ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဝိန္းရြန္နီသည္ တခ်ိန္က ျမန္မာေဘာလံုးပရိသတ္တို႔၏ အသည္းေက်ာ္ျဖစ္ခဲ့ဖူးျပီး လက္ရွိတြင္မူ အေမရိကန္ ေမဂ်ာလိဂ္တြင္ ကစားလ်က္ရွိေနသည္။
ေနအိမ္အတြင္း အိပ္ခန္း ၆ ခန္း ပါဝင္ျပီး အခန္းအားလံုးမွာ master bedroom မ်ားျဖစ္ရာ ၎တို႔၏ သား ၄ ဦးကို ထားရွိႏိုင္ရန္ လံုေလာက္သည္။
၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လအတြင္း ေဖာက္ထြင္းသမားတို႔က ေနအိမ္ေဖာက္ထြင္းျခင္း ခံရျပီးေနာက္ပိုင္း ဝိန္းႏွင့္ ေကာလင္းတို႔က ယခင္ေနအိမ္မွ ေျပာင္းေရႊ႕ရန္ စီစဥ္ခဲ့ၾကျခင္း ျဖစ္သည္။
လက္ရွိအားျဖင့္ ဝိန္းရြန္နီသည္ အေမရိကန္ျပည္ေထာင္စုရွိ DC United ေဘာလံုးကလပ္အသင္းတြင္ ၃ ႏွစ္ခြဲစာခ်ဳပ္ျဖင့္ ပါဝင္ကစားေနသည္။
အသက္ ၃၃ ႏွစ္ရွိျပီျဖစ္ေသာ ဝိန္းရြန္နီသည္ ေဘာလံုးေလာကမွ အနားယူပါက ယခုစံအိမ္ကို ပင္မေနအိမ္အျဖစ္ အသံုးျပဳကာ ေနထိုင္သြားမည္ဟု ဆိုသည္။
ပင္မေနအိမ္၏ ေဘးတြင္ကပ္လ်က္တည္ရွိေသာ အေဆာက္အအံု ၂ လံုးကိုလည္း ျပဳျပင္မြမ္းမံမႈမ်ား ျပန္လည္ျပဳလုပ္ခဲ့သည္။
အမိုးကို အုပ္ၾကြပ္မိုးေနျခင္းမ်ား အျပီးသတ္သြားျပီျဖစ္ကာ လြန္ခဲ့ေသာ ၁၂ လခန္႔က တာေပၚလင္စမ်ား မိုးကာထားသည့္ ျမင္ကြင္းႏွင့္ ျခားနားသြားခဲ့ျပီ ျဖစ္သည္။
ျခံဝန္းအက်ယ္ ဧကေပါင္း ၄၀ ခန္႔ရွိေသာ စံအိမ္၏ ယခင္က ရိုက္ကူးထားေသာ ဓာတ္ပံုမ်ားတြင္ အမိုးေပၚ၌ အလုပ္သမားမ်ား အလုပ္လုပ္ေနသည့္ ျမင္ကြင္းမ်ား ေတြ႔ရျပီး အေဆာက္အအံု၏ အထပ္ ၃ ထပ္ျပီးစီးေနျပီျဖစ္ေသာ္လည္း အျပီးသတ္ရန္ အလြန္ၾကာျမင့္ဦးမည့္ ပံုရိပ္မ်ား ေတြ႔ခဲ့ရသည္။
အဆိုပါျခံဝန္းၾကီးကို ပထမဆံုးဓာတ္ပံုရိုက္ကူးခဲ့သည္မွာ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းကျဖစ္ျပီး ထိုစဥ္က ေျမညီထပ္ကို စတင္ေဆာက္လုပ္ေနဆဲ အေျခအေနသာရွိေသးသည္။
က်ယ္ဝန္းလွေသာ စံအိမ္ၾကီးအတြင္း အရက္ဘား၊ စႏူကာခန္းမ၊ ရုပ္ရွင္ရံုႏွင့္ အိမ္တြင္း ေရကူးကန္တို႔လည္း ထည့္သြင္းေဆာက္လုပ္ထားသည္။
ၾသဂုတ္လ ၆ ရက္သတင္းမ်ားအရမူ ဝိန္းရြန္နီသည္ အဂၤလန္သို႔ျပန္လာကာ ကစားသမား၊ နည္းျပအျဖစ္ ဒါဘီေကာင္တီကလပ္အသင္းသို႔ ျပန္လာေတာ့မည္ဟု ဆိုသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဝိန်းရွန်နီသည် တချိန်က မြန်မာဘောလုံးပရိသတ်တို့၏ အသည်းကျော်ဖြစ်ခဲ့ဖူးပြီး လက်ရှိတွင်မူ အမေရိကန် မေဂျာလိဂ်တွင် ကစားလျက်ရှိနေသည်။
နေအိမ်အတွင်း အိပ်ခန်း ၆ ခန်း ပါဝင်ပြီး အခန်းအားလုံးမှာ master bedroom များဖြစ်ရာ ၎င်းတို့၏ သား ၄ ဦးကို ထားရှိနိုင်ရန် လုံလောက်သည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖောက်ထွင်းသမားတို့က နေအိမ်ဖောက်ထွင်းခြင်း ခံရပြီးနောက်ပိုင်း ဝိန်းနှင့် ကောလင်းတို့က ယခင်နေအိမ်မှ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိအားဖြင့် ဝိန်းရွန်နီသည် အမေရိကန်ပြည်ထောင်စုရှိ DC United ဘောလုံးကလပ်အသင်းတွင် ၃ နှစ်ခွဲစာချုပ်ဖြင့် ပါဝင်ကစားနေသည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဝိန်းရွန်နီသည် ဘောလုံးလောကမှ အနားယူပါက ယခုစံအိမ်ကို ပင်မနေအိမ်အဖြစ် အသုံးပြုကာ နေထိုင်သွားမည်ဟု ဆိုသည်။
ပင်မနေအိမ်၏ ဘေးတွင်ကပ်လျက်တည်ရှိသော အဆောက်အအုံ ၂ လုံးကိုလည်း ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
အမိုးကို အုပ်ကြွပ်မိုးနေခြင်းများ အပြီးသတ်သွားပြီဖြစ်ကာ လွန်ခဲ့သော ၁၂ လခန့်က တာပေါ်လင်စများ မိုးကာထားသည့် မြင်ကွင်းနှင့် ခြားနားသွားခဲ့ပြီ ဖြစ်သည်။
ခြံဝန်းအကျယ် ဧကပေါင်း ၄၀ ခန့်ရှိသော စံအိမ်၏ ယခင်က ရိုက်ကူးထားသော ဓာတ်ပုံများတွင် အမိုးပေါ်၌ အလုပ်သမားများ အလုပ်လုပ်နေသည့် မြင်ကွင်းများ တွေ့ရပြီး အဆောက်အအုံ၏ အထပ် ၃ ထပ်ပြီးစီးနေပြီဖြစ်သော်လည်း အပြီးသတ်ရန် အလွန်ကြာမြင့်ဦးမည့် ပုံရိပ်များ တွေ့ခဲ့ရသည်။
အဆိုပါခြံဝန်းကြီးကို ပထမဆုံးဓာတ်ပုံရိုက်ကူးခဲ့သည်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကဖြစ်ပြီး ထိုစဉ်က မြေညီထပ်ကို စတင်ဆောက်လုပ်နေဆဲ အခြေအနေသာရှိသေးသည်။
ကျယ်ဝန်းလှသော စံအိမ်ကြီးအတွင်း အရက်ဘား၊ စနူကာခန်းမ၊ ရုပ်ရှင်ရုံနှင့် အိမ်တွင်း ရေကူးကန်တို့လည်း ထည့်သွင်းဆောက်လုပ်ထားသည်။ သြဂုတ်လ ၆ ရက်သတင်းများအရမူ ဝိန်းရွန်နီသည် အင်္ဂလန်သို့ပြန်လာကာ ကစားသမား၊ နည်းပြအဖြစ် ဒါဘီကောင်တီကလပ်အသင်းသို့ ပြန်လာတော့မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)