ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔သည္ စပိန္ႏိုင္ငံ၏ အေရွ႕ဘက္ပင္လယ္ျပင္အတြင္းရွိ ဘီလ်ံနာမ်ား အပန္းေျဖရာ တစ္ပတ္လွ်င္ ေပါင္ ၁၂၀၀၀၀ ခန္႔က်သင့္သည့္ကၽြန္းတြင္ မီဂန္မာကယ္၏ ေမြးေန႔ပြဲက်င္းပရန္ ေရာက္ရွိေနေၾကာင္း ျဗိတိန္ အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။
မီဂန္မာကယ္တို႔စံုတြဲသည္ စပိန္အေရွ႕ဘက္ ဘာလီရစ္ပင္လယ္ျပင္အတြင္းရွိ “ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဘာလီရစ္ကၽြန္းမ်ား” မွ အီဘီဇာကၽြန္း၏ အေရွ႕ေတာင္ဘက္တြင္ တည္ရွိေသာ အီဘီဇာျမိဳ႕၊ Vista Alegre ဘီလ်ံနာအပန္းေျဖစခန္းတြင္ မီဂန္မာကယ္၏ ၃၈ ႏွစ္ေျမာက္ေမြးေန႔ပြဲအတြက္ ေရာက္ရွိေနျခင္းျဖစ္သည္။
အဆိုပါအပန္းေျဖစခန္းတြင္ ေစ်းအၾကီးဆံုးစံအိမ္မ်ား၏ တည္းခိုခမွာ ရက္သတၱပတ္လွ်င္ ေပါင္ ၁၂၀၀၀၀ (ျမန္မာေငြ က်ပ္ သိန္း ၂၀၀၀ ေက်ာ္) အထိ ေပးရသည္ဟု ဆိုသည္။
အီဘီဇာကၽြန္းေပၚတြင္ Sant Antoni de Portmany ႏွင့္ Ibiza Town ဟူ၍ အဓိကျမိဳ႕ၾကီး ၂ ျမိဳ႕ရွိရာ Vista Alegre ဘီလ်ံနာအပန္းေျဖစခန္းမွာ အဆိုပါျမိဳ႕ၾကီးမ်ားမွ ကီလိုမီတာ ၂၀ ခန္႔ ေဝးကြာသည္။
မီဂန္မာကယ္၏ ေမြးေန႔မွာ ၾသဂုတ္လ ၈ ရက္ျဖစ္ရာ ၃၈ ႏွစ္ေျမာက္ေမြးေန႔ကို Vista Alegre အပန္းေျဖစခန္းတြင္ ပင္လယ္ကို မ်က္ႏွာမူသည့္ စံအိမ္တစ္လံုး၌ ျဖတ္သန္းခဲ့ျခင္း ျဖစ္သည္။
ဟယ္ရီတို႔ ေတာ္ဝင္စံုတြဲႏွင့္ ရင္ေသြးငယ္ အာခ်ီတို႔သည္ အီဘီဇာကၽြန္းသို႔ ၾသဂုတ္လ ၆ ရက္တြင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္ ေရာက္ရွိလာၾကျပီး Vista Alegre အပန္းေျဖစခန္းသို႔ ေမာ္ေတာ္ကားျဖင့္ သြားေရာက္ခဲ့ၾကသည္။
ေဒသခံမ်ားက ေျပာၾကားရာတြင္ မူလကတည္းက လံုျခံဳေရးတင္းၾကပ္ထားခဲ့ေသာ အပန္းေျဖစခန္းမွာ ဟယ္ရီတို႔ စံုတြဲ လာေရာက္လည္ပတ္ခ်ိန္တြင္ ပိုမိုတင္းၾကပ္ထားခဲ့သည္ဟု ဆိုသည္။
ေဒသခံတစ္ဦးက ေျပာၾကားရာတြင္ “ဒီေနရာဟာ အဆင့္အတန္းျမင့္မားစြာ ေဆာက္လုပ္ထားျပီး ဘီလ်ံနာေတြ အပန္းေျဖတဲ့ ေနရာျဖစ္တာေၾကာင့္ လံုျခံဳေရးဝန္ထမ္းေတြအေနနဲ႔ သူတို႔ရဲ႕တာဝန္ဘာလဲဆိုတာ သိၾကပါတယ္”ဟု ေျပာၾကားသည္။
ကၽြန္းေပၚမွ သတင္းရင္းျမစ္မ်ားက ေျပာၾကားရာတြင္ ေတာ္ဝင္စံုတြဲသည္ ၆ ရက္ၾကာခရီးစဥ္အတြက္ ရဲတပ္ဖြဲ႔သက္ေတာ္ေစာင့္ အမ်ားအျပားျဖင့္ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။
ေတာ္ဝင္စံုတြဲအား ေလဆိပ္မွ အပန္းေျဖစခန္းသို႔ ပို႔ေဆာင္ရာတြင္ စပိန္လံုျခံဳေရးတပ္ဖြဲ႔ အရာရွိ ၅ ဦးသည္လည္း ျဗိတိန္တပ္ဖြဲ႔မ်ားႏွင့္ ပူးေပါင္းကာ လိုက္ပါေစာင့္ၾကပ္ပို႔ေဆာင္ခဲ့သည္ဟု ဆိုသည္။
Vista Alegre တြင္ ေစ်းအၾကီးဆံုးစံအိမ္တစ္လံုးျဖစ္ကာ တစ္ပတ္လွ်င္ ေပါင္ ၁၂၀၀၀၀ ခန္႔ေပးရေသာ Sa Calma စံအိမ္တြင္ တခ်ိန္က ဒီေဂ် ေဒးဗစ္ ဂက္တာႏွင့္ ကမၻာေက်ာ္ Beatles ေတးဂီတအဖြဲ႔ၾကီးမွ အဆိုေတာ္ ေပါလ္မကၠာတေနးတို႔လည္း တည္းခိုခဲ့ၾကဖူးသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့သည် စပိန်နိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်အတွင်းရှိ ဘီလျံနာများ အပန်းဖြေရာ တစ်ပတ်လျှင် ပေါင် ၁၂၀၀၀၀ ခန့်ကျသင့်သည့်ကျွန်းတွင် မီဂန်မာကယ်၏ မွေးနေ့ပွဲကျင်းပရန် ရောက်ရှိနေကြောင်း ဗြိတိန် အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
မီဂန်မာကယ်တို့စုံတွဲသည် စပိန်အရှေ့ဘက် ဘာလီရစ်ပင်လယ်ပြင်အတွင်းရှိ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘာလီရစ်ကျွန်းများ” မှ အီဘီဇာကျွန်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသော အီဘီဇာမြို့၊ Vista Alegre ဘီလျံနာအပန်းဖြေစခန်းတွင် မီဂန်မာကယ်၏ ၃၈ နှစ်မြောက်မွေးနေ့ပွဲအတွက် ရောက်ရှိနေခြင်းဖြစ်သည်။
အဆိုပါအပန်းဖြေစခန်းတွင် ဈေးအကြီးဆုံးစံအိမ်များ၏ တည်းခိုခမှာ ရက်သတ္တပတ်လျှင် ပေါင် ၁၂၀၀၀၀ (မြန်မာငွေ ကျပ် သိန်း ၂၀၀၀ ကျော်) အထိ ပေးရသည်ဟု ဆိုသည်။
အီဘီဇာကျွန်းပေါ်တွင် Sant Antoni de Portmany နှင့် Ibiza Town ဟူ၍ အဓိကမြို့ကြီး ၂ မြို့ရှိရာ Vista Alegre ဘီလျံနာအပန်းဖြေစခန်းမှာ အဆိုပါမြို့ကြီးများမှ ကီလိုမီတာ ၂၀ ခန့် ဝေးကွာသည်။
မီဂန်မာကယ်၏ မွေးနေ့မှာ သြဂုတ်လ ၈ ရက်ဖြစ်ရာ ၃၈ နှစ်မြောက်မွေးနေ့ကို Vista Alegre အပန်းဖြေစခန်းတွင် ပင်လယ်ကို မျက်နှာမူသည့် စံအိမ်တစ်လုံး၌ ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။
ဟယ်ရီတို့ တော်ဝင်စုံတွဲနှင့် ရင်သွေးငယ် အာချီတို့သည် အီဘီဇာကျွန်းသို့ သြဂုတ်လ ၆ ရက်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာကြပြီး Vista Alegre အပန်းဖြေစခန်းသို့ မော်တော်ကားဖြင့် သွားရောက်ခဲ့ကြသည်။
ဒေသခံများက ပြောကြားရာတွင် မူလကတည်းက လုံခြုံရေးတင်းကြပ်ထားခဲ့သော အပန်းဖြေစခန်းမှာ ဟယ်ရီတို့ စုံတွဲ လာရောက်လည်ပတ်ချိန်တွင် ပိုမိုတင်းကြပ်ထားခဲ့သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက ပြောကြားရာတွင် “ဒီနေရာဟာ အဆင့်အတန်းမြင့်မားစွာ ဆောက်လုပ်ထားပြီး ဘီလျံနာတွေ အပန်းဖြေတဲ့ နေရာဖြစ်တာကြောင့် လုံခြုံရေးဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့တာဝန်ဘာလဲဆိုတာ သိကြပါတယ်”ဟု ပြောကြားသည်။
ကျွန်းပေါ်မှ သတင်းရင်းမြစ်များက ပြောကြားရာတွင် တော်ဝင်စုံတွဲသည် ၆ ရက်ကြာခရီးစဉ်အတွက် ရဲတပ်ဖွဲ့သက်တော်စောင့် အများအပြားဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားသည်။
တော်ဝင်စုံတွဲအား လေဆိပ်မှ အပန်းဖြေစခန်းသို့ ပို့ဆောင်ရာတွင် စပိန်လုံခြုံရေးတပ်ဖွဲ့ အရာရှိ ၅ ဦးသည်လည်း ဗြိတိန်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လိုက်ပါစောင့်ကြပ်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
Vista Alegre တွင် ဈေးအကြီးဆုံးစံအိမ်တစ်လုံးဖြစ်ကာ တစ်ပတ်လျှင် ပေါင် ၁၂၀၀၀၀ ခန့်ပေးရသော Sa Calma စံအိမ်တွင် တချိန်က ဒီဂျေ ဒေးဗစ် ဂက်တာနှင့် ကမ္ဘာကျော် Beatles တေးဂီတအဖွဲ့ကြီးမှ အဆိုတော် ပေါလ်မက္ကာတနေးတို့လည်း တည်းခိုခဲ့ကြဖူးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)