ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ခင္ပြန္းေဟာင္းႏွင့္ ၂ ႏွစ္ခန္႔ ေပါင္းသင္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိ ေနအိမ္ ကန္ေဒၚလာ ၂ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ခင္ပြန္းေဟာင္းႏွင့္ ၂ ႏွစ္ခန္႔ ေပါင္းသင္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိ ေနအိမ္ ကန္ေဒၚလာ ၂ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
19 Aug 2019 12:32 pm တွင် တင်ခဲ့သည်
1648 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မီဂန္မာကယ္လ္သည္ ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီ၏ ၾကင္ယာေတာ္၊ ဆပ္ဆက္စ္ျမိဳ ႔စားကေတာ္ျဖစ္မလာမီက ရုပ္ရွင္သရုပ္ေဆာင္၊ ဘေလာ့ဂါဘဝမ်ားျဖင့္ ျဖတ္သန္းခဲ့၏။

ထိုသို႔ ရုပ္ရွင္သရုပ္ေဆာင္ဘဝျဖင့္ ျဖတ္သန္းေနစဥ္ကာလအတြင္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိျမိဳ ႔ရွိ ေနအိမ္မွာယခုအခါ ကန္ေဒၚလာ ၁ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

မီဂန္မာကယ္သည္ ေလာ့စ္အိန္ဂ်လိေနအိမ္တြင္ ခင္ပြန္းေဟာင္း ထရီေဗာ အင္ဂ်ယ္ဆန္ႏွင့္အတူ ေနထိုင္ခဲ့ျခင္းျဖစ္ျပီး ၎တို႔ႏွစ္ဦး ေပါင္းသင္းေနထိုင္ခဲ့သည့္ကာလမွာ ၂၀၁၁ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ ႔ ဟန္းကြတ္ပါ့ခ္အရပ္တြင္ တည္ရွိျပီး ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ကာ ေနအိမ္အက်ယ္အဝန္း မွာ ၂၂၆၂ စတုရန္းေပရွိသည္။

ေလာ့စ္အိန္ဂ်လိစံအိမ္သည္ ဝင္ဆာရဲတိုက္ၾကီး၏ ျခံဝန္းၾကီးကဲ့သို႔ ေတာ္ဝင္မဆန္ေသာ္လည္း အလြန္ေခတ္မီစြာ ျပင္ဆင္ထားသည့္ အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ကာ Tinseltown မွ ဟုလည္း ေခၚေဝၚၾကေသာ ေဟာလိဝုဒ္မွ ခဲတစ္ပစ္စာ အကြာအေဝးသာ ရွိသည္။

ေအာက္ထပ္တြင္ကား ထူးျခားေသာမီးလင္းဖိုတစ္ခု၊ ခမ္းနားေသာအျဖဴေရာင္ ေဖာင္းရစ္မ်ား၊ ျမင့္မားေသာမ်က္ႏွာၾကက္မ်ားရွိေနရာ ဘုရင္တစ္ပါး (သို႔မဟုတ္) ျမိဳ ႔စားကေတာ္တစ္ဦးအတြက္ သင့္ေလ်ာ္သည့္ေနရာတစ္ခုလည္း ျဖစ္သည္။

ေအာက္ထပ္တစ္ခုလံုးကို သစ္မာသားၾကမ္းခင္းမ်ားခင္းက်င္းထားျပီး စတီးအသံုးအေဆာင္ပစၥည္းမ်ားထည့္သြင္းထားကာ စက်င္ ေက်ာက္ စားပြဲမ်က္ႏွာျပင္မ်ား၊ ေရႊေရာင္ေဖာင္းကြပ္မ်ား၊ နံနက္စာစားရန္ေနရာငယ္အစရွိသည္တို႔ပါဝင္ေသာ မီးဖိုေဆာင္တစ္ခုတို႔ တည္ရွိသည္။

ေနအိမ္ရွိ အိပ္ခန္းအားလံုးမွာ ဒုတိယထပ္တြင္တည္ရွိျပီး အိပ္ခန္း ၄ ခန္းအနက္ ၂ ခန္းတြင္ ကိုယ္ပိုင္ေရခ်ဳိးခန္းမ်ား ပါဝင္သည္။

အထပ္ ၂ ထပ္လံုးမွာ သဘာဝအလင္းေရာင္ အလြန္ေကာင္းမြန္စြာရရွိသည္။ ေနေရာင္ျခည္ေအာက္တြင္ တိုက္ရိုက္ေနစာလံႈလိုသည္ ဆိုပါကလည္း ပန္းဥယ်ာဥ္အတြင္းတြင္ ဟင္းလင္းျပင္းညစာစားရန္ ေနရာတစ္ခု ပါဝင္ေသးသည္။

အသက္ ၃၈ ႏွစ္ရွိျပီျဖစ္ေသာ မီဂန္သည္ အဆိုပါေနအိမ္ကို တခ်ိန္က အင္ဂ်ယ္ဆန္ႏွင့္အတူ ပူးတြဲပိုင္ဆိုင္ခဲ့ျပီး လက္ရွိပိုင္ရွင္မွာ မည္သူ ျဖစ္သည္ကိုမူ မသိရေခ်။

ေတာ္ဝင္မင္းသားဟယ္ရီႏွင့္ မီဂန္တို႔သည္ ေမြးစရင္ေသြးငယ္ အာခ်ီႏွင့္အတူ လက္ရွိအားျဖင့္ ဖေရာ့ဂ်္မိုးရ္စံအိမ္သို႔ ေျပာင္းေရႊ ႔ေနထိုင္လ်က္ရွိသည္။

(အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ https://www.imyanmarhouse.com/news/read/774451 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္)

ဟယ္ရီတို႔ စံုတြဲသည္ အေမရိကန္ျပည္ေထာင္စုသို႔ ေတာ္ဝင္မိသားစုခရီးစဥ္အျဖစ္ တရားဝင္အလည္အပတ္ သြားေရာက္ရန္ စီစဥ္ထားရာ တခ်ိန္က မီဂန္မာကယ္ေျခခ်ခဲ့ရာ ေဟာလိဝုဒ္သို႔လည္း သြားေရာက္လည္ပတ္ရန္ စီစဥ္ထားသည္။

ဟယ္ရီတို႔ စံုတြဲသည္ ေလာ့စ္အိန္ဂ်လိတြင္ ေနအိမ္တစ္လံုးဝယ္ယူရန္လည္း စဥ္းစားလ်က္ရွိျပီး ဝယ္ယူျဖစ္ပါက မီဂန္မာကယ္၏ မိခင္ ဒိုရီယာ ေရဂလန္ႏွင့္ နီးကပ္စြာေနထိုင္ႏိုင္မည္ ျဖစ္သည္။

“မီဂန္ဟာ ေလာ့စ္အိန္ဂ်လိမွာ ေနအိမ္တစ္လံုးလိုခ်င္တာ ေသခ်ာပါတယ္။ သူက ဒီျမိဳ ႔၊ လူေနမႈဘဝနဲ႔ ရာသီဥတုကို ခ်စ္ျမတ္ႏိုးတဲ့သူပါ။ ေနာက္ဆံုးေျပာရရင္ သူက ကယ္လီဖုိးနီးယားသူပါ။ ဒီမွာ သူ႔အတြက္ အသက္ရႈပိုေခ်ာင္ႏိုင္ပါတယ္”ဟု ေတာ္ဝင္စံုတြဲႏွင့္ ရင္းႏွီးသည့္ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မီဂန်မာကယ်လ်သည် ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော်၊ ဆပ်ဆက်စ်မြို့စားကတော်ဖြစ်မလာမီက ရုပ်ရှင်သရုပ်ဆောင်၊ ဘလော့ဂါဘဝများဖြင့် ဖြတ်သန်းခဲ့၏။

ထိုသို့ ရုပ်ရှင်သရုပ်ဆောင်ဘဝဖြင့် ဖြတ်သန်းနေစဉ်ကာလအတွင်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့ရှိ နေအိမ်မှာ ယခုအခါ ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

မီဂန်မာကယ်သည် လော့စ်အိန်ဂျလိနေအိမ်တွင် ခင်ပွန်းဟောင်း ထရီဗော အင်ဂျယ်ဆန်နှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦး ပေါင်းသင်းနေထိုင်ခဲ့သည့်ကာလမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ ဟန်းကွတ်ပါ့ခ်အရပ်တွင် တည်ရှိပြီး ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ နေအိမ်အကျယ်အဝန်း မှာ ၂၂၆၂ စတုရန်းပေရှိသည်။

လော့စ်အိန်ဂျလိစံအိမ်သည် ဝင်ဆာရဲတိုက်ကြီး၏ ခြံဝန်းကြီးကဲ့သို့ တော်ဝင်မဆန်သော်လည်း အလွန်ခေတ်မီစွာ ပြင်ဆင်ထားသည့် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ကာ Tinseltown မှ ဟုလည်း ခေါ်ဝေါ်ကြသော ဟောလိဝုဒ်မှ ခဲတစ်ပစ်စာ အကွာအဝေးသာ ရှိသည်။

အောက်ထပ်တွင်ကား ထူးခြားသောမီးလင်းဖိုတစ်ခု၊ ခမ်းနားသောအဖြူရောင် ဖောင်းရစ်များ၊ မြင့်မားသောမျက်နှာကြက်များရှိနေရာ ဘုရင်တစ်ပါး (သို့မဟုတ်) မြို့စားကတော်တစ်ဦးအတွက် သင့်လျော်သည့်နေရာတစ်ခုလည်း ဖြစ်သည်။

အောက်ထပ်တစ်ခုလုံးကို သစ်မာသားကြမ်းခင်းများခင်းကျင်းထားပြီး စတီးအသုံးအဆောင်ပစ္စည်းများထည့်သွင်းထားကာ စကျင် ကျောက် စားပွဲမျက်နှာပြင်များ၊ ရွှေရောင်ဖောင်းကွပ်များ၊ နံနက်စာစားရန်နေရာငယ်အစရှိသည်တို့ပါဝင်သော မီးဖိုဆောင်တစ်ခုတို့ တည်ရှိသည်။

နေအိမ်ရှိ အိပ်ခန်းအားလုံးမှာ ဒုတိယထပ်တွင်တည်ရှိပြီး အိပ်ခန်း ၄ ခန်းအနက် ၂ ခန်းတွင် ကိုယ်ပိုင်ရေချိုးခန်းများ ပါဝင်သည်။

အထပ် ၂ ထပ်လုံးမှာ သဘာဝအလင်းရောင် အလွန်ကောင်းမွန်စွာရရှိသည်။ နေရောင်ခြည်အောက်တွင် တိုက်ရိုက်နေစာလှုံလိုသည် ဆိုပါကလည်း ပန်းဥယျာဉ်အတွင်းတွင် ဟင်းလင်းပြင်းညစာစားရန် နေရာတစ်ခု ပါဝင်သေးသည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သော မီဂန်သည် အဆိုပါနေအိမ်ကို တချိန်က အင်ဂျယ်ဆန်နှင့်အတူ ပူးတွဲပိုင်ဆိုင်ခဲ့ပြီး လက်ရှိပိုင်ရှင်မှာ မည်သူ ဖြစ်သည်ကိုမူ မသိရချေ။

တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်တို့သည် မွေးစရင်သွေးငယ် အာချီနှင့်အတူ လက်ရှိအားဖြင့် ဖရော့ဂျ်မိုးရ်စံအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/774451 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)

ဟယ်ရီတို့ စုံတွဲသည် အမေရိကန်ပြည်ထောင်စုသို့ တော်ဝင်မိသားစုခရီးစဉ်အဖြစ် တရားဝင်အလည်အပတ် သွားရောက်ရန် စီစဉ်ထားရာ တချိန်က မီဂန်မာကယ်ခြေချခဲ့ရာ ဟောလိဝုဒ်သို့လည်း သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။

ဟယ်ရီတို့ စုံတွဲသည် လော့စ်အိန်ဂျလိတွင် နေအိမ်တစ်လုံးဝယ်ယူရန်လည်း စဉ်းစားလျက်ရှိပြီး ဝယ်ယူဖြစ်ပါက မီဂန်မာကယ်၏ မိခင် ဒိုရီယာ ရေဂလန်နှင့် နီးကပ်စွာနေထိုင်နိုင်မည် ဖြစ်သည်။

“မီဂန်ဟာ လော့စ်အိန်ဂျလိမှာ နေအိမ်တစ်လုံးလိုချင်တာ သေချာပါတယ်။ သူက ဒီမြို့၊ လူနေမှုဘဝနဲ့ ရာသီဥတုကို ချစ်မြတ်နိုးတဲ့သူပါ။ နောက်ဆုံးပြောရရင် သူက ကယ်လီဖိုးနီးယားသူပါ။ ဒီမှာ သူ့အတွက် အသက်ရှုပိုချောင်နိုင်ပါတယ်”ဟု တော်ဝင်စုံတွဲနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service