ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ကမၻာ့ေရႊေဈးျမင့္တတ္မႈႏွင့္အတူလိုက္ပါျမင့္တတ္ေနသည့္ ျမန္မာ့ေရႊေဈးေၾကာင့္ ျမန္မာႏိုင္ငံေရႊလုပ္ငန္းရွင္မ်ား အသင္းက ေရႊအေရာင္းအဝယ္ျပဳလုပ္ရာတြင္ လက္ငင္းေငြေခ်စနစ္ျဖင့္ေရာင္းဝယ္မႈလုပ္ၾကရန္၊ေဈးႏႈန္းျမွင့္တင္ေရာင္းခ်ျခင္းမျပဳလုပ္ရန္ ဩဂုတ္ ၁၃ ရက္ေန႔ကထုတ္ျပန္ထားသည္။
အဆိုပါအေျခအေနေၾကာင့္ ဩဂုတ္လ ၉ ရက္ေန႔က ရန္ကုန္တိုင္းရွိ ကုန္သည္/စက္မႈအသင္းခ်ဳပ္၌ျပဳလုပ္ေသာ ျမန္မာႏိုင္ငံေရႊလုပ္ငန္းရွင္အသင္း ဗဟိုအလုပ္အမႈေဆာင္၊အလုပ္အမႈေဆာင္မ်ားစုံညီအထူးအစည္းအေဝးဆုံးျဖတ္ခ်က္အရ တိုင္းႏွင့္ျပည္နယ္မ်ားမွ ေရႊလုပ္ငန္းရွင္မ်ားအေနႏွင့္ ေရႊအေရာင္းအဝယ္ျပဳလုပ္ရာတြင္ လက္ငင္းေငြေခ်စနစ္ျဖင့္သာ အေရာင္းအဝယ္လုပ္ၾကၿပီး ႏႈတ္ျဖင့္အေရာင္းအဝယ္မျပဳလုပ္ၾကရန္ႏွင့္ေဈးႏႈန္းျမွင့္ တင္ေရာင္းခ်ျခင္းမျပဳလုပ္ၾကရန္ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထိုထုတ္ျပန္ခ်က္ကို ရန္ကုန္၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ စစ္ကုိင္း၊ ကရင္၊ မြန္ႏွင့္ ရွမ္းျပည္နယ္ (ေတာင္၊ ေျမာက္) ေရႊလုပ္ငန္းရွင္မ်ား အသင္းကုိ ၾသဂုတ္ ၁၃ ရက္က အေၾကာင္းၾကားစာမ်ား ေပးပုိ႔ထားသည္။လုိက္နာမႈမရွိသည့္ လုပ္ငန္းရွင္မ်ားအမည္စာရင္းကုိ ၀န္ႀကီးဌာနမ်ားႏွင့္ ရန္ကုန္တုိင္းအစိုးရအဖြဲ႔သို႔ ေပးပုိ႔မည္ျဖစ္ေၾကာင္း သိရသည္။
ကမၻာ့ေရႊေစ်းသည္ ၾသဂုတ္ ၁၀ ရက္က တစ္ေအာင္စ ၁,၄၉၇ ေဒၚလာရွိရာမွ ၾသဂုတ္ ၁၅ ရက္တြင္ တစ္ေအာင္စ ၁,၅၁၃ ေဒၚလာအထိ ျမင့္တက္ခဲ့ၿပီး ဩဂုတ္ ၁၅ ရက္ေန႔က ျပည္တြင္းအေခါက္ေရႊတစ္က်ပ္သားလွ်င္ ၁,၂၂၈,၅၀၀ က်ပ္အထိ ရွိခဲ့လာခဲ့ေၾကာင္းသိရသည္။ွ
ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကမ္ဘာ့ရွှေဈေးမြင့်တတ်မှုနှင့်အတူလိုက်ပါမြင့်တတ်နေသည့် မြန်မာ့ရွှေဈေးကြောင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းက ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်းငွေချေစနစ်ဖြင့်ရောင်းဝယ်မှုလုပ်ကြရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန် ဩဂုတ် ၁၃ ရက်နေ့ကထုတ်ပြန်ထားသည်။
အဆိုပါအခြေအနေကြောင့် ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်းရှိ ကုန်သည်/စက်မှုအသင်းချုပ်၌ပြုလုပ်သော မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်း ဗဟိုအလုပ်အမှုဆောင်၊အလုပ်အမှုဆောင်များစုံညီအထူးအစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းနှင့်ပြည်နယ်များမှ ရွှေလုပ်ငန်းရှင်များအနေနှင့် ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် လက်ငင်းငွေချေစနစ်ဖြင့်သာ အရောင်းအဝယ်လုပ်ကြပြီး နှုတ်ဖြင့်အရောင်းအဝယ်မပြုလုပ်ကြရန်နှင့်ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းမပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်ကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ် (တောင်၊ မြောက်) ရွှေလုပ်ငန်းရှင်များ အသင်းကို သြဂုတ် ၁၃ ရက်က အကြောင်းကြားစာများ ပေးပို့ထားသည်။လိုက်နာမှုမရှိသည့် လုပ်ငန်းရှင်များအမည်စာရင်းကို ဝန်ကြီးဌာနများနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁၀ ရက်က တစ်အောင်စ ၁,၄၉၇ ဒေါ်လာရှိရာမှ သြဂုတ် ၁၅ ရက်တွင် တစ်အောင်စ ၁,၅၁၃ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဩဂုတ် ၁၅ ရက်နေ့က ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၂၂၈,၅၀၀ ကျပ်အထိ ရှိခဲ့လာခဲ့ကြောင်းသိရသည်။ှ
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com