ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ လွ်ပ္စစ္ျဖန္႕ျဖဴးတ့ဲက႑မွာလုပ္ကိုင္ဖို႔ ထိုင္းႏိုင္ငံအေျခစိုက္ နာမည္ႀကီးကုမၸဏီတစ္ခုျဖစ္တဲ့ PTT Group ကိုေရြးခ်ယ္ခဲ့တယ္လို႔ New Yangon Development Company ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဦးသိမ္းေ၀ကေျပာပါတယ္။
ဒါ့အျပင္ သဘာ၀ဓာတ္ေငြ႕ျဖန္႕ျဖဴးတဲ့က႑အတြက္ေတာ့ အိႏၵိယႏိုင္ငံအေျခစိုက္ IGL Consortium ကိုေရြးခ်ယ္ခဲ့တယ္လို႕ဆိုပါတယ္။
ယခုေရြးခ်ယ္လိုက္တဲ့ ကုမၸဏီႏွစ္ခုကို စင္ကာပူအစိုးရအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Infrastructure Asia (IA) အဖဲြ႕ရဲ႕ နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးမႈနဲ႕ စိစစ္ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ စိစစ္မႈေတြျပဳလုပ္တဲ့ေနရာမွာ မ်က္ႏွာဆံုညီ ေတြ႔ဆံုေဆြးေႏြးမႈေတြ၊ စီမံကိန္းတစ္ခုလံုးကို ၿခံဳငံုၾကည့္ရႈ အကဲျဖတ္မႈေတြပါ၀င္တဲ့ နည္းပညာအေတြ႔အႀကံဳ၊ နည္းပညာစြမ္းေဆာင္ရည္ နဲ႔ ဘ႑ာေရးအရခိုင္မာမႈတို႔ကို အေျခခံၿပီး အဆင့္ဆင့္စိစစ္အမွတ္ေပး စနစ္ကို အသံုးျပဳခဲ့တယ္လို႔ သိရပါတယ္။
ဒါဟာ ယခုႏွစ္ ေဖေဖာ္၀ါရီ ဒုတိယအပတ္က ရန္ကုန္ၿမိဳ႕သစ္ပထမအဆင့္ Stage-2 အေျခခံအေဆာက္အဦ စီမံကိန္းလုပ္ငန္းေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ေခၚယူခဲ့တဲ့ လုပ္ငန္းေဆာင္ရြက္လိုမႈအဆိုျပဳလႊာ ေျခာက္ခုထဲက ႏွစ္ခုျဖစ္ပါတယ္။
ရန္ကုန္ၿမိဳ႕သစ္ပထမအဆင့္ Stage-2 အေျခခံအေဆာက္အဦ စီမံကိန္းေျခာက္ခုကေတာ့ လွ်ပ္စစ္စြမ္းအင္ျဖန္႕ျဖဴးျခင္း၊ သဘာ၀ဓာတ္ေငြ႕ျဖန္႕ျဖဴးျခင္း၊ ဆိုက္ဘာဆက္သြယ္ေရး၊ အမ်ားျပည္သူသယ္ယူပို႕ေဆာင္ေရး၊ ေရဆိုးေရညစ္စီမံခန္႕ခြဲမႈနဲ႕ ကြန္ဗင္းရွင္းစင္တာတည္ေဆာက္ဖို႔တို႕ျဖစ္ပါတယ္။ ဒီက႑ ေျခာက္ခုအတြက္ ကုမၸဏီ ၄၅ ခုဆီကေန လုပ္ငန္းေဆာင္ရြက္မႈအဆိုျပဳလႊာ EOI ၇၇ ခုရရွိခဲ့ၿပီး ဒီထဲကမွ က႑ ႏွစ္ခုအတြက္ ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
က်န္တဲ့ က႑ေလးခုကို ဆက္လက္ေရြးခ်ယ္ႏိုင္ဖို႔အတြက္ စိစစ္မႈေတြ စတင္လုပ္ေဆာင္ေနၿပီး စိစစ္မႈလုပ္ငန္းစဥ္ေတြၿပီးသြားတဲ့အခ်ိန္မွာ ေၾကျငာေပးသြားမွာျဖစ္တယ္လို႕ ဦးသိမ္းေ၀ကေျပာပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လျှပ်စစ်ဖြန့်ဖြူးတဲ့ကဏ္ဍမှာလုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ PTT Group ကိုရွေးချယ်ခဲ့တယ်လို့ New Yangon Development Company ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေကပြောပါတယ်။
ဒါ့အပြင် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးတဲ့ကဏ္ဍအတွက်တော့ အိန္ဒိယနိုင်ငံအခြေစိုက် IGL Consortium ကိုရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုရွေးချယ်လိုက်တဲ့ ကုမ္ပဏီနှစ်ခုကို စင်ကာပူအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Infrastructure Asia (IA) အဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ စိစစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စိစစ်မှုတွေပြုလုပ်တဲ့နေရာမှာ မျက်နှာဆုံညီ တွေ့ဆုံဆွေးနွေးမှုတွေ၊ စီမံကိန်းတစ်ခုလုံးကို ခြုံငုံကြည့်ရှု အကဲဖြတ်မှုတွေပါဝင်တဲ့ နည်းပညာအတွေ့အကြုံ၊ နည်းပညာစွမ်းဆောင်ရည် နဲ့ ဘဏ္ဍာရေးအရခိုင်မာမှုတို့ကို အခြေခံပြီး အဆင့်ဆင့်စိစစ်အမှတ်ပေး စနစ်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ယခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်က ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ခေါ်ယူခဲ့တဲ့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ခြောက်ခုထဲက နှစ်ခုဖြစ်ပါတယ်။
ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းခြောက်ခုကတော့ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးခြင်း၊ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးခြင်း၊ ဆိုက်ဘာဆက်သွယ်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ရေဆိုးရေညစ်စီမံခန့်ခွဲမှုနဲ့ ကွန်ဗင်းရှင်းစင်တာတည်ဆောက်ဖို့တို့ဖြစ်ပါတယ်။ ဒီကဏ္ဍ ခြောက်ခုအတွက် ကုမ္ပဏီ ၄၅ ခုဆီကနေ လုပ်ငန်းဆောင်ရွက်မှုအဆိုပြုလွှာ EOI ၇၇ ခုရရှိခဲ့ပြီး ဒီထဲကမှ ကဏ္ဍ နှစ်ခုအတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့ ကဏ္ဍလေးခုကို ဆက်လက်ရွေးချယ်နိုင်ဖို့အတွက် စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီး စိစစ်မှုလုပ်ငန်းစဉ်တွေပြီးသွားတဲ့အချိန်မှာ ကြေငြာပေးသွားမှာဖြစ်တယ်လို့ ဦးသိမ်းဝေကပြောပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com