ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၁၃ ကြိမ်မြောက် ရင်းနှီးမြှပ်နှံမှုကော်မတီအစည်းအဝေးက ပြည်တွင်းပြည်ပလုပ်ငန်း (၉)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ့လုပ်ငန်းကိုးခုစလုံးမှာ စက်မှုလုပ်ငန်းတွေ အများဆုံပါဝင်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ၂၃၉ သန်း မြန်မာကျပ်ငွေ ၁၆၇၅ သန်း ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါ။
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးရဲ့ ၁၃ ကြိမ်မြောက် ရင်းနှီးမြှပ်နှံမှုကော်မတီအစည်းအဝေးက ပြည်တွင်းပြည်ပလုပ်ငန်း ကိုးခုကိုခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
တစ်ပတ်လျှင်တစ်ကြိမ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်ဥက္ကဌအဖြစ်ပါဝင်ဆောင်ရွက်နေတဲ့ ကော်မတီအစည်းအဝေးကနေ လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို အစည်းအဝေးပေါင်း ၁၃ ကြိမ်ကနေ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ တရုတ် ၊ဟောင်ကောင် ၊မလေးရှားနိုင်ငံတို့က ရင်းနှီးမြှပ်နှံမှုလုပ်ငန်း (၈) ခုနဲ့ နိုင်ငံသားရင်းနှီးမြှပ်နှံမှု (၁)ခု စုစုပေါင်းကိုးခုကိုသြဂုတ်လ ၁၃ ရက် ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်တဲ့အစည်းအဝေးမှာ ခွင့်ပြုခဲ့တာပါ။
ဒီလုပ်ငန်းခွင်တွေစတင်လည်ပတ်ရင်တော့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆ ထောင်နီးပါးလောက် ဖန်တီးပေးနိုင်ဖို့ကော်မတီက မျှော်လင့်ထားတာပါ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com