လက္ရွိတြင္ ေျပးဆြဲလမ္းေၾကာင္း ၁၃၀ ခန္႔ျဖင့္ ယာဥ္လိုင္း ၁၀၀ ေက်ာ္မွ အစီးေရ ၄၅၀၀ ေက်ာ္က ေျပးဆြဲေပးေနၿပီး ခရီးသည္ ၁ ဒသမ ၉ သန္းကိုဝန္ေဆာင္မႈေပးေနေၾကာင္း၊ၿမိဳ့တြင္းပတ္သည့္ ၁၀၀ က်ပ္ယာဥ္လိုငး္မ်ား၊၂၀၀ က်ပ္ေပးရသည့္ အဲယားကြန္းယာဥ္လိုင္းမ်ား၊ခရီးအကြာအေဝးရွည္လ်ားမႈအရ တစ္ပိုင္း ၂၀၀ က်ပ္ႏွင့္ ခရီးစဥ္အစအဆုံး ၃၀၀ က်ပ္ေပးရသည့္ယာဥ္လိုင္းမ်ား၊ဆူးေလမွ ရန္ကုန္ေလဆိပ္ထိ ၅၀၀ က်ပ္ေပးရသည့္ ယာဥ္လိုင္းမ်ား ေျပးဆြဲေပးလ်က္ရွိေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဝန်ဆောင်မှုကောင်းသည့် YBS ယာဉ်လိုင်များကို ယာဉ်စီခနှုန်းထား တိုးမြှင့်သတ်မှတ်ပေးမည်ဆိုသည့် သတင်းမှမဟုတ်မှန်ကြောင်း ဩဂုတ်၂၁ ရက်က တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) ရုံးတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ (၇/၂၀၁၉)တွင် တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ပြောကြားသည်။
ယင်းကပြောထားရာတွင် “ YRTA အနေနဲ့ လတ်တလော YBS ယာဉ်လိုင်းတွေမှာ ယာဉ်စီးခတိုးမြှင့် ကောက်ခံဖို့မရှိပါဘူး။အထူးသဖြင့် ဝန်ဆောင်မှုအပေါ်မူတည်ပြီး ယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့ မရှိပါဘူး။ယာဉ်စီး ခ တိုးကောက်ဖို့ဆိုတာ အတော်ကိုတွက်ချက်ရပါတယ်။ပြေးဆွဲသူကုမ္ပဏီဘက်ကရော စီးနင်းသူပြည်သူဘက်ကပါ ကြည့်ရပါတယ်။နှစ်ဦးနှစ်ဖက်အစဉ်ပြေနိုင်မယ့်နှုန်းထားကို ရေရှည်ကြည့်ပြီး သတ်မှတ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ခရီးသည် ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ထားသည့်ယာဉ် ၆၆၀၀၀ ကျော်ရှိပြီး အများစုမှာ City Bus နှင့် Mini Bus များဖြစ်ကြောင်း၊လက်ရှိတွင် ပြေးဆွဲလမ်းကြောင်း ၁၃၀ ခန့်ဖြင့် ယာဉ်လိုင်း ၁၀၀ ကျော်မှ အစီးရေ ၄၅၀၀ ကျော်က ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၉ သန်းကိုဝန်ဆောင်မှုပေးနေကြောင်း၊မြို့တွင်းပတ်သည့် ၁၀၀ ကျပ်ယာဉ်လိုင်းများ၊၂၀၀ ကျပ်ပေးရသည့် အဲယားကွန်းယာဉ်လိုင်းများ၊ခရီးအကွာအဝေးရှည်လျားမှုအရ တစ်ပိုင်း ၂၀၀ ကျပ်နှင့် ခရီးစဉ်အစအဆုံး ၃၀၀ ကျပ်ပေးရသည့်ယာဉ်လိုင်းများ၊ဆူးလေမှ ရန်ကုန်လေဆိပ်ထိ ၅၀၀ ကျပ်ပေးရသည့် ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com