ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
တစ္ခ်ိန္က ကမၻာကို ကိုင္လႈပ္ခဲ့သည့္ မိန္းကေလးဂီတအဖြဲ႔ Spice Girl မွ အဖြဲ႔ဝင္ေဟာင္း Mel B ႏွင့္ ခင္ပြန္းေဟာင္း ရုပ္ရွင္ထုတ္လုပ္သူ စတီဖန္ ဘယ္လာဖြန္တီတို႔သည္ အေနာက္ေဟာလိဝုဒ္ေနအိမ္အတြက္ ဝယ္လက္ရွာေတြ႔သြားျပီ ျဖစ္သည္။
မဲလ္ဘီႏွင့္ ဘယ္လာဖြန္တီတို႔သည္ အေနာက္ေဟာလိဝုဒ္စံအိမ္အတြက္ ကန္ေဒၚလာ ၅ ဒသမ ၅၅ သန္း ရရွိသြားသည္ဟု ဆိုသည္။
အဆိုပါစံအိမ္သည္ ၂၀၁၇ ခုႏွစ္အတြင္း ၎တို႔ဇနီးေမာင္ႏွံကြာရွင္းစဥ္ကတည္းက အေရာင္းေစ်းကြက္တင္ထားခဲ့ျခင္းျဖစ္ျပီး ယခင္က မဲလ္ဘီတို႔ ေမွ်ာ္မွန္းခဲ့သည္မွာ ကန္ေဒၚလာ ၈ ဒသမ ၉ သန္း ျဖစ္သည္။
မဲလ္ဘီတို႔ဇနီးေမာင္ႏွံသည္ ဆန္ဖာနန္ဒိုေတာင္ၾကားေနအိမ္ကို ခ်ာလီရွင္း၏ ဇနီးေဟာင္း ဘရြတ္ခ္ မူလာထံ ကန္ေဒၚလာ ၃ ဒသမ ၃ သန္းျဖင့္ ေရာင္းခ်ျပီးေနာက္ အေနာက္ေဟာလိဝုဒ္စံအိမ္ကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။
၁၉၂၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာစံအိမ္ကို မဲလ္ဘီတို႔ဇနီးေမာင္ႏွံ ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၄ ဒသမ ၃၄ သန္းေပးခဲ့ရသည္။
ေနအိမ္အတြင္း အိပ္ခန္း ၄ ခန္း၊ အသံဖမ္းစတူဒီယို၊ အရက္ဘား၊ ရုပ္ရွင္ျပခန္းႏွင့္ ဂိမ္းကစားခန္းတို႔ ပါဝင္သည္။
၎တို႔ လမ္းမခြဲမီက ၾသစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီတြင္ ေနအိမ္ဝယ္ယူရန္ စီစဥ္ခဲ့ေသးသည္။
ၾသစေတးလ်တြင္ မဲလ္ဘီသည္ Dancing With The Stars, X-Factor Australia ႏွင့္ Australia’s Got Talent ရုပ္သံအစီအစဥ္မ်ားတြင္ ပါဝင္တင္ဆင္ေနစဥ္ အိမ္ငွားအျဖစ္ ေနထိုင္ခဲ့ျခင္းျဖစ္သည္။
မဲလ္ဘီတို႔ဇနီးေမာင္ႏွံသည္ ဆစ္ဒနီျမိဳ႕အေရွ႕ဘက္ ကမ္းေျခေဒသျဖစ္ေသာ Rose Bay တြင္ ကန္ေဒၚလာ ၈ သန္းေက်ာ္ တန္ေၾကးရွိသည့္ penthouse ခန္းတစ္ခန္းကို ငွားရမ္းေနထုိင္ခဲ့ျခင္းျဖစ္သည္။
အဆိုပါအခန္းသည္ ဆစ္ဒနီ၏ နာမည္ေက်ာ္အထင္ကရျဖစ္ေသာ Opera House ကို လွမ္းေမွ်ာ္ေတြ႔ျမင္ေနရသည့္ ျမင္ကြင္းကို ပိုင္ဆိုင္ထားသည္။
ယင္းေနာက္ ဆစ္ဒနီျမိဳ႕ အေရွ႕ဘက္ကမ္းေျခတြင္ပင္ရွိေသာ Vaucluse အရပ္ရွိ စံအိမ္တစ္လံုးႏွင့္ ဝမ့္ဝါ့သ္လမ္းရွိ လူေနခန္းတို႔ကိုလည္း ငွားရမ္းေနထိုင္ခဲ့ေသးသည္။
“ကၽြန္မရဲ႕ ကေလးေတြက ေက်ာင္းတက္ၾကတယ္။ ေယာက်္ားျဖစ္သူနဲ႔ ကၽြန္မကလည္း ဆစ္ဒနီက စားေသာက္ဆိုင္ေတြအားလံုးနဲ႔ လူေနမႈဘဝကို ျမတ္ႏိုးၾကပါတယ္”ဟု မဲလ္ဘီက ၂၀၁၃ ခုႏွစ္အတြင္း ေျပာၾကားခဲ့ဖူးသည္။
မဲလ္ဘီ၏ သမီးၾကီးသည္ Rose Bay အထက္တန္းေက်ာင္းတြင္ ေက်ာင္းတက္ခဲ့ျခင္း ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တစ်ချိန်က ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် မိန်းကလေးဂီတအဖွဲ့ Spice Girl မှ အဖွဲ့ဝင်ဟောင်း Mel B နှင့် ခင်ပွန်းဟောင်း ရုပ်ရှင်ထုတ်လုပ်သူ စတီဖန် ဘယ်လာဖွန်တီတို့သည် အနောက်ဟောလိဝုဒ်နေအိမ်အတွက် ဝယ်လက်ရှာတွေ့သွားပြီ ဖြစ်သည်။
မဲလ်ဘီနှင့် ဘယ်လာဖွန်တီတို့သည် အနောက်ဟောလိဝုဒ်စံအိမ်အတွက် ကန်ဒေါ်လာ ၅ ဒသမ ၅၅ သန်း ရရှိသွားသည်ဟု ဆိုသည်။
အဆိုပါစံအိမ်သည် ၂၀၁၇ ခုနှစ်အတွင်း ၎င်းတို့ဇနီးမောင်နှံကွာရှင်းစဉ်ကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ပြီး ယခင်က မဲလ်ဘီတို့ မျှော်မှန်းခဲ့သည်မှာ ကန်ဒေါ်လာ ၈ ဒသမ ၉ သန်း ဖြစ်သည်။
မဲလ်ဘီတို့ဇနီးမောင်နှံသည် ဆန်ဖာနန်ဒိုတောင်ကြားနေအိမ်ကို ချာလီရှင်း၏ ဇနီးဟောင်း ဘရွတ်ခ် မူလာထံ ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ရောင်းချပြီးနောက် အနောက်ဟောလိဝုဒ်စံအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့သောစံအိမ်ကို မဲလ်ဘီတို့ဇနီးမောင်နှံ ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄ ဒသမ ၃၄ သန်းပေးခဲ့ရသည်။ နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ အသံဖမ်းစတူဒီယို၊ အရက်ဘား၊ ရုပ်ရှင်ပြခန်းနှင့် ဂိမ်းကစားခန်းတို့ ပါဝင်သည်။
၎င်းတို့ လမ်းမခွဲမီက သြစတေးလျနိုင်ငံ၊ ဆစ်ဒနီတွင် နေအိမ်ဝယ်ယူရန် စီစဉ်ခဲ့သေးသည်။
သြစတေးလျတွင် မဲလ်ဘီသည် Dancing With The Stars, X-Factor Australia နှင့် Australia’s Got Talent ရုပ်သံအစီအစဉ်များတွင် ပါဝင်တင်ဆင်နေစဉ် အိမ်ငှားအဖြစ် နေထိုင်ခဲ့ခြင်းဖြစ်သည်။
မဲလ်ဘီတို့ဇနီးမောင်နှံသည် ဆစ်ဒနီမြို့အရှေ့ဘက် ကမ်းခြေဒေသဖြစ်သော Rose Bay တွင် ကန်ဒေါ်လာ ၈ သန်းကျော် တန်ကြေးရှိသည့် penthouse ခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအခန်းသည် ဆစ်ဒနီ၏ နာမည်ကျော်အထင်ကရဖြစ်သော Opera House ကို လှမ်းမျှော်တွေ့မြင်နေရသည့် မြင်ကွင်းကို ပိုင်ဆိုင်ထားသည်။
ယင်းနောက် ဆစ်ဒနီမြို့ အရှေ့ဘက်ကမ်းခြေတွင်ပင်ရှိသော Vaucluse အရပ်ရှိ စံအိမ်တစ်လုံးနှင့် ဝမ့်ဝါ့သ်လမ်းရှိ လူနေခန်းတို့ကိုလည်း ငှားရမ်းနေထိုင်ခဲ့သေးသည်။
“ကျွန်မရဲ့ ကလေးတွေက ကျောင်းတက်ကြတယ်။ ယောကျ်ားဖြစ်သူနဲ့ ကျွန်မကလည်း ဆစ်ဒနီက စားသောက်ဆိုင်တွေအားလုံးနဲ့ လူနေမှုဘဝကို မြတ်နိုးကြပါတယ်”ဟု မဲလ်ဘီက ၂၀၁၃ ခုနှစ်အတွင်း ပြောကြားခဲ့ဖူးသည်။
မဲလ်ဘီ၏ သမီးကြီးသည် Rose Bay အထက်တန်းကျောင်းတွင် ကျောင်းတက်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)