ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ ရိွ လူစည္ကားရာ YBS မွတ္တုိင္မ်ားတြင္ ခရီးသြားျပည္သူမ်ား၀ယ္ယူႏုိင္မည့္ငါးေပအက်ယ္ ေစ်းဆုိင္ခန္းမ်ား ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိးကေျပာသည္။
“ ၾကက္ေျခနီ၊ မသန္စြမ္း၊ ကင္းေထာက္တို႔ကို ေပးဖို႔လ်ာထားတယ္။ ဘယ္သူေတြကိုလည္းေပးသင့္တယ္ဆိုတာ အႀကံျပဳေစခ်င္ပါတယ္။ ဘက္စ္ကားမွတ္တိုင္ေဘးနားမွာ ဆိုင္ခန္းေလး၊ ကြမ္းယာေဆးလိပ္ေတာ့ ေရာင္းခြင့္မေပးဘူးမွန္လံုခန္းေလးေတာ့ေရာင္း၊ ေခတ္မီမီနဲ႔ ေပးမယ္။ မီးအားသြင္းေပါက္ေတြ ထည့္ေပးထားမယ္။ အင္တာနက္ free wifi လႊတ္ေပးမယ္။ လုပ္ခ်င္တဲ့သူလည္းမ်ားတယ္” ဟု ၿမိဳ႕ေတာ္၀န္ကေျပာသည္။
ရန္ကုန္ၿမိဳ႕ရိွ လူစည္ကားရာ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ၅ ေပပတ္လည္ ေစ်းဆိုင္ခန္းငယ္မ်ားဖြင့္လွစ္ေပးရန္ စီစဥ္ထားၿပီး ယင္းဆုိင္ခန္းမ်ားတြင္ ေဆးလိပ္၊ ကြမ္းႏွင့္ အရက္ေသစာမ်ား ေရာင္းခ်ခြင့္ျပဳမည္မဟုတ္ဘဲ အဆာေျပစားေသာက္ႏုိင္မည့္ မုန္႔မ်ဳိးစုံေရာင္းခ်မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ေကာ္မတီ၀င္ (၄) ေဒၚေမေမသြယ္က႐ွင္းျပသည္။
ေစ်းဆုိင္ခန္းမ်ားဖြင့္လွစ္မည့္ မွတ္တုိင္အေရအတြက္မွာ မွတ္တုိင္ေပါင္း ၁၈၀၀ ရိွေနၿပီး ငွားရမ္းမည့္ေစ်းႏႈန္းႏွင့္ပတ္သတ္၍ စိတ္၀င္စားသူမ်ားႏွင့္ ထပ္မံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့ ရှိ လူစည်ကားရာ YBS မှတ်တိုင်များတွင် ခရီးသွားပြည်သူများဝယ်ယူနိုင်မည့်ငါးပေအကျယ် ဈေးဆိုင်ခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။
“ ကြက်ခြေနီ၊ မသန်စွမ်း၊ ကင်းထောက်တို့ကို ပေးဖို့လျာထားတယ်။ ဘယ်သူတွေကိုလည်းပေးသင့်တယ်ဆိုတာ အကြံပြုစေချင်ပါတယ်။ ဘက်စ်ကားမှတ်တိုင်ဘေးနားမှာ ဆိုင်ခန်းလေး၊ ကွမ်းယာဆေးလိပ်တော့ ရောင်းခွင့်မပေးဘူးမှန်လုံခန်းလေးတော့ရောင်း၊ ခေတ်မီမီနဲ့ ပေးမယ်။ မီးအားသွင်းပေါက်တွေ ထည့်ပေးထားမယ်။ အင်တာနက် free wifi လွှတ်ပေးမယ်။ လုပ်ချင်တဲ့သူလည်းများတယ်” ဟု မြို့တော်ဝန်ကပြောသည်။
ရန်ကုန်မြို့ရှိ လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင်များတွင် ၅ ပေပတ်လည် ဈေးဆိုင်ခန်းငယ်များဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး ယင်းဆိုင်ခန်းများတွင် ဆေးလိပ်၊ ကွမ်းနှင့် အရက်သေစာများ ရောင်းချခွင့်ပြုမည်မဟုတ်ဘဲ အဆာပြေစား သောက်နိုင်မည့် မုန့်မျိုးစုံရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် (၄) ဒေါ်မေမေသွယ်ကရှင်းပြသည်။
ဈေးဆိုင်ခန်းများဖွင့်လှစ်မည့် မှတ်တိုင်အရေအတွက်မှာ မှတ်တိုင်ပေါင်း ၁၈၀၀ ရှိနေပြီး ငှားရမ်းမည့်ဈေးနှုန်းနှင့်ပတ်သတ်၍ စိတ်ဝင်စားသူများနှင့် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com