ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကမၻာ့အဆင့္ ၁ တင္းနစ္ၾကယ္ပြင့္ျဖစ္ေသာ ဆားဗီးယားႏိုင္ငံသား ႏိုဗက္ခ္ ဂ်ဳိကိုဗစ္သည္ ယခုအခါ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္ရွိ ကမၻာေက်ာ္ မီယာမီကမ္းေျခတြင္ တန္ဖိုးၾကီးဇိမ္ခံလူေနခန္းတစ္ခု၌ အပန္းေျဖႏိုင္ေတာ့မည္ ျဖစ္သည္။
အသက္ ၃၂ ႏွစ္ရွိျပီျဖစ္ေသာ ဂ်ဳိကိုဗစ္က မီယာမီကမ္းေျခ Eighty Seven Park ရွိ အိပ္ခန္း ၃ ခန္းပါ လူေနခန္းသစ္တစ္ခန္းကို ကန္ေဒၚလာ ၆ ဒသမ ၇ သန္းျဖင့္ ဝယ္ယူလိုက္ျပီဟု ဆိုသည္။
အခန္းပတ္လည္ ဝရန္တာမ်ား ပါဝင္ေသာေၾကာင့္ ပင္လယ္ရႈေမွ်ာ္ခင္းကို အေျပာက်ယ္စြာ ရႈျမင္ႏိုင္မည့္အျပင္ သီးသန္႔ ေရကူးကန္ ၂ ခုလည္း ပါဝင္ေသးသည္။
ဂ်ဳိကိုဗစ္က ဖေလာ္ရီဒါစံအိမ္ကို သူ၏ အပန္းေျဖရာေနရာသစ္ဟု အမည္ေပးထားျပီး သူႏွင့္ မိသားစုအတြက္ ျပီးျပည့္စံုသည့္လူေနမႈ ဘဝကို ေပးစြမ္းသည့္ေနအိမ္ဟု ထုတ္ေဖာ္ေျပာၾကားသည္။
ဂ်ဳိကိုဗစ္သည္ ဇနီးျဖစ္သူ ဂ်ီလီနာ၊ ကေလး ၂ ဦးျဖစ္ေသာ စတီဖန္၊ တာရာတို႔ႏွင့္အတူ ယခုဇိမ္ခံလူေနခန္းသို႔ ေနာင္တခ်ိန္တြင္ ျပန္လည္လာေရာက္အပန္းေျဖဖြယ္ရွိသည္ကား သံသယျဖစ္ဖြယ္မရွိေခ်။
ဂ်ဳိကိုဗစ္၏ အခန္းတည္ရွိရာ အေဆာက္အအံုမွာ တကိုယ္ေရလံုျခံဳမႈ အလြန္ေကာင္းမြန္သည္။
စုစုေပါင္း ၆၆ ခန္းပါဝင္ျပီး အခန္းအက်ယ္အဝန္းမ်ားမွာ စတုရန္းေပ ၁၄၀၀ မွ ၇၀၀၀ ၾကား အမ်ဳိးမ်ဳိးရွိျပီး အခန္းတိုင္းတြင္ ၁၅ ေပမွ ၂၅ ေပအထိ ရွည္လ်ားေသာ လသာေဆာင္မ်ား ပါဝင္သည္။
အေဆာက္အအံုၾကီးရွိ အခန္းမ်ား၏ တန္ဖုိးမွာ ကန္ေဒၚလာ ၂ ဒသမ ၁ သန္းမွ ၁၃ ဒသမ ၉ သန္းအၾကား အမ်ဳိးမ်ဳိးရွိသည္။
အေဆာက္အအံုအတြင္း ေရကူးကန္ ၂ ခု၊ spa ၊ Enoteca အမည္ရွိ ဝိုင္ဘား၊ ေျမေအာက္ခန္းႏွင့္ သီးသန္႔ စာၾကည့္တိုက္တစ္ခုတို႔လည္း ထည့္သြင္းေပးထားသည္။
“ဒီမွာရွိတဲ့ သူမတူတဲ့ ဝန္ေဆာင္မႈ၊ ပန္းျခံ အထူးအသံုးျပဳခြင့္၊ အိမ္တြင္း ရုကၡေဗဒဥယ်ာဥ္၊ ေျမျပင္နဲ႔ ပင္လယ္ က်ယ္ေျပာတဲ့ျမင္ကြင္းေတြ..ဒါေတြအားလံုးဟာ ကၽြန္ေတာ္နဲ႔ မိသားစုအတြက္ ျပီးျပည့္စံုတဲ့ လူေနမႈဘဝကို ေပးစြမ္းႏိုင္တဲ့အရာေတြ ျဖစ္ပါတယ္”ဟု ဂ်ဳိကိုဗစ္က ေျပာၾကားသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာ့အဆင့် ၁ တင်းနစ်ကြယ်ပွင့်ဖြစ်သော ဆားဗီးယားနိုင်ငံသား နိုဗက်ခ် ဂျိုကိုဗစ်သည် ယခုအခါ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ကမ္ဘာကျော် မီယာမီကမ်းခြေတွင် တန်ဖိုးကြီးဇိမ်ခံလူနေခန်းတစ်ခု၌ အပန်းဖြေနိုင်တော့မည် ဖြစ်သည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဂျိုကိုဗစ်က မီယာမီကမ်းခြေ Eighty Seven Park ရှိ အိပ်ခန်း ၃ ခန်းပါ လူနေခန်းသစ်တစ်ခန်းကို ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းဖြင့် ဝယ်ယူလိုက်ပြီဟု ဆိုသည်။
အခန်းပတ်လည် ဝရန်တာများ ပါဝင်သောကြောင့် ပင်လယ်ရှုမျှော်ခင်းကို အပြောကျယ်စွာ ရှုမြင်နိုင်မည့်အပြင် သီးသန့် ရေကူးကန် ၂ ခုလည်း ပါဝင်သေးသည်။ ဂျိုကိုဗစ်က ဖလော်ရီဒါစံအိမ်ကို သူ၏ အပန်းဖြေရာနေရာသစ်ဟု အမည်ပေးထားပြီး သူနှင့် မိသားစုအတွက် ပြီးပြည့်စုံသည့်လူနေမှု ဘဝကို ပေးစွမ်းသည့်နေအိမ်ဟု ထုတ်ဖော်ပြောကြားသည်။
ဂျိုကိုဗစ်သည် ဇနီးဖြစ်သူ ဂျီလီနာ၊ ကလေး ၂ ဦးဖြစ်သော စတီဖန်၊ တာရာတို့နှင့်အတူ ယခုဇိမ်ခံလူနေခန်းသို့ နောင်တချိန်တွင် ပြန်လည်လာရောက်အပန်းဖြေဖွယ်ရှိသည်ကား သံသယဖြစ်ဖွယ်မရှိချေ။
ဂျိုကိုဗစ်၏ အခန်းတည်ရှိရာ အဆောက်အအုံမှာ တကိုယ်ရေလုံခြုံမှု အလွန်ကောင်းမွန်သည်။
စုစုပေါင်း ၆၆ ခန်းပါဝင်ပြီး အခန်းအကျယ်အဝန်းများမှာ စတုရန်းပေ ၁၄၀၀ မှ ၇၀၀၀ ကြား အမျိုးမျိုးရှိပြီး အခန်းတိုင်းတွင် ၁၅ ပေမှ ၂၅ ပေအထိ ရှည်လျားသော လသာဆောင်များ ပါဝင်သည်။
အဆောက်အအုံကြီးရှိ အခန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းမှ ၁၃ ဒသမ ၉ သန်းအကြား အမျိုးမျိုးရှိသည်။
အဆောက်အအုံအတွင်း ရေကူးကန် ၂ ခု၊ spa ၊ Enoteca အမည်ရှိ ဝိုင်ဘား၊ မြေအောက်ခန်းနှင့် သီးသန့် စာကြည့်တိုက်တစ်ခုတို့လည်း ထည့်သွင်းပေးထားသည်။
“ဒီမှာရှိတဲ့ သူမတူတဲ့ ဝန်ဆောင်မှု၊ ပန်းခြံ အထူးအသုံးပြုခွင့်၊ အိမ်တွင်း ရုက္ခဗေဒဥယျာဉ်၊ မြေပြင်နဲ့ ပင်လယ် ကျယ်ပြောတဲ့မြင်ကွင်းတွေ..ဒါတွေအားလုံးဟာ ကျွန်တော်နဲ့ မိသားစုအတွက် ပြီးပြည့်စုံတဲ့ လူနေမှုဘဝကို ပေးစွမ်းနိုင်တဲ့အရာတွေ ဖြစ်ပါတယ်”ဟု ဂျိုကိုဗစ်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)