ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္ထံမွ ဩဂုတ္ ၈ ရက္ေန႔တြင္က် ေရာက္ေသာ (၅၂) ႏွစ္ေျမာက္ အာဆီယံေန႔တြင္ ေပးပို႔သည့္သဝဏ္လႊာတြင္ ေနျပည္ေတာ္၊ ရန္ကုန္ ႏွင့္ မႏၲေလး ၿမိဳ႕မ်ားကို အာဆီယံအဆင့္ျမင့္ၿမိဳ့ေတာ္မ်ား ကြန္ရက္အဖြဲ႕ဝင္ၿမိဳ႕မ်ားအျဖစ္ သတ္မွတ္ထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
နိုင္ငံေတာ္သမၼတ၏ သဝဏ္လႊာတြင္ အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ားကြန္ရက္ ေအာင္ျမင္ျဖစ္ထြန္း သည္ကို ျမင္ေတြ႔လိုေၾကာင္း၊ ၿမိဳ႕ေတာ္မ်ားအပါအဝင္ အာဆီယံအဖြဲ႔ဝင္နိုင္ငံအသီးသီးရွိ ၿမိဳ႕ၾကီး ႏွစ္ၿမိဳ႕သုံးၿမိဳ႕စီတို႔ သည္ ေခတ္မီ၍ ေရရွည္ခိုင္ျမဲသည့္ ၿမိဳ့ျပမ်ားဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ အတူတကြ ပူးေပါင္းေဆာင္ရြက္ၾကသည့္ ေနရာ တစ္ခုျဖစ္လာရန္ အာဆီယံအဆင့္ျမင့္ၿမိဳ့ ေတာ္မ်ားကြန္ရက္ကို ထူေထာင္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္ဟု ေဖာ္ ျပထားသည္။ အဓိကရည္ရြယ္ခ်က္မွာ နည္းပညာကို အဓိကေမာင္းႏွင္အားအျဖစ္ အသုံးခ်ၿပီး အာဆီယံျပည္သူအားလုံး၏ လူမႈဘဝ ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေစမည့္ အလားအလာေကာင္းမ်ားကို အတူတကြရွာ ေဖြေဖာ္ထုတ္ရာတြင္လည္းေကာင္း၊အဆင့္ျမင့္ၿမိဳ႕ေတာ္မ်ား ဖြံ႕ျဖိဳးေရးအတြက္ သီးျခားလုပ္ငန္းစဥ္မ်ား ခ်မွတ္ေရးႏွင့္ အာဆီယံအတြက္ ထူးျခားေကာင္းမြန္သည့္ အဆင့္ျမင့္ ၿမိဳ႕ေတာ္မ်ား ေပၚထြန္းေရးအတြက္ မူေဘာင္မ်ား ေရးဆြဲရာတြင္လည္းေကာင္း၊ အာဆီယံအတြင္းရွိ အဆင့္ျမင့္ၿမိဳ႕ေတာ္မ်ား အၾကား ကြန္ရက္ခ်ိတ္ဆက္ျခင္းက အေထာက္အကူ ျပဳနိုင္မည္ျဖစ္ေၾကာင္း သဝဏ္လႊာတြင္ေဖာ္ျပထားသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ဩဂုတ် ၈ ရက်နေ့တွင်ကျ ရောက်သော (၅၂) နှစ်မြောက် အာဆီယံနေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များကို အာဆီယံအဆင့်မြင့်မြို့တော်များ ကွန်ရက်အဖွဲ့ဝင်မြို့များအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အောင်မြင်ဖြစ်ထွန်း သည်ကို မြင်တွေ့လိုကြောင်း၊ မြို့တော်များအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ မြို့ကြီး နှစ်မြို့သုံးမြို့စီတို့ သည် ခေတ်မီ၍ ရေရှည်ခိုင်မြဲသည့် မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် နေရာ တစ်ခုဖြစ်လာရန် အာဆီယံအဆင့်မြင့်မြို့ တော်များကွန်ရက်ကို ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဖော် ပြထားသည်။ အဓိကရည်ရွယ်ချက်မှာ နည်းပညာကို အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး အာဆီယံပြည်သူအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ကြောင်း၊ ထို့ကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အလားအလာကောင်းများကို အတူတကွရှာ ဖွေဖော်ထုတ်ရာတွင်လည်းကောင်း၊အဆင့်မြင့်မြို့တော်များ ဖွံ့ဖြိုးရေးအတွက် သီးခြားလုပ်ငန်းစဉ်များ ချမှတ်ရေးနှင့် အာဆီယံအတွက် ထူးခြားကောင်းမွန်သည့် အဆင့်မြင့် မြို့တော်များ ပေါ်ထွန်းရေးအတွက် မူဘောင်များ ရေးဆွဲရာတွင်လည်းကောင်း၊ အာဆီယံအတွင်းရှိ အဆင့်မြင့်မြို့တော်များ အကြား ကွန်ရက်ချိတ်ဆက်ခြင်းက အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။ အာဆီယံ၏စည်းလုံးမှုအသံကို မြှင့်တင်ပေးရန် ၂၀၁၉ ခုနှစ်ကို အာဆီယံယဉ်ကျေးမှုနှစ်အဖြစ် သတ် မှတ်ထားခြင်းဖြစ်ကြောင်း၊ အာဆီယံအချင်းချင်းကြားတွင်လည်းကောင်း၊ အခြားသော ကမ္ဘာ့နိုင်ငံများနှင့်လည်း ကောင်း၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် အာဆီယံ၏ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ် များကို ကမ္ဘာသိအောင် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com