ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဒဂံုေလးျမိဳ႕နယ္နွင့္ လိႈင္သာယာ ၊ ေရႊျပည္သာျမိဳ႕နယ္ မ်ားတြင္ ျပန္လည္ေရာင္းစားခြင့္မျပဳသည့္ တစ္သက္လံုး ေနထိုင္နို္င္မည့္ အိမ္ရာေပါင္း ေျခာက္ေသာင္းေဆာက္လုပ္သြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကေျပာၾကားသည္။
“ေရာင္းစားမလို႕မရပဲတသက္လံုးေနလို့ရမယ္ဆိုတဲ့နိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ လမ္းညြန္မွဳအရအျမန္ဆံုး အေကာင္ထည္ေဖာ္တာျဖစ္တယ္ ျမိဳ႕နယ္တစ္ျမိဳ႕နယ္မွာ တစ္ေသာင္း ေျခာက္ျမိဳ႕နယ္ ေျခာက္ေသာင္းျဖစ္မယ္ ဒီေနရာမွာ လွိဳင္သာယာနဲ႔ေရႊျပည္သာမွာ တစ္ျမိဳ႕နယ္ကို ၂ ေသာင္း ၃ ေသာင္းျဖစ္မယ္ ေျမကြက္အၾကီးၾကီးေတြ စုထားတာမ်ိဳးမၾကိဳက္ဘူး ေရာေနွာေနထိုင္တဲ့လူျဖစ္ခ်င္တယ္ ေလးငါးဧကေလာက္ယူျပီး တန္ဖိုးနည္းေတြ ေဆာက္လုပ္သြားမယ္”ဟု ဦးျဖိဳးမင္းသိန္းကေျပာသည္။
အဆိုပါအိမ္ရာမ်ားကုိ microfiance ေခ်းေငြမ်ားျဖင့္ ၁၀ ဦးတစ္စုနွဳန္းျဖင့္ အဖြဲ႕လိုက္ ေခ်းေငြထုတ္ေပးသြားမည္ ျဖစ္ျပီး ၀ယ္ယူသူကုိယ္တိုင္ လုပ္အားေပးျဖင့္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္ကဆိုသည္။
သိန္း ၂၀၊ သိန္း ၃၀ ျဖင့္ေဆာက္လုပ္ေပးသြားမည္ အိမ္ခန္းမ်ားကုိ ရပ္ကြက္နွင့္ရြာမ်ားနွင့္ သိပ္မေ၀းသည့္ေနရာမ်ားတြင္ ေဆာက္လုပ္သြားမည္ျဖစ္ျပီး ေျမကုိအစိုးရအပုိင္အျဖစ္သတ္မွတ္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွသိရသည္။
၄င္းအိမ္ရာမ်ားသည္ ေက်ာကပ္ေဆာက္လုပ္သြားမည့္ အထပ္နိမ့္အိမ္ရာမ်ားျဖစ္ျပီး လူဦးေရနွင့္လိုအပ္ခ်က္ေပၚမူတည္ကာ ျမိဳ႕နယ္အလိုက္ တစ္ျမိဳ႕နယ္လွ်င္ အိမ္ရာတစ္ေသာင္းမွ နွစ္ေသာင္း သံုးေသာင္းအထိ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ဦးျဖိဳးမင္းသိန္းကေျပာသည္။
တိုင္းအစိုးရအေနျဖင့္ ေနာက္ပုိင္းတြင္ သိန္း ၁၀၀ နွင့္ သိန္း ၁၃၀ ၾကား ငါးထပ္တိုက္ တန္ဖိုးနည္းအိမ္ရာမ်ားကုိ ဆက္လက္ေဆာက္လုပ္သြားမည္ျဖစ္ျပီး က်ဴးေက်ာ္ေနထိုင္သူမ်ား အတည္တက်ေနထိုင္ခြင့္ရရွိပါက အဆိုပါ အိမ္ရာမ်ားကုိထပ္မံ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ဦးျဖိဳးမင္းသိန္းကဆိုသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင် ပြန်လည်ရောင်းစားခွင့်မပြုသည့် တစ်သက်လုံး နေထိုင်နိုင်မည့် အိမ်ရာပေါင်း ခြောက်သောင်းဆောက်လုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားသည်။
“ရောင်းစားမလို့မရပဲတသက်လုံးနေလို့ရမယ်ဆိုတဲ့နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွန်မှုအရအမြန်ဆုံး အကောင်ထည်ဖော်တာဖြစ်တယ် မြို့နယ်တစ်မြို့နယ်မှာ တစ်သောင်း ခြောက်မြို့နယ် ခြောက်သောင်းဖြစ်မယ် ဒီနေရာမှာ လှိုင်သာယာနဲ့ရွှေပြည်သာမှာ တစ်မြို့နယ်ကို ၂ သောင်း ၃ သောင်းဖြစ်မယ် မြေကွက်အကြီးကြီးတွေ စုထားတာမျိုးမကြိုက်ဘူး ရောနှောနေထိုင်တဲ့လူဖြစ်ချင်တယ် လေးငါးဧကလောက်ယူပြီး တန်ဖိုးနည်းတွေ ဆောက်လုပ်သွားမယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။
အဆိုပါအိမ်ရာများကို microfiance ချေးငွေများဖြင့် ၁၀ ဦးတစ်စုနှုန်းဖြင့် အဖွဲ့လိုက် ချေးငွေထုတ်ပေးသွားမည် ဖြစ်ပြီး ဝယ်ယူသူကိုယ်တိုင် လုပ်အားပေးဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။
သိန်း ၂၀၊ သိန်း ၃၀ ဖြင့်ဆောက်လုပ်ပေးသွားမည် အိမ်ခန်းများကို ရပ်ကွက်နှင့်ရွာများနှင့် သိပ်မဝေးသည့်နေရာများတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး မြေကိုအစိုးရအပိုင်အဖြစ်သတ်မှတ်ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
၎င်းအိမ်ရာများသည် ကျောကပ်ဆောက်လုပ်သွားမည့် အထပ်နိမ့်အိမ်ရာများဖြစ်ပြီး လူဦးရေနှင့်လိုအပ်ချက်ပေါ်မူတည်ကာ မြို့နယ်အလိုက် တစ်မြို့နယ်လျှင် အိမ်ရာတစ်သောင်းမှ နှစ်သောင်း သုံးသောင်းအထိ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကပြောသည်။
တိုင်းအစိုးရအနေဖြင့် နောက်ပိုင်းတွင် သိန်း ၁၀၀ နှင့် သိန်း ၁၃၀ ကြား ငါးထပ်တိုက် တန်ဖိုးနည်းအိမ်ရာများကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ပြီး ကျူးကျော်နေထိုင်သူများ အတည်တကျနေထိုင်ခွင့်ရရှိပါက အဆိုပါ အိမ်ရာများကိုထပ်မံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com