ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာမကုန္မီ တည္ေဆာက္ၿပီးစီးရန္ ခန္႔မွန္းရသည့္ Temburong တံတားသည္ ဘ႐ူႏုိင္းႏိုင္ငံတြင္ အရွည္ ၃၀ ကီလိုမီတာရွိေသာ လက္ရွိေဆာက္လုပ္ဆဲ တံတားတစ္စင္းျဖစ္သည္။
၎သည္ Temburong ခ႐ိုင္ရွိ Labu Estate ႏွင့္ Brunei-Muara ခ႐ိုင္ရွိ Mengkubau ႏွင့္ Sungai Besar တို႔ကို ဆက္သြယ္ေပးမည္ျဖစ္သည္။
ယင္းသည္ ေတာင္တ႐ုတ္ပင္လယ္ရွိ ဘ႐ူႏိုင္းပင္လယ္ေအာ္ႏွင့္ မေလးရွားႏိုင္ငံ ဆာရာဝပ္ျပည္နယ္ လင္ဘန္ခ႐ုိင္တို႔မွ ၾကားဝင္ပိုင္းျခားထားေသာ Temburong နယ္ေျမႏွင့္ ျပည္မႀကီးတို႔ကို တိုက္႐ိုက္ဆက္သြယ္ေပးသည့္၊ ႏုိင္ငံ့ပထမဆံုးေသာ လမ္းတံတားျဖစ္လာမည္ျဖစ္သည္။
၎တံတားက Temburong ေဒသခံမ်ားအတြက္လည္း ဘ႐ူႏုိင္း၏ အျခားေဒသမ်ားသို႔ ကူးလူးဆက္သြယ္မႈပိုမိုေကာင္းမြန္သြားေစမည္ျဖစ္သည္။ အထူးသျဖင့္ ၿမိဳ႕ေတာ္ဘန္ဒါစရီဘန္ဂါဝမ္သို႔ ခရီးသြားလာခ်ိန္တိုေတာင္းသြားေစမည္ျဖစ္သည္။
လက္ရွိတြင္ ၿမိဳ႕ေတာ္ဘန္ဒါစရီဘန္ဂါဝမ္ႏွင့္ ခ႐ိုင္ၿမိဳ႕ျဖစ္ေသာ ဘန္ဂါၿမိဳ႕တို႔အၾကား တိုက္႐ိုက္ဆက္သြယ္မႈမွာ အငွားယာဥ္မ်ားျဖင့္ သြားလာေနၾကရၿပီး အခ်ိန္အားျဖင့္ ၄၅ မိနစ္ခန္႔ ၾကာျမင့္ပါသည္။
ယင္းတံတားကို ၂၀၁၄ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္မကုန္မီ အၿပီးသတ္ေဆာက္လုပ္ရန္ႏွင့္ ဖြင့္လွစ္အသံုးျပဳႏုိင္ရန္ ေမွ်ာ္မွန္းထားၾကသည္။
တံတားကို ေတာင္ကိုရီးယားကုမၸဏီ Daelim ႏွင့္ တ႐ုတ္ႏုိင္ငံပိုင္ကုမၸဏီ China State Construction Engineering Corporation (CSCEC) တို႔မွ ပူးေပါင္းေဆာက္လုပ္လ်က္ရွိေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
၂၀၁၉ ခုနှစ် နိုဝင်ဘာမကုန်မီ တည်ဆောက်ပြီးစီးရန် ခန့်မှန်းရသည့် Temburong တံတားသည် ဘရူနိုင်းနိုင်ငံတွင် အရှည် ၃၀ ကီလိုမီတာရှိသော လက်ရှိဆောက်လုပ်ဆဲ တံတားတစ်စင်းဖြစ်သည်။
၎င်းသည် Temburong ခရိုင်ရှိ Labu Estate နှင့် Brunei-Muara ခရိုင်ရှိ Mengkubau နှင့် Sungai Besar တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။
ယင်းသည် တောင်တရုတ်ပင်လယ်ရှိ ဘရူနိုင်းပင်လယ်အော်နှင့် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် လင်ဘန်ခရိုင်တို့မှ ကြားဝင်ပိုင်းခြားထားသော Temburong နယ်မြေနှင့် ပြည်မကြီးတို့ကို တိုက်ရိုက်ဆက်သွယ်ပေးသည့်၊ နိုင်ငံ့ပထမဆုံးသော လမ်းတံတားဖြစ်လာမည်ဖြစ်သည်။
၎င်းတံတားက Temburong ဒေသခံများအတွက်လည်း ဘရူနိုင်း၏ အခြားဒေသများသို့ ကူးလူးဆက်သွယ်မှုပိုမိုကောင်းမွန်သွားစေမည်ဖြစ်သည်။ အထူးသဖြင့် မြို့တော်ဘန်ဒါစရီဘန်ဂါဝမ်သို့ ခရီးသွားလာချိန်တိုတောင်းသွားစေမည်ဖြစ်သည်။
လက်ရှိတွင် မြို့တော်ဘန်ဒါစရီဘန်ဂါဝမ်နှင့် ခရိုင်မြို့ဖြစ်သော ဘန်ဂါမြို့တို့အကြား တိုက်ရိုက်ဆက်သွယ်မှုမှာ အငှားယာဉ်များဖြင့် သွားလာနေကြရပြီး အချိန်အားဖြင့် ၄၅ မိနစ်ခန့် ကြာမြင့်ပါသည်။
ယင်းတံတားကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မကုန်မီ အပြီးသတ်ဆောက်လုပ်ရန်နှင့် ဖွင့်လှစ်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြသည်။
တံတားကို တောင်ကိုရီးယားကုမ္ပဏီ Daelim နှင့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China State Construction Engineering Corporation (CSCEC) တို့မှ ပူးပေါင်းဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)