ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရခိုင္ျပည္နယ္ အစိုးရက စစ္ေတြၿမိဳ႕ တြင္ ကိုရီးယားကုမၸဏီ BXT International ႏွင့္ အေကာင္အထည္ေဖာ္ေနသည့္ စီမံကိန္းတြင္ အိမ္ရာႏွင့္ စီးပြားေရးဆုိင္ရာ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးလုပ္ငန္းလုပ္ကိုင္မည့္ ကုမၸဏီမ်ားကို ဖိတ္ေခၚထားသည္။
အဆိုပါစီမံကိန္းကို ဩဂုတ္ ၂ ရက္က ျပည္နယ္အစိုးရ ရရွိမည့္ ေျမ ၁၃ ဧကေက်ာ္တြင္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း၊စိတ္ဝင္စားသည့္ ကုမၸဏီမ်ားအေနႏွင့္စက္တင္ဘာ ၅ ရက္ ေနာက္ဆံုးထား တင္ျပရမည္ျဖစ္ေၾကာင္း၊စီမံကိန္းတြင္ေဈးဆိုင္ခန္းမ်ား၊ အိမ္ရာမ်ား၊ စီးပြားေရး စင္တာမ်ား၊ ဆိပ္ကမ္းအပါအဝင္ ၿမိဳ႕ျပ ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။
ကစၧပနဒီျမစ္ကမ္းကို ေျမဖို႔ၿပီး ေျမ ဧက ၉၀ ေက်ာ္တြင္ အေကာင္အထည္ေဖာ္သည့္ အိမ္ရာစီမံကိန္း ျဖစ္ၿပီး ေဒၚလာ ၁၀ သန္း တန္ဖိုးရွိ၍ ရခိုင္ျပည္နယ္အစိုးရက ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းပါဝင္ၿပီး ကိုရီးယားႏုိင္ငံမွ BXT International ကုမၸဏီႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ ကိုရီးယားကုမၸဏီသည္ ျမန္မာ ႏုိင္ငံသားကုမၸဏီအျဖစ္ မွတ္ပံုတင္ထားေၾကာင္း၊၂၀၁၆ မတ္လ၌ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံမွ ခြင့္ျပဳမိန္႔ရခဲ့ေၾကာင္း၊ စီမံကိန္းကို Sittwe Waterfront ၿမိဳ႕သစ္စီမံကိန္းဟု ေခၚၿပီး စီမံကိန္းတြင္ စုေပါင္းအိမ္ရာ၊ အလယ္အလတ္ရွိ ကြန္ဒိုမီနီယံမ်ား၊ ဂိုေဒါင္ႏွင့္ ပို႔ေဆာင္ေရး ဆုိင္ရာ ဝန္ေဆာင္မႈမ်ား၊ ကုန္သြယ္မႈ စီးပြားေရးဇုန္၊ ငါးစက္႐ံု မ်ားႏွင့္ အပန္းေျဖေနရာမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့ တွင် ကိုရီးယားကုမ္ပဏီ BXT International နှင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းတွင် အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများကို ဖိတ်ခေါ်ထားသည်။
အဆိုပါစီမံကိန်းကို ဩဂုတ် ၂ ရက်က ပြည်နယ်အစိုးရ ရရှိမည့် မြေ ၁၃ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊စိတ်ဝင်စားသည့် ကုမ္ပဏီများအနေနှင့်စက်တင်ဘာ ၅ ရက် နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း၊စီမံကိန်းတွင်ဈေးဆိုင်ခန်းများ၊ အိမ်ရာများ၊ စီးပွားရေး စင်တာများ၊ ဆိပ်ကမ်းအပါအဝင် မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ကစ္ဆပနဒီမြစ်ကမ်းကို မြေဖို့ပြီး မြေ ဧက ၉၀ ကျော်တွင် အကောင်အထည်ဖော်သည့် အိမ်ရာစီမံကိန်းဖြစ်ပြီး ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ၍ ရခိုင်ပြည်နယ်အစိုးရက ရှယ်ယာ ၃၀ ရာခိုင်နှုန်းပါဝင်ပြီး ကိုရီးယားနိုင်ငံမှ BXT International ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုရီးယားကုမ္ပဏီသည် မြန်မာ နိုင်ငံသားကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားကြောင်း၊၂၀၁၆ မတ်လ၌ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့်ရခဲ့ ကြောင်း၊ စီမံကိန်းကို Sittwe Waterfront မြို့သစ်စီမံကိန်းဟု ခေါ်ပြီး စီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ အလယ်အလတ်ရှိ ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ပို့ဆောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံ များနှင့် အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com