ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
Double Helix တံတားလို႔ ယခင္ကလူသိမ်ားၿပီး The Helix လို႔ တရားဝင္အမည္ေပးထားတဲ့ Helix တံတားဟာ စကၤာပူရဲ႕ Marina Bay ဧရိယာရွိ Marina South နဲ႔ Marina Centre တို႔ကို ဆက္သြယ္ေပးထားတဲ့ လူကူးတံတားတစ္ခုပဲျဖစ္ပါတယ္။
၂၈၀ မီတာ ရွည္လ်ားၿပီး ၂၀၁၀ ျပည့္ႏွစ္ ဧၿပီ ၂၄ မွာ တရားဝင္ဖြင့္လွစ္ခဲ့ပါတယ္။
Left Handed DNA ပံုစံ ပံုေဖာ္ထားတဲ့ ၎တံတားေပၚက ညဆို အနီေရာင္နဲ႔ အစိမ္းေရာင္ေတြလင္းတဲ့ c ၊ g နဲ႔ a ၊ t ဆိုတဲ့ စာလံုးတြဲႏွစ္စံုဟာ DNA ရဲ႕ အေျခခံ ၄ ခုျဖစ္တဲ့ cytosine၊ guanine၊ adenine နဲ႔ thymine တို႔ပဲ ျဖစ္ပါတယ္။
Left Handed DNA ဆိုတာဟာ ကမာၻေပၚက ပံုမွန္ေတြ႕ေနက် DNA (မ်ဳိးဗီဇလကၡဏာေဆာင္ ဓာတုပစၥည္း) မဟုတ္တဲ့ ပံုမမွန္ DNA တစ္မ်ဳိးပဲျဖစ္ပါတယ္။
The Land Transport Authority ကုန္းလမ္းပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႕ကေတာ့ ဒီတံတားဟာ ကမာၻ႕ပထမဆံုးဗိသုကာနဲ႔စက္မႈပညာေျမာက္တံတားျဖစ္တယ္လို႔ ဆိုပါတယ္။
ဖြင့္လွစ္တဲ့ႏွစ္မွာပဲ ၎တံတားဟာ Architecture Festival Awards ဗိသုကာပြဲေတာ္ဆုေပးပြဲမွာ ကမာၻ႕အေကာင္းဆံုးပို႔ေဆာင္ေရးအေဆာက္အအံုဆုကို ရရွိခဲ့ပါတယ္။
၂၀၁၁ ခုႏွစ္မွာလည္း BCA Design and Engineering Safety Excellence Awards BCA (ဒီဇိုင္းႏွင့္စက္မႈပညာေဘးကင္းထူးခၽြန္မႈဆုေပးပြဲ) မွာ Building and Construction Authority (အေဆာက္အအံုႏွင့္ ေဆာက္လုပ္ေရးအာဏာပိုင္အဖြဲ႕ BCA) ရဲ႕ အသိအမွတ္ျပဳလည္းခံခဲ့ရတယ္လို႔ သိရပါတယ္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
Double Helix တံတားလို့ ယခင်ကလူသိများပြီး The Helix လို့ တရားဝင်အမည်ပေးထားတဲ့ Helix တံတားဟာ စင်္ကာပူရဲ့ Marina Bay ဧရိယာရှိ Marina South နဲ့ Marina Centre တို့ကို ဆက်သွယ်ပေးထားတဲ့ လူကူးတံတားတစ်ခုပဲဖြစ်ပါတယ်။
၂၈၀ မီတာ ရှည်လျားပြီး ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ မှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
Left Handed DNA ပုံစံ ပုံဖော်ထားတဲ့ ၎င်းတံတားပေါ်က ညဆို အနီရောင်နဲ့ အစိမ်းရောင်တွေလင်းတဲ့ c ၊ g နဲ့ a ၊ t ဆိုတဲ့ စာလုံးတွဲနှစ်စုံဟာ DNA ရဲ့ အခြေခံ ၄ ခုဖြစ်တဲ့ cytosine၊ guanine၊ adenine နဲ့ thymine တို့ပဲ ဖြစ်ပါတယ်။
Left Handed DNA ဆိုတာဟာ ကမ္ဘာပေါ်က ပုံမှန်တွေ့နေကျ DNA (မျိုးဗီဇလက္ခဏာဆောင် ဓာတုပစ္စည်း) မဟုတ်တဲ့ ပုံမမှန် DNA တစ်မျိုးပဲဖြစ်ပါတယ်။
The Land Transport Authority ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကတော့ ဒီတံတားဟာ ကမ္ဘာ့ပထမဆုံးဗိသုကာနဲ့စက်မှုပညာမြောက်တံတားဖြစ်တယ်လို့ ဆိုပါတယ်။
ဖွင့်လှစ်တဲ့နှစ်မှာပဲ ၎င်းတံတားဟာ Architecture Festival Awards ဗိသုကာပွဲတော်ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံးပို့ဆောင်ရေးအဆောက်အအုံဆုကို ရရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာလည်း BCA Design and Engineering Safety Excellence Awards BCA (ဒီဇိုင်းနှင့်စက်မှုပညာဘေးကင်းထူးချွန်မှုဆုပေးပွဲ) မှာ Building and Construction Authority (အဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ BCA) ရဲ့ အသိအမှတ်ပြုလည်းခံခဲ့ရတယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)