ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္တိုင္းအတြင္းေရေပးေဝမႈကို ပုဂၢလိကသို႔လႊဲေျပာင္းႏိုင္ရန္ ယခုလအတြင္း တင္ဒါေခၚယူမည္ ျဖစ္ေၾကာင္း ဩဂုတ္လ ၁၉ ရက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ျပဳလုပ္ေသာ ရန္ကုန္စည္ပင္သတင္းစာရွင္းလင္းပြဲတြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝင္ ဦးေမာင္ေမာင္စိုးကေျပာသည္။
အစိုးရဝန္ထမ္းႏွင့္ ေရမသမာမႈလုပ္သူအေပးအယူမရွိေစရန္ ပုဂၢလိကထံေပးခ်င္ေၾကာင္း၊ပုဂၢလိကအေနႏွင့္ ေဈးႏႈန္းကန္႔သတ္ၿပီးလုပ္ႏိုင္မႈရွိလွ်င္ ေရအေလအလြင့္နည္းၿပီး ေဈးတတ္သည္ကို ကာကြယ္ေတာင့္ခံထားႏိုင္မည္ျဖစ္ေၾကာင္း၊လူထုအေနႏွင့္လည္း မွန္မွန္ကန္ကန္သုံးစြဲႏိုင္မွာျဖစ္ေၾကာင္း၊ေဈးမတတ္ေစရန္ဟန္႔တားႏိုင္သည့္အတြက္ ပုဂၢလိကစိတ္ဝင္စားသူမ်ားလုပ္ႏိုင္ေစရန္ တင္ဒါအဆိုျပဳလႊာ (EOI) ေခၚမည္ ျဖစ္၍ စိတ္ဝင္စားသူမ်ားေလွ်ာက္ထားႏိုင္ေၾကာင္း ေျပာထားသည္။
ေရခိုးသြယ္မႈမ်ားရွိၿပီး စည္ပင္ဝန္ထမ္းအင္အားျဖင့္ မထိန္းသိမ္းႏိုင္သည့္အတြက္ ေရေလလြင့္မႈ ရာခိုင္ႏႈန္း ၅၀ အထိရွိေၾကာင္း၊ထို႔ေၾကာင့္ ေရေပးေဝမႈကို ပုဂၢလိကသို႔ေပးရန္စီစဥ္ရျခင္းျဖစ္ေၾကာင္း၊ေရျဖန္႔ျဖဴးမႈကို ပုဂၢလိကသို႔လႊဲၿပီး ၿမိဳ႕နယ္၊ရပ္ကြက္အလိုက္ စမ္းသပ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္းေျပာထားသည္။
ရန္ကုန္တိုင္းအတြင္း လက္ရွိေရမီတာေကာက္ခံမႈမွာ အိမ္သုံးတစ္ယူနစ္ ၈၈ က်ပ္ျဖစ္ၿပီး စီးပြားေရးလုပ္ငန္းသုံး တစ္ယူနစ္ ၁၂၀ က်ပ္ျဖစ္ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းအတွင်းရေပေးဝေမှုကို ပုဂ္ဂလိကသို့လွှဲပြောင်းနိုင်ရန် ယခုလအတွင်း တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း ဩဂုတ်လ ၁၉ ရက် ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်သော ရန်ကုန်စည်ပင်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝင် ဦးမောင်မောင်စိုးကပြောသည်။
အစိုးရဝန်ထမ်းနှင့် ရေမသမာမှုလုပ်သူအပေးအယူမရှိစေရန် ပုဂ္ဂလိကထံပေးချင်ကြောင်း၊ပုဂ္ဂလိကအနေနှင့် ဈေးနှုန်းကန့်သတ်ပြီးလုပ်နိုင်မှုရှိလျှင် ရေအလေအလွင့်နည်းပြီး ဈေးတတ်သည်ကို ကာကွယ်တောင့်ခံထားနိုင်မည်ဖြစ်ကြောင်း၊လူထုအနေနှင့်လည်း မှန်မှန်ကန်ကန်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊ဈေးမတတ်စေရန်ဟန့်တားနိုင်သည့်အတွက် ပုဂ္ဂလိကစိတ်ဝင်စားသူများလုပ်နိုင်စေရန် တင်ဒါအဆိုပြုလွှာ (EOI) ခေါ်မည် ဖြစ်၍ စိတ်ဝင်စားသူများလျှောက်ထားနိုင်ကြောင်း ပြောထားသည်။
ရေခိုးသွယ်မှုများရှိပြီး စည်ပင်ဝန်ထမ်းအင်အားဖြင့် မထိန်းသိမ်းနိုင်သည့်အတွက် ရေလေလွင့်မှု ရာခိုင်နှုန်း ၅၀ အထိရှိကြောင်း၊ထို့ကြောင့် ရေပေးဝေမှုကို ပုဂ္ဂလိကသို့ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ရေဖြန့်ဖြူးမှုကို ပုဂ္ဂလိကသို့လွှဲပြီး မြို့နယ်၊ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောထားသည်။
ရန်ကုန်တိုင်းအတွင်း လက်ရှိရေမီတာကောက်ခံမှုမှာ အိမ်သုံးတစ်ယူနစ် ၈၈ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး တစ်ယူနစ် ၁၂၀ ကျပ်ဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com