ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
တန္ဖိုးနည္းတိုက္ခန္း ၁၀၀၀ ခန္႔ကို ႏွစ္သုတ္ခြဲၿပီး ဒုတိယအသုတ္အျဖစ္ မဲႏႈိက္ေရာင္းခ်ရာတြင္ ထက္ဝက္ေက်ာ္သာ ေရာင္းခ်နိုင္ၿပီး ျပည္သူအမ်ားစု ကနဦးေပးသြင္းေငြ ရာခိုင္ႏႈန္း ၃၀ ေပးသြင္းရန္ပင္ ခက္ခဲေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ႀကီးၾကပ္မႈေကာ္မတီမွ သိရသည္။
တန္ဖိုးနည္းတိုက္ခန္းမ်ား၏တန္ဖိုးမွာ က်ပ္ သိန္း ၉၀၊ ၁၀၀ ခန႔္ရွိေၾကာင္းသိရသည္။ေကာ္မတီအေနႏွင့္ အမွန္တကယ္ေနထိုင္သူမ်ားလက္ထဲေရာက္ေအာင္ လူတန္းစားအဆင့္ဆင့္ကိုေလ့လာၿပီး တစ္ႏွစ္ေက်ာ္အတြင္း ႏွစ္ႀကိမ္ေရာင္းခ်ေပးသည့္တိုင္ ရာခိုင္ႏႈန္း ၅၀ အထက္သာ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။
အခ်ိဳ႕ေသာ အိမ္ဝယ္ယူလိုသူမ်ားမွာ ေငြကိုပုံမွန္ေပးသြင္းရန္ ကန႔္သတ္ခ်က္မ်ား ရွိေနေၾကာင္း၊က်န္ တိုက္ခန္း ၄၅ ရာခိုင္ႏႈန္းခန္႔ကို ေရာင္းကုန္ေအာင္မထုတ္ႏိုင္ေသးေၾကာင္း သိရသည္။
ဇြန္ ၄ ရက္က ရန္ကုန္ၿမိဳ႕ ရွိ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာန၌ တန္ဖိုးနည္း၊ တန္ဖိုးသင့္အိမ္ရာမ်ား ဝယ္ယူနိုင္ရန္ ကနဦးေပးသြင္းေငြ (Down Payment) ကို တန္ဖိုးနည္းအိမ္ခန္းအတြက္ ရာခိုင္ႏႈန္း ၂၀၊ တန္ဖိုးသင့္အိမ္ခန္းအတြက္ ရာခိုင္ႏႈန္း ၃၀ ေပးသြင္း၍ အတိုးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ေခ်းေငြကာလ ၁၅ ႏွစ္ျဖင့္ အိမ္ခန္းေပါင္း ၃၂၅ ခန္းကို ဒုတိယအသုတ္အျဖစ္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။
တန္ဖိုးနည္းႏွင့္ တန္ဖိုးသင့္ အိမ္ခန္းမ်ားအား အိမ္ရာလိုအပ္ခ်က္ရွိသူ ဝင္ေငြနည္းႏွင့္ ဝင္ေငြအလယ္အလတ္ရွိ ျပည္သူမ်ားအတြက္ မဲႏႈိက္ေရာင္းခ်ရာတြင္ အိမ္ခန္းမ်ားကို အေက်သြင္းစနစ္၊ ဘဏ္ေခ်းေငြစနစ္တို႔ ျဖင့္ ႏွစ္သက္ရာဝယ္ယူနိုင္ေၾကာင္း၊ ေဆာက္လုပ္ေရး အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ ခ်ိတ္ဆက္၍ ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရး ႀကီးၾကပ္မႈ ေကာ္မတီကို ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရ၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရး အိမ္ရာႏွင့္ အေျခခံ အေဆာက္အအုံ ဖြံ႕ျဖိဳးေရးဘဏ္ တိုျ႔ဖင့္ ပါဝင္ဖြဲ႕စည္းထားေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တန်ဖိုးနည်းတိုက်ခန်း ၁၀၀၀ ခန့်ကို နှစ်သုတ်ခွဲပြီး ဒုတိယအသုတ်အဖြစ် မဲနှိုက်ရောင်းချရာတွင် ထက်ဝက်ကျော်သာ ရောင်းချနိုင်ပြီး ပြည်သူအများစု ကနဦးပေးသွင်းငွေ ရာခိုင်နှုန်း ၃၀ ပေးသွင်းရန်ပင် ခက်ခဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
တန်ဖိုးနည်းတိုက်ခန်းများ၏တန်ဖိုးမှာ ကျပ် သိန်း ၉၀၊ ၁၀၀ ခန့်ရှိကြောင်းသိရသည်။ကော်မတီအနေနှင့် အမှန်တကယ်နေထိုင်သူများလက်ထဲ ရောက်အောင် လူတန်းစားအဆင့်ဆင့်ကိုလေ့လာပြီး တစ်နှစ်ကျော်အတွင်း နှစ်ကြိမ်ရောင်းချပေးသည့်တိုင် ရာခိုင်နှုန်း ၅၀ အထက်သာ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
အချို့သော အိမ်ဝယ်ယူလိုသူများမှာ ငွေကိုပုံမှန်ပေးသွင်းရန် ကန့်သတ်ချက်များ ရှိနေကြောင်း၊ကျန် တိုက်ခန်း ၄၅ ရာခိုင်နှုန်းခန့်ကို ရောင်းကုန်အောင်မထုတ်နိုင်သေးကြောင်း သိရသည်။
ဇွန် ၄ ရက်က ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူနိုင်ရန် ကနဦးပေးသွင်းငွေ (Down Payment) ကို တန်ဖိုးနည်းအိမ်ခန်းအတွက် ရာခိုင်နှုန်း ၂၀၊ တန်ဖိုးသင့်အိမ်ခန်းအတွက် ရာခိုင်နှုန်း ၃၀ ပေးသွင်း၍ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ချေးငွေကာလ ၁၅ နှစ်ဖြင့် အိမ်ခန်းပေါင်း ၃၂၅ ခန်းကို ဒုတိယအသုတ်အဖြစ် ရောင်းချခဲ့ခြင်းဖြစ်သည်။
တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ခန်းများအား အိမ်ရာလိုအပ်ချက်ရှိသူ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများအတွက် မဲနှိုက်ရောင်းချရာတွင် အိမ်ခန်းများကို အကျေသွင်းစနစ်၊ ဘဏ်ချေးငွေစနစ်တို့ ဖြင့် နှစ်သက်ရာဝယ်ယူနိုင်ကြောင်း၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှု ကော်မတီကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် တိုြ့ဖင့် ပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com