ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အစိုးရကေရာင္းခ်သည့္ တန္ဖိုးသင့္၊တန္ဖိုးနည္းတိုက္ခန္းမ်ားကို စာခ်ဳပ္အတုမ်ားျဖင့္ လိမ္လည္ေရာင္းခ်မႈမ်ားျဖစ္ေပၚေနေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနမွသိသည္။
စည္ပင္သာယာေရးေကာ္မတီက တာဝန္ယူၿပီး ဗိုလ္ဗထူးအိမ္ရာရွိ တန္ဖိုးနည္းအိမ္ရာမ်ားကိုေရာင္းခ်ေပးေနသည္။ယခုအခါ အဆိုပါ တိုက္ခန္းေနထိုင္ခြင့္စာခ်ဳပ္မ်ားကို အိုးအိမ္ဒုတိယဌာနမွဴးလက္မွတ္ျဖင့္ လိမ္လည္ ေရာင္းခ်ေနေၾကာင္း သိရသည္။
စာခ်ဳပ္တြင္ပါေသာ လက္မွတ္ရွင္ဒုတိယဌာနမွဴးမွာ အဆိုပါစာခ်ဳပ္မ်ားတြင္ပါေသာ ေန႔စြဲမ်ားမတိုင္မီ ႏွစ္ကတည္းက အၿငိမ္းစားယူထားေၾကာင္း ကာယကံရွင္ျဖစ္သူ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန ဒုတိယညႊန္ ၾကားေရးမွဴး (ၿငိမ္း) ဦးမင္းေအာင္ကရွင္းျပထားသည္။
ယခုကဲ့သို႔ ျဖစ္ရပ္မ်ိဳး ၂၀၁၅ ခုႏွစ္က လႈိင္သာယာၿမိဳ႕နယ္တြင္ တည္ေဆာက္ထားသည့္ က်န္စစ္မင္း အိမ္ရာေရာင္းခ်မႈတြင္လည္းျဖစ္ပြားခဲ့ဘူးေသးေၾကာင္း၊လိမ္လည္ေရာင္းခ်သူမ်ားသည္ တိုက္ခန္းတန္ဖိုး၏ Down Payment ႏွင့္ အခန္းတန္ဖိုး၏ ရာခိုင္ႏႈန္းအလိုက္ က်ပ္သိန္း ၂၀ မွသိန္း ၅၀ အထိ ပုံစံအမ်ိဳးမ်ိဳးႏွင့္လိမ္လည္ေရာင္းခ်မႈမ်ားရွိေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီး ဌာနထံမွ သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com ### Unicode Version ###
အစိုးရကရောင်းချသည့် တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းများကို စာချုပ်အတုများဖြင့် လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိသည်။
စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီး ဗိုလ်ဗထူးအိမ်ရာရှိ တန်ဖိုးနည်းအိမ်ရာများကိုရောင်းချပေးနေသည်။ယခုအခါ အဆိုပါ တိုက်ခန်းနေထိုင်ခွင့်စာချုပ်များကို အိုးအိမ်ဒုတိယဌာနမှူးလက်မှတ်ဖြင့် လိမ်လည် ရောင်းချနေကြောင်း သိရသည်။
စာချုပ်တွင်ပါသော လက်မှတ်ရှင်ဒုတိယဌာနမှူးမှာ အဆိုပါစာချုပ်များတွင်ပါသော နေ့စွဲများမတိုင်မီ နှစ်ကတည်းက အငြိမ်းစားယူထားကြောင်း ကာယကံရှင်ဖြစ်သူ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး (ငြိမ်း) ဦးမင်းအောင်ကရှင်းပြထားသည်။
ယခုကဲ့သို့ ဖြစ်ရပ်မျိုး ၂၀၁၅ ခုနှစ်က လှိုင်သာယာမြို့နယ်တွင် တည်ဆောက်ထားသည့် ကျန်စစ်မင်း အိမ်ရာရောင်းချမှုတွင်လည်းဖြစ်ပွားခဲ့ဘူးသေးကြောင်း၊လိမ်လည်ရောင်းချသူများသည် တိုက်ခန်းတန်ဖိုး၏ Down Payment နှင့် အခန်းတန်ဖိုး၏ ရာခိုင်နှုန်းအလိုက် ကျပ်သိန်း ၂၀ မှသိန်း ၅၀ အထိ ပုံစံအမျိုးမျိုးနှင့်လိမ်လည်ရောင်းချမှုများရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနထံမှ သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com