ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္ကို ပိုမိုက်ယ္ျပန္႔တဲ့ ၿမိဳ႕ေတာ္ႀကီးျဖစ္ဖို႔ တိုးခ်ဲ႕သြားဖို႔ အစီအစဥ္ေတြရွိတယ္လို႕ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။
လက္ရွိမွာ လႈိင္သာယာ ၊ ေရႊျပည္သာ နဲ႕ဒဂံု ေလးၿမိဳ႕နယ္ ေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုေဆာင္ရြက္ေနၿပီး မၾကာခင္မွာ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ေတာ့မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ရန္ကုန္-ဒလ တံတားတည္ေဆာက္မႈၿပီးစီးသြားပါက ဒလၿမိဳ႕နယ္ ဟာလည္း ဖြံ႕ၿဖိဳးတိုးတက္လာမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ ေနာက္ပိုင္းကာလေတြမွာ ရန္ကုန္ၿမိဳ႕အတြင္း တည္ေဆာက္ေရးလုပ္ငန္းေတြဟာ အၿမဲတမ္းေဆာင္ရြက္ေနရမွာျဖစ္ၿပီး အေရးႀကီးလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီလို ေဆာက္လုပ္ေရး လုပ္ငန္းေတြကို လုပ္ေဆာင္ႏိုင္ဖို႔ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ထံုးလုပ္နည္း ဥပေဒေတြအတိုင္း ေဆာင္ရြက္ရမွာျဖစ္တယ္လို႔ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။
ေနာက္ပိုင္းကာလေတြမွာ ရန္ကုန္တိုင္း အတြင္းတည္ေဆာက္ေရးလုပ္ငန္းေတြကို လြယ္ကူစြာေဆာင္ရြက္ႏိုင္ဖို႔ အပိုင္းလိုက္ ခြင့္ျပဳႏုိင္တဲ့ အေျခအေနေတြကို ၿမိဳ႕နယ္ေတြအလိုက္ ႀကိဳတင္အသိေပးထားတယ္လို႔ ဆိုပါတယ္။
ေဆာက္လုပ္ခြင့္ရ ဇုန္ေတြကိုလည္း သတ္မွတ္ႏိုင္ဖို႔ ေဆာင္ရြက္ေနၿပီး ဖြံ႕ၿဖိဳးေရးဇုန္၊ ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းေရးဇုန္စတဲ့ ဇုန္အလိုက္ သတ္မွတ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဇုန္ေတြကို သတ္မွတ္ၿပီးပါက ဥပေဒ၊ နည္းဥပေဒေတြ ထုတ္ျပန္ႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းရမယ္လို႔ သိရပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်ကို ပိုမိုကျယ်ပြန့်တဲ့ မြို့တော်ကြီးဖြစ်ဖို့ တိုးချဲ့သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
လက်ရှိမှာ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ဒဂုံ လေးမြို့နယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပြီး မကြာခင်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်-ဒလ တံတားတည်ဆောက်မှုပြီးစီးသွားပါက ဒလမြို့နယ် ဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်မြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေဟာ အမြဲတမ်းဆောင်ရွက်နေရမှာဖြစ်ပြီး အရေးကြီးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ဆောက်လုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။
နောက်ပိုင်းကာလတွေမှာ ရန်ကုန်တိုင်းအတွင်းတည်ဆောက်ရေးလုပ်ငန်းတွေကို လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ အပိုင်းလိုက် ခွင့်ပြုနိုင်တဲ့ အခြေအနေတွေကို မြို့နယ်တွေအလိုက် ကြိုတင်အသိပေးထားတယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ခွင့်ရ ဇုန်တွေကိုလည်း သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပြီး ဖွံ့ဖြိုးရေးဇုန်၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဇုန်စတဲ့ ဇုန်အလိုက် သတ်မှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဇုန်တွေကို သတ်မှတ်ပြီးပါက ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်နိုင်ဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့ သိရပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com