စည္ပင္ပိုင္အိမ္ခန္းမ်ားကို အိုး/အိမ္တံဆိပ္ပါ ရံုးစာအတုျဖင့္ လိမ္ေရာင္း

စည္ပင္ပိုင္အိမ္ခန္းမ်ားကို အိုး/အိမ္တံဆိပ္ပါ ရံုးစာအတုျဖင့္ လိမ္ေရာင္း - Property News in Myanmar from iMyanmarHouse.com
7 Aug 2019 1:01 pm တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) က တည္ေဆာက္ေရာင္းခ်သည့္ ဗိုလ္ဗထူးတန္ဖိုးမွ်တ အိမ္ရာစီမံကိန္းရွိ အိမ္ခန္းမ်ားကို ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန တံဆိပ္ပါ ရံုးစာအတုမ်ားျဖင့္ လိမ္လည္ေရာင္းခ်ေနေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနထံမွ သိရွိရသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုရံုး ေနျပည္ေတာ္ဟု ေရးသားထားသည့္ ရံုးစာတြင္ ေဒၚျမတ္ေလးက YCDC ပိုင္အိမ္ရာျဖစ္ေသာ ဗိုလ္ဗထူးအိမ္ရာ(၁) ႏွင့္ (၂) ရွိ အခန္း ၁၄၂ ခန္းကို ကိုယ္စားလွယ္ရယူထားေၾကာင္းေရးသားထားကာ ထိုရံုးအစာအတုျဖင့္ တစ္ဆင့္ျပန္လည္ ေရာင္းခ်ျခင္းျဖစ္သည္။

ယင္းရံုးစာအတုတြင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနမွ အၿမဲတမ္းအတြင္းဝန္၊ ညႊန္ၾကားေရးမွဴးႏွင့္ ဒုတိယညႊန္ၾကားေရးမွဴး လက္မွတ္အတုမ်ား ေဖာ္ျပထားေၾကာင္း ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ျဖိဳးေရး ဦးစီဌာနထံမွသိရွိရသည္။

ထို႕ျပင္ ဗိုလ္ဗထူးအိမ္ရာ ဝယ္ယူခြင့္ျပဳေၾကာင္းႏွင့္ ေငြသြင္းၿပီးစီးေၾကာင္း ရံုးစာအတုတြင္ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ျဖိဳးေရး ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး (ၿငိမ္း) ဦးမင္းေအာင္ေအး အမည္ႏွင့္လက္မွတ္တို႔ကိုေဖာ္ျပထားသည္။

“လက္မွတ္ကလည္း တို႔လက္မွတ္လည္းမဟုတ္ဘူး။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေရာင္းတဲ့အိမ္ေတြ ငါတို႔နဲ႔လည္းမဆိုင္ဘူးေလ။ အဲဒါကို ဒီမွာေဆာက္လုပ္ေရးဝန္ႀကီးဌာနရဲ့ Logo (တံဆိပ္) ေတြပါတယ္။ ရံုးတံဆိပ္ေတြ အတုလုပ္ထားတယ္"ဟု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး (ၿငိမ္း) ဦးမင္းေအာင္ေအး က ရွင္းျပသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေနထိုင္သူအမ်ားစုကို ဗိုလ္ဗထူးအိမ္ရာရွိ အိမ္ခန္းမ်ား လိမ္လည္ေရာင္းခ်ခဲ့ျခင္း ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႔ထံသို႔ တင္ျပကာ ေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ဒဂံုၿမိဳ႔သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ရွိ ဗိုလ္ဗထူးတန္ဖိုးမွ်တအိမ္ရာစီမံကိန္း အပိုင္း (၁)ႏွင့္ (၂) ကို YCDC ႏွင့္ Myanmar V-Pile ကုမၸဏီက ၂၀၁၅ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါအိမ္ရာရွိ အိမ္ခန္းမ်ားကို က်ပ္သိန္း ၂၈၀ ေက်ာ္မွ က်ပ္သိန္း ၃၇၀ ေက်ာ္သတ္မွတ္ကာ အရစ္က်စနစ္ျဖင့္ YCDC က မဲႏႈိက္ေရာင္းခ်ေပးခဲ့သည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က တည်ဆောက်ရောင်းချသည့် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းရှိ အိမ်ခန်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တံဆိပ်ပါ ရုံးစာအတုများဖြင့် လိမ်လည်ရောင်းချနေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနထံမှ သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရုံး နေပြည်တော်ဟု ရေးသားထားသည့် ရုံးစာတွင် ဒေါ်မြတ်လေးက YCDC ပိုင်အိမ်ရာဖြစ်သော ဗိုလ်ဗထူးအိမ်ရာ(၁)နှင့် (၂) ရှိ အခန်း ၁၄၂ ခန်းကို ကိုယ်စားလှယ်ရယူထားကြောင်းရေးသားထားကာ ထိုရုံးအစာအတုဖြင့် တစ်ဆင့်ပြန်လည် ရောင်းချခြင်းဖြစ်သည်။

ယင်းရုံးစာအတုတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး လက်မှတ်အတုများ ဖော်ပြထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီဌာနထံမှသိရှိရသည်။

ထို့ပြင် ဗိုလ်ဗထူးအိမ်ရာ ဝယ်ယူခွင့်ပြုကြောင်းနှင့် ငွေသွင်းပြီးစီးကြောင်း ရုံးစာအတုတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးမင်းအောင်အေး အမည်နှင့်လက်မှတ်တို့ကိုဖော်ပြထားသည်။

“လက်မှတ်ကလည်း တို့လက်မှတ်လည်းမဟုတ်ဘူး။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရောင်းတဲ့အိမ်တွေ ငါတို့နဲ့လည်းမဆိုင်ဘူးလေ။ အဲဒါကို ဒီမှာဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ Logo (တံဆိပ်) တွေပါတယ်။ ရုံးတံဆိပ်တွေ အတုလုပ်ထားတယ်"ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးမင်းအောင်အေး က ရှင်းပြသည်။

ပြင်ဦးလွင်မြို့နယ်တွင် နေထိုင်သူအများစုကို ဗိုလ်ဗထူးအိမ်ရာရှိ အိမ်ခန်းများ လိမ်လည်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြကာ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း အပိုင်း (၁)နှင့် (၂) ကို YCDC နှင့် Myanmar V-Pile ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအိမ်ရာရှိ အိမ်ခန်းများကို ကျပ်သိန်း ၂၈၀ ကျော်မှ ကျပ်သိန်း ၃၇၀ ကျော်သတ်မှတ်ကာ အရစ်ကျစနစ်ဖြင့် YCDC က မဲနှိုက်ရောင်းချပေးခဲ့သည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service