
သီရိငါးမြို့နယ်ရှိ လူနေ အိမ်အဆောက်အအုံများကို အိမ်နံပါတ်များ သတ်မှတ်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
19 Aug 2019 1:15 pm တွင် တင်ခဲ့သည်
1193 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###








### Unicode Version ###

နေပြည်တော် သီရိငါးမြို့နယ်ရှိ လူနေ အိမ်အဆောက်အအုံများကို အိမ်နံပါတ်များ သတ်မှတ်ရန် စီစဉ်နေကြောင်း နိုင်ငံတကာ မြို့ပြများ၏ အိမ်နံပါတ် သတ်မှတ်ခြင်း စနစ်လေ့လာရေးကော်မတီ အစည်းအဝေး အရသိရသည်။

သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် နိုင်ငံတကာ မြို့ပြများ၏ အိမ်နံပါတ် သတ်မှတ်ခြင်း စနစ်လေ့လာရေးကော်မတီအစည်းအဝေးပြုလုပ်ခဲ့ရာ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် လက်ရှိအသုံးပြုနေသည့် နံပါတ်များမှာ မြေကွက်အမှတ်နံပါတ်များသာဖြစ်ကြောင်း၊ ယခုအခါ အိမ်နံပါတ် သတ်မှတ်ရန် စီစဉ်နေကြောင်းသိရသည်။

အိမ်နံပါတ်နှင့် လိပ်စာသတ်မှတ်ခြင်းသည် စာတိုက်လုပ်ငန်းများနှင့်လည်း ဆက်စပ်နေပြီးတိုးတက်လာသည့် ကွန်ပျူတာနည်းပညာ၊ မြေပုံနည်းပညာများနှင့်လည်း လိုက်လျောညီထွေရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အသုံးပြုမယ့်စနစ်ကို ရွေးချယ်အတည်ပြုပြီး နံပါတ်သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် အသစ်ဖွဲ့စည်းထားသည့် သီရိငါး မြို့နယ်ဖြစ်သော ဇမ္ဗူသီရိ၊ဒက္ခိဏသီရိ၊ဥတ္တရသီရိ၊ ပုဗ္ပသီရိ၊ဇေယျာသီရိ မြို့နယ်တို့တွင် အိမ်နံပါတ်များ မသတ်မှတ်ရသေးသော်လည်း ယခင်ကတည်းက ရှိခဲ့သော ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တို့၌ အိမ်နံပါတ်များ သတ်မှတ်ပြီးဖြစ်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnmie Estate
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service