ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) က ဩဂုတ္ ၂၀ ႏွင့္ ၂၂ ရက္တို႔၌ ရန္ကုန္ၿမိဳ႕တြင္း ၁၅ ၿမိဳ႕နယ္တြင္ အခ်ိန္ပိုင္းဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ခရုိင္ႏွင့္ၿမိဳ႕နယ္မ်ားတြင္ ၆၆ ေကဗီ၊၃၃ ေကဗီ ဓာတ္အားခြဲရုံမ်ား၊ Distribution Transformer မ်ား ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား၊ေရရွည္ ဓာတ္အားတည္ၿငိမ္ျပည့္ဝစြာေပးႏိုင္ေရးအတြက္ ေဟာင္းႏြမ္း၍ ဝန္အားမခံႏိုင္ေတာ့ေသာ ၁၁ ေကဗီ ဓာတ္အားလိုင္းႀကိဳးမ်ားအား လွ်ပ္ကာပါေသာဓာတ္အားလိုင္ႀကိဳးအသစ္မ်ားျဖင့္လဲလွယ္ျခင္းလုပ္ငန္းမ်ားႏွင့္ဓာတ္အားျပတ္ေတာက္မႈေလ်ာ့နည္းက်ဆင္းေစေရးအတြက္သစ္ပင္သစ္ကိုင္းမ်ားခုတ္ထြင္ရွင္လင္းျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ားေဆာင္ရြက္မည့္ ဩဂုတ္ ၂၀ ႏွင့္ ၂၂ ရက္တို႔တြင္ နံနက္ ၉ နာရီမွ မြန္းလြဲ ၁ နာရီ အထိ ဓာတ္အားပိတ္ေဆာင္ရြက္မည္ျဖစ္သည္။
လုပ္ငန္းေဆာင္ရြက္ေနခ်ိန္တြင္ ရန္ကုန္တိုင္းအတြင္းရွိ ေျမာက္ဥကၠလာ၊ေတာင္ဥကၠလာ၊ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ၊ေဒါပုံ၊ပုဇြန္ေတာင္၊ဗိုလ္တေထာင္၊မဂၤလာေတာင္ညြန္႔၊တာေမြ၊သဃၤန္းကၽြန္း၊ရန္ကင္း၊လမ္းမေတာ္၊ လသာ၊မရမ္းကုန္း၊ကမာရြတ္ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္အခ်ိဳ႕တြင္ လုပ္ငန္းေဆာင္ရြက္မည့္ရက္မ်ားအတြင္း အခ်ိန္ပိုင္းဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ရာ လူမႈေရးအခက္အခဲမ်ားေပၚေပါက္ႏိုင္မႈမ်ားအေပၚ နားလည္ခြင့္လႊတ္ေပးပါရန္ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) က အမ်ားျပည္သူသို႔အသိေပးေၾကညာထားသည္။
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဩဂုတ် ၂၀ နှင့် ၂၂ ရက်တို့၌ ရန်ကုန်မြို့တွင်း ၁၅ မြို့နယ်တွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ၆၆ ကေဗီ၊၃၃ ကေဗီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမခံနိုင်တော့သော ၁၁ ကေဗီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသောဓာတ်အားလိုင်ကြိုးအသစ်များဖြင့်လဲလှယ်ခြင်းလုပ်ငန်းများနှင့်ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက်သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်လင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်မည့် ဩဂုတ် ၂၀ နှင့် ၂၂ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီ အထိ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေချိန်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊မြောက်ဒဂုံ၊ တောင်ဒဂုံ၊ဒေါပုံ၊ပုဇွန်တောင်၊ဗိုလ်တထောင်၊မင်္ဂလာတောင်ညွန့်၊တာမွေ၊သင်္ဃန်းကျွန်း၊ရန်ကင်း၊လမ်းမတော်၊ လသာ၊မရမ်းကုန်း၊ကမာရွတ်မြို့နယ်များရှိ ရပ်ကွက်အချို့တွင် လုပ်ငန်းဆောင်ရွက်မည့်ရက်များအတွင်း အချိန် ပိုင်းဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ရာ လူမှုရေးအခက်အခဲများပေါ်ပေါက်နိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အများပြည်သူသို့အသိပေးကြေညာထားသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com