ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္တိုင္းတြင္ လႈိင္သာယာ၊ ေရႊျပည္သာ ႏွင့္ ဒဂံုေလးၿမိဳ့နယ္အေနႏွင့္ ၿမိဳ႕ျပအျဖစ္ပံုေဖာ္ခဲ့ၿပီးေနာက္ တြင္ လယ္ယာေျမ ဧကေလးေထာင္ခန္႔ ကြက္လပ္ေတြအျဖစ္က်န္ရွိခဲ့ျခင္းေၾကာင့္ ၎ေျမယာမ်ားကို ယခုလကုန္တြင္ စတင္ေရာင္းမည္ဟု ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္က ေျပာထားသည္။
ရန္ကုန္တိုင္းထဲက သိမ္းဆည္းခံလယ္ယာေျမမ်ားအတြက္ ေလ်ာ္ေၾကးဘီလီယံႏွစ္ရာခန္႔ ေပးဖို႔လိုအပ္ျခင္းေၾကာင့္ အဆိုပါေျခာက္ၿမိဳ႕နယ္မွ ကြက္လပ္အျဖစ္က်န္ရွိေသာ ေျမယာမ်ားကိုေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္း အတြင္း ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ခ်င္သူမ်ားႏွင့္ေျမ၀ယ္ၿပီး အိမ္ေဆာက္ေနခ်င္သည့္ အစိုးရဌာနဆိုင္ရာမွ ပင္စင္၀န္ထမ္းမ်ားကို ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း၊ ေျမဖိုးႏွင့္စည္ပင္စရိတ္ကို ခြဲျခားသတ္မွတ္ၿပီး ေရာင္းခ်သြားမွာျဖစ္ေသာ္လည္းသင့္တင့္သည့္ ေဈးႏႈန္းတစ္ခုျဖင့္သာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေျမေစ်းကစားမႈမ်ား မျဖစ္ေအာင္ႏွင့္ ေငြေၾကးတတ္ႏိုင္သူမ်ား၏ လက္၀ါးႀကီးအုပ္၀ယ္ယူမႈ မရွိရေအာင္ တိုင္းအစိုးရအေနႏွင့္ ေျမေရာင္းခ်ဖို႔ ေကာ္မတီတစ္ခုကို ဖြဲ႔စည္းဖို႔ ႀကိဳးစားေနေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်အနေနှင့် မြို့ပြအဖြစ်ပုံဖော်ခဲ့ပြီးနောက် တွင် လယ်ယာမြေ ဧကလေးထောင်ခန့် ကွက်လပ်တွေအဖြစ်ကျန်ရှိခဲ့ခြင်းကြောင့် ၎င်းမြေယာများကို ယခုလကုန်တွင် စတင်ရောင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောထားသည်။
ရန်ကုန်တိုင်းထဲက သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေး ဘီလီယံနှစ်ရာခန့် ပေးဖို့လိုအပ် ခြင်းကြောင့် အဆိုပါခြောက်မြို့နယ်မှ ကွက်လပ်အဖြစ်ကျန်ရှိသော မြေယာများကိုရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ချင်သူများနှင့်မြေဝယ်ပြီး အိမ်ဆောက်နေချင်သည့် အစိုးရဌာနဆိုင်ရာမှ ပင်စင်ဝန်ထမ်းများကို ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ မြေဖိုးနှင့်စည်ပင်စရိတ်ကို ခွဲခြားသတ်မှတ် ပြီး ရောင်းချသွားမှာဖြစ်သော်လည်း သင့်တင့်သည့် ဈေးနှုန်းတစ်ခုဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြေဈေးကစားမှုများ မဖြစ်အောင်နှင့် ငွေကြေးတတ်နိုင်သူများ၏ လက်ဝါးကြီးအုပ်ဝယ်ယူမှု မရှိရအောင် တိုင်းအစိုးရအနေနှင့် မြေရောင်းချဖို့ ကော်မတီတစ်ခုကို ဖွဲ့စည်းဖို့ ကြိုးစားနေကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com