ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ၾသဂုတ္ပထမပတ္အတြင္း ဗဟိုဘဏ္က ပုဂၢလိကဘဏ္မ်ားထံမွ ေဒၚလာငါးသန္းဖိုး ၀ယ္ယူခဲ့သည္။ စံခ်ိန္တင္ျမင့္တက္လာေသာ ကမၻာ႔ေရႊေစ်းေၾကာင့္ ျပည္တြင္းေငြေၾကးေစ်းကြက္ တည္ၿငိမ္ေစရန္ ၀ယ္ယူခဲ့ေၾကာင္း သိရသည္။
လက္ရိွ ျပည္တြင္းေငြေၾကး ေစ်းကြက္အတြင္း ေဒၚလာတန္ဖိုးသည္ တစ္ေဒၚလာလွ်င္ ၁,၅၁၀ က်ပ္မွ ၁,၅၁၅ က်ပ္အၾကား တည္ၿငိမ္ေနၿပီး ဗဟိုဘဏ္အေနႏွင့္ ၁၅၁၀ က်ပ္ခန္႔ျဖင့္ ဝယ္ယူျခင္းျဖစ္ေၾကာင္းသိသည္။
ဗဟိုဘဏ္ ဒုတိယဥကၠ႒က ဗဟိုဘဏ္က ျပည္တြင္းေငြေၾကးေစ်းကြက္တြင္ ေငြလဲႏႈန္းတည္ၿငိမ္ေရး ကို ဦးတည္ၿပီး ေဒၚလာကို အေရာင္းအ၀ယ္ျပဳလုပ္ေပးျခင္းျဖစ္ေၾကာင္း ေျပာထားသည္။
ဗဟိုဘဏ္အေနႏွင့္ ဇူလိုင္လဆန္းကလည္း ေစ်းကြက္ေပါက္ေစ်းျဖင့္ ပုဂၢလိကဘဏ္မ်ားထံမွ ေဒၚလာ ၁၀ သန္းကို ဝယ္ယူခဲ့ေသးသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
သြဂုတ်ပထမပတ်အတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာငါးသန်းဖိုး ဝယ်ယူခဲ့သည်။ စံချိန်တင်မြင့်တက်လာသော ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်စေရန် ဝယ်ယူခဲ့ကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၅၁၀ ကျပ်မှ ၁,၅၁၅ ကျပ်အကြား တည်ငြိမ်နေပြီး ဗဟိုဘဏ်အနေနှင့် ၁၅၁၀ ကျပ်ခန့်ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်းသိသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဗဟိုဘဏ်က ပြည်တွင်းငွေကြေးဈေးကွက်တွင် ငွေလဲနှုန်းတည်ငြိမ်ရေး ကို ဦးတည်ပြီး ဒေါ်လာကို အရောင်းအဝယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောထားသည်။ ဗဟိုဘဏ်အနေနှင့် ဇူလိုင်လဆန်းကလည်း ဈေးကွက်ပေါက်ဈေးဖြင့် ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာ ၁၀ သန်းကို ဝယ်ယူခဲ့သေးသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com