ကမၻာေက်ာ္အဆိုေတာ္ Seal က ကယ္လီဖိုးနီးယားေတာမီးၾကီးေလာင္ကၽြမ္းခဲ့ရာ မာလီဘူးအရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ

ကမၻာေက်ာ္အဆိုေတာ္ Seal က ကယ္လီဖိုးနီးယားေတာမီးၾကီးေလာင္ကၽြမ္းခဲ့ရာ မာလီဘူးအရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
8 Aug 2019 12:15 pm တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္အဆိုေတာ္ Seal ၏ အမည္ရင္းမွာ ဟင္နရီ အိုလူစီဂန္ ေအဒီအိုလာ ဆင္ျမဴရယ္ျဖစ္ျပီး ၁၉၆၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္တြင္ ေမြးဖြားသည္။

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕၊ ပက္ဒင္တန္အရပ္တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ျပီး အဆိုေတာ္၊ ေတးေရးဘဝျဖင့္ ရပ္တည္သည္။

ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ ခ်ပ္ေရ သန္း ၂၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္သည္။

၁၉၉၁ ခုႏွစ္တြင္ ထုတ္ေဝခဲ့ေသာ "Crazy" သီခ်င္းျဖင့္ ႏိုင္ငံတကာတြင္ ပထမဆံုး စတင္ေအာင္ျမင္မႈရခဲ့သည္။

၁၉၉၄ ခုႏွစ္တြင္ သီဆိုခဲ့သည့္ "Kiss from a Rose" မွာမူ သူ၏ အေအာင္ျမင္ဆံုးသီခ်င္းျဖစ္ခဲ့ျပီး ျမန္မာႏိုင္ငံတြင္လည္း အဆိုေတာ္ ေလးျဖဴက “ႏွင္းဆီဝကၤပါ”ဟူေသာအမည္ျဖင့္ ျပန္လည္သီဆိုခဲ့သည္။

ဂီတသက္တမ္းတစ္ေလွ်ာက္ ဆုတံဆိပ္မ်ားစြာရရွိခဲ့ျပီး Brit Awards ၃ ဆု၊ ၁၉၉၂ ခုႏွစ္အတြက္ Best British Male ဆု၊ ဂီတအကယ္ဒမီဟု တင္စားၾကေသာ ဂရမ္မီဆု ၄ ၾကိမ္၊ MTV Video Music Award ၁ ၾကိမ္တို႔ ပါဝင္သည္။

အသက္ ၅၆ ႏွစ္ရွိျပီျဖစ္ေသာ Seal ဝယ္ယူလိုက္ေသာ စံအိမ္မွာ ကယ္လီဖိုးနီးယားျပည္နယ္၊ တိုပန္ဂါအရပ္၊ ေတာမီးၾကီး ေလာင္ကၽြမ္းခံခဲ့ရေသာ မာလီဘူးအရပ္တြင္ တည္ရွိသည္။

ႏွစ္ထပ္ေနအိမ္ျဖစ္ျပီး master bedroom ၄ ခန္း၊ ျပန္လည္ျပဳျပင္ထားျပီးျဖစ္သည့္ ေရခ်ဳိးခန္း ၅ ခန္းတို႔ ပါဝင္သည္။

သဘာဝအလွတရားမ်ား ၾကြယ္ဝသည့္ေနရာတစ္ခုျဖစ္ျပီး လွပသည့္ရႈေမွ်ာ္ခင္းမ်ားၾကည့္ရႈႏိုင္မည့္ သီးသန္႔လူသြားလမ္းကေလးမ်ား မ်ားစြာ ပါဝင္သည္။

ဆီးလ္သည္ အိမ္ျခံေျမႏွင့္စပ္လ်ဥ္းျပီး အျမင္ရွိသူတစ္ဦးျဖစ္ျပီး ယခင္ကလည္း ဘီဗာလီေဟးလ္အရပ္တြင္ အလြန္ခမ္းနားသည့္ ေတာင္ထိပ္ေနအိမ္ၾကီးတစ္လံုးကို ပိုင္ဆိုင္ခဲ့ဖူးျပီး ဇနီးေဟာင္း Heidi Klum ႏွင့္အတူ ေနထိုင္ခဲ့ဖူးသည္။

၎တို႔ဇနီးေမာင္ႏွံသည္ အဆိုပါစံအိမ္ကို ၂၀၀၆ ခုႏွစ္တြင္ နစ္ခ္ လာေခ်ထံ ကန္ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘရန္႔ဝုဒ္အရပ္တြင္ ေနအိမ္တစ္လံုးျပန္လည္ဝယ္ယူခဲ့သည္။

ယင္းေနာက္ ၂၀၁၄ ခုႏွစ္တြင္ လင္မယားကြာရွင္းျပတ္စဲရန္ စီစဥ္ေနစဥ္ကာလအတြင္း ဘရန္႔ဝုဒ္ေနအိမ္ကို ကန္ေဒၚလာ ၂၄ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

ဆီးလ္သည္ ဂီတေလာကတြင္ အေက်ာ္အေမာ္တစ္ဦးအျဖစ္ ဆယ္စုႏွစ္ ၂ ခုေက်ာ္ ျဖတ္သန္းခဲ့ျပီး ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော်အဆိုတော် Seal ၏ အမည်ရင်းမှာ ဟင်နရီ အိုလူစီဂန် အေဒီအိုလာ ဆင်မြူရယ်ဖြစ်ပြီး ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မွေးဖွားသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ပက်ဒင်တန်အရပ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး အဆိုတော်၊ တေးရေးဘဝဖြင့် ရပ်တည်သည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ချပ်ရေ သန်း ၂၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော "Crazy" သီချင်းဖြင့် နိုင်ငံတကာတွင် ပထမဆုံး စတင်အောင်မြင်မှုရခဲ့သည်။

၁၉၉၄ ခုနှစ်တွင် သီဆိုခဲ့သည့် "Kiss from a Rose" မှာမူ သူ၏ အအောင်မြင်ဆုံးသီချင်းဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုတော် လေးဖြူက “နှင်းဆီဝင်္ကပါ”ဟူသောအမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။

ဂီတသက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာရရှိခဲ့ပြီး Brit Awards ၃ ဆု၊ ၁၉၉၂ ခုနှစ်အတွက် Best British Male ဆု၊ ဂီတအကယ်ဒမီဟု တင်စားကြသော ဂရမ်မီဆု ၄ ကြိမ်၊ MTV Video Music Award ၁ ကြိမ်တို့ ပါဝင်သည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သော Seal ဝယ်ယူလိုက်သော စံအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ တိုပန်ဂါအရပ်၊ တောမီးကြီး လောင်ကျွမ်းခံခဲ့ရသော မာလီဘူးအရပ်တွင် တည်ရှိသည်။

နှစ်ထပ်နေအိမ်ဖြစ်ပြီး master bedroom ၄ ခန်း၊ ပြန်လည်ပြုပြင်ထားပြီးဖြစ်သည့် ရေချိုးခန်း ၅ ခန်းတို့ ပါဝင်သည်။

သဘာဝအလှတရားများ ကြွယ်ဝသည့်နေရာတစ်ခုဖြစ်ပြီး လှပသည့်ရှုမျှော်ခင်းများကြည့်ရှုနိုင်မည့် သီးသန့်လူသွားလမ်းကလေးများ များစွာ ပါဝင်သည်။

ဆီးလ်သည် အိမ်ခြံမြေနှင့်စပ်လျဉ်းပြီး အမြင်ရှိသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း ဘီဗာလီဟေးလ်အရပ်တွင် အလွန်ခမ်းနားသည့် တောင်ထိပ်နေအိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခဲ့ဖူးပြီး ဇနီးဟောင်း Heidi Klum နှင့်အတူ နေထိုင်ခဲ့ဖူးသည်။

၎င်းတို့ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကို ၂၀၀၆ ခုနှစ်တွင် နစ်ခ် လာချေထံ ကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချခဲ့ပြီး လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်တွင် နေအိမ်တစ်လုံးပြန်လည်ဝယ်ယူခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ်တွင် လင်မယားကွာရှင်းပြတ်စဲရန် စီစဉ်နေစဉ်ကာလအတွင်း ဘရန့်ဝုဒ်နေအိမ်ကို ကန်ဒေါ်လာ ၂၄ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ဆီးလ်သည် ဂီတလောကတွင် အကျော်အမော်တစ်ဦးအဖြစ် ဆယ်စုနှစ် ၂ ခုကျော် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service