ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
၂၀၃၀တြင္ တစ္ႏိုင္ငံလုံး ရာခိုင္ႏႈန္းျပည့္လွ်ပ္စစ္ဓာတ္အားရရွိေရးရည္မွန္းထားၿပီး သုံးစြဲသူျပည္သူမ်ား အေပၚ ေပးရသည့္အခေၾကးေငြႏွင့္ထိုက္တန္ေအာင္ဝန္ေဆာင္မႈေပးရန္လိုအပ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ကေျပာၾကားသည္။
ဩဂုတ္ ၇ ရက္တြင္ေနျပည္ေတာ္ရွိ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ လွ်ပ္စစ္ ဓာတ္အား ရရွိသုံးစြဲေနမႈ ႏွင့္၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း တိုးတတ္သုံးစြဲႏိုင္မႈ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ တိုင္း ေဒသႀကီး၊ ျပည္ နယ္လွ်ပ္စစ္အင္ဂ်င္နီယာမ်ားႏွင့္လုပ္ငန္းညွိႏႈိင္းအစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
ျပည္ေထာင္စုဝန္ႀကီးကေျပာထားရာတြင္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး ရာခိုင္ႏႈန္းျပည့္ လွ်ပ္စစ္ဓာတ္အား ရရွိေရးရည္မွန္းထားသည့္အတြက္ ၁၀ ႏွစ္အတြင္း ရာခိုင္ႏႈန္း ၅၀ ထပ္မံရရွိေရး ဘက္ေပါင္းစုံမွ ႀကိဳ တင္စဥ္းစားေဆာင္ရြက္ထားၾကရန္လိုအပ္ေၾကာင္း၊ျပည္သူ႔ဘ႑ာေငြမ်ားေလလြင့္ဆုံးရႈံးမႈမျဖစ္ေပၚေစေရး အ ေလးထားေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊လွ်ပ္စစ္ဓာတ္အားရရွိေရး စီမံကိန္းလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္လည္း သဘာဝပတ္ဝန္းက်င္ႏွင့္လူမႈပတ္ဝန္းက်င္ ထိခိုက္မႈအနည္ဆုံးျဖင့္ေဆာင္ရြက္ရန္ႏွင့္ ျပည္သူလူထုအား နားလည္သေဘာေပါက္ေအာင္ခ်ျပရွင္းလင္းေဆာင္ရြက္ထားရန္ လိုအပ္ေၾကာင္း၊ရရွိသည့္ဘ႑ာေငြမ်ားျဖင့္ ျပည္သူလူထုအတြက္ လွ်ပ္စစ္မီးရရွိေအာင္ ေဆာင္ရြက္ရာတြင္ အက်ိဳးရွိရွိ စဥ္းစားေဆာင္ရြက္ၾကေစလို ေၾကာင္း၊ျပည္သူလူထု၏ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈမ်ားအေပၚ ေပးရသည့္အခေၾကးေငြႏွင့္ထိုက္တန္သည့္ ဝန္ ေဆာင္မႈမ်ိဳးျဖစ္ရန္ လိုအပ္ေၾကာင္းေျပာထားသည္။
ယခု လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္းသည္ ျပည္သူႏွင့္ အဓိကထိေတြ႔ ဆက္ဆံရသည့္ ဌာနျဖစ္ သည့္အတြက္ ဝန္ေဆာင္မႈေကာင္းရန္လိုအပ္ေၾကာင္း၊ျပည္သူတို႔၏တုံ႔ျပန္မႈ၊ေတာင္းဆိုမႈမ်ားကို အထူးဂရုျပဳ ေဆာင္ရြက္သြားရန္လိုအပ္ေၾကာင္း၊တင္ဒါေဆာင္ရြက္မႈမ်ားတြင္လည္း လုပ္ထုံးလုပ္နည္းႏွင့္အညီ စနစ္တက် မွန္မွန္ကန္ကန္ျဖစ္ေစေရး ေဆာင္ရြက္သြားရန္ လိုအပ္ေၾကာင္း၊တာဝန္ယူမႈတာဝန္ခံမႈ အျပည့္ျဖင့္ေဆာင္ရြက္ ၾကရမည္ျဖစ္ၿပီး အေတြ႔အႀကဳံမ်ားကိုအေျခခံ၍ ျပည္သူလူထုအတြက္ အရည္အေသြးျပည့္ဝၿပီး တည္ၿငိမ္သည့္ လွ်ပ္စစ္ဓာတ္အားမ်ား ျဖန္႔ျဖဴးေပးႏိုင္ေရး ေဆာင္ရြက္သြားၾကရန္ ေျပာၾကားထားသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၂၀၃၀တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့်လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းထားပြီး သုံးစွဲသူပြည်သူများ အပေါ် ပေးရသည့်အခကြေးငွေနှင့်ထိုက်တန်အောင်ဝန်ဆောင်မှုပေးရန်လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားသည်။
ဩဂုတ် ၇ ရက်တွင်နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ပြုလုပ်သော လျှပ်စစ် ဓာတ်အား ရရှိသုံးစွဲနေမှု နှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုးတတ်သုံးစွဲနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တိုင်း ဒေသကြီး၊ ပြည် နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ပြည်ထောင်စုဝန်ကြီးကပြောထားရာတွင် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိရေးရည်မှန်းထားသည့်အတွက် ၁၀ နှစ်အတွင်း ရာခိုင်နှုန်း ၅၀ ထပ်မံရရှိရေး ဘက်ပေါင်းစုံမှ ကြို တင်စဉ်းစားဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ပြည်သူ့ဘဏ္ဍာငွေများလေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အ လေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်ဆုံးဖြင့်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုအား နားလည်သဘောပေါက်အောင်ချပြရှင်းလင်းဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ရရှိသည့်ဘဏ္ဍာငွေများဖြင့် ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရာတွင် အကျိုးရှိရှိ စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း၊ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများအပေါ် ပေးရသည့်အခကြေးငွေနှင့်ထိုက်တန်သည့် ဝန် ဆောင်မှုမျိုးဖြစ်ရန် လိုအပ်ကြောင်းပြောထားသည်။
ယခု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိကထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ် သည့်အတွက် ဝန်ဆောင်မှုကောင်းရန်လိုအပ်ကြောင်း၊ပြည်သူတို့၏တုံ့ပြန်မှု၊တောင်းဆိုမှုများကို အထူးဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊တင်ဒါဆောင်ရွက်မှုများတွင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့်ဆောင်ရွက် ကြရမည်ဖြစ်ပြီး အတွေ့အကြုံများကိုအခြေခံ၍ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားထားသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com