ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ျပည္တြင္းေစ်းကြက္၌ အေခါက္ေရႊ (၁၆) ပဲရည္ တစ္က်ပ္သားလွ်င္ က်ပ္ ၁,၂၃၀,၀၀၀ ခန္႔ရွိခဲ့သည္။ကမၻာ့ ေရႊေဈးမွာ ဩဂုတ္ ၁၆ ရက္ေန႔တြင္ တစ္ေအာင္စကို အေမရိကန္ေဒၚလာ ၁၅၁၉ ရွိခဲ့ၿပီး ဩဂုတ္ ၁၉ ရက္ေန႔ တြင္ တစ္ေအာင္စကို အေမရိကန္ေဒၚလာ ၁၅၀၁ ခန္႔ထိေဈးက်သြားခဲ့သည္။
ျပည္တြင္းေရႊေစ်းတြင္ ၾသဂုတ္ ၁၉ ရက္က အေခါက္ေရႊ တစ္က်ပ္သားက်ပ္ ၁,၂၃၁,၀၀၀ ျဖစ္ခဲ့ၿပီး ေဈးကြက္ပိတ္ခ်ိန္တြင္ က်ပ္ ၃,၀၀၀ ခန္႔ က်ဆင္းခဲ့ကာ ၁,၂၂၈,၀၀၀ က်ပ္ျဖစ္ခဲ့ေၾကာင္းေတြ႔ရသည္။
ျပည္တြင္းေရႊေပါက္ေစ်းကို ဖြင့္ရာတြင္ ေစ်းကြက္ဖြင့္သည့္ ကမၻာ့ေရႊေစ်းကို ၁ ဒသမ ၈၇ ျဖင့္ စားကာရရွိလာသည့္ ကိန္းဂဏန္းျဖင့္ ေဒၚလာေငြလဲႏႈန္းျဖင့္ေျမႇာက္ရမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံေရႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ၫႊန္ၾကားခ်က္ထုတ္ထားသည္။
ဩဂုတ္ ၁၉ ရက္က ကမၻာ့ေရႊေစ်း ႏႈန္းတစ္ေအာင္စ ၁၅၀၁ ေဒၚလာ ကို ၁ ဒသမ ၈၇ ျဖင့္စားကာရရွိ လာသည့္ ကိန္းဂဏန္းကို ေဒၚလာေငြလဲႏႈန္း ၁,၅၂၂ ျဖင့္ ေျမႇာက္ပါက ျပည္တြင္းေရႊတစ္က်ပ္သား က်ပ္ ၁,၂၂၁,၀၀၀ ခန္႔ရွိမည္ျဖစ္သည္။
ၾသဂုတ္ ဒုတိယပတ္တြင္ ျမန္မာႏုိင္ငံေရႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ေရႊေစ်းျမႇင့္တင္ေရာင္းခ်ျခင္းမျပဳရန္ႏွင့္ လက္ငင္းေငြေခ်မႈျဖင့္သာ အေရာင္းအ၀ယ္ျပဳလုပ္ရန္ ၫႊန္ၾကားထားသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ (၁၆) ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၁,၂၃၀,၀၀၀ ခန့်ရှိခဲ့သည်။ကမ္ဘာ့ ရွှေဈေးမှာ ဩဂုတ် ၁၆ ရက်နေ့တွင် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅၁၉ ရှိခဲ့ပြီး ဩဂုတ် ၁၉ ရက်နေ့ တွင် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅၀၁ ခန့်ထိဈေးကျသွားခဲ့သည်။
ပြည်တွင်းရွှေဈေးတွင် သြဂုတ် ၁၉ ရက်က အခေါက်ရွှေ တစ်ကျပ်သားကျပ် ၁,၂၃၁,၀၀၀ ဖြစ်ခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် ကျပ် ၃,၀၀၀ ခန့် ကျဆင်းခဲ့ကာ ၁,၂၂၈,၀၀၀ ကျပ်ဖြစ်ခဲ့ကြောင်းတွေ့ရသည်။
ပြည်တွင်းရွှေပေါက်ဈေးကို ဖွင့်ရာတွင် ဈေးကွက်ဖွင့်သည့် ကမ္ဘာ့ရွှေဈေးကို ၁ ဒသမ ၈၇ ဖြင့် စားကာရရှိလာသည့် ကိန်းဂဏန်းဖြင့် ဒေါ်လာငွေလဲနှုန်းဖြင့်မြှောက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်ညွှန်ကြားချက်ထုတ်ထားသည်။
ဩဂုတ် ၁၉ ရက်က ကမ္ဘာ့ရွှေဈေး နှုန်းတစ်အောင်စ ၁၅၀၁ ဒေါ်လာ ကို ၁ ဒသမ ၈၇ ဖြင့်စားကာရရှိ လာသည့် ကိန်းဂဏန်းကို ဒေါ်လာငွေလဲနှုန်း ၁,၅၂၂ ဖြင့် မြှောက်ပါက ပြည်တွင်းရွှေတစ်ကျပ်သား ကျပ် ၁,၂၂၁,၀၀၀ ခန့်ရှိမည်ဖြစ်သည်။
သြဂုတ် ဒုတိယပတ်တွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ရွှေဈေးမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် လက်ငင်းငွေချေမှုဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com