ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ရန္ကုန္တိုင္းေဒသႀကီးတြင္ က်ပ္သိန္း ၃၀ တန္တိုက္ခန္းမ်ားကို ဆယ္ဦးတစ္ဖြဲ႕ ဝိုင္းႀကီးခ်ဳပ္စနစ္ျဖင့္ က်ဴးေက်ာ္မ်ားကို ေရာင္းခ်ေပးရန္စီစဥ္ေနေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
အဆိုပါ တန္ဖိုးနည္းတိုက္ခန္းကို အစိုးရေျမေပၚတြင္ ေျမတန္ဖိုးထည့္တြက္ျခင္းမရိွဘဲ ေရာင္းခ်ေပးမည္ျဖစ္ၿပီး က်ဴးေက်ာ္အမည္ခံကာ စီးပြားရွာေနမ်ားကို ေရာင္းခ်ေပးမည္မဟုတ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။
ထို႕အျပင္ အလုပ္ႏွင့္ဝင္ေငြရိွသည့္ က်ဴးေက်ာ္မ်ား၊ အစိုးရဝန္ထမ္းႏွင့္ ကုမၸဏီဝန္ထမ္းမ်ားကိုလည္း ၁၅ ႏွစ္အရစ္က်စနစ္အျဖင့္ တန္ဖိုးနည္းအိမ္ရာမ်ား ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဴပ္ဦးၿဖိဳးမင္းသိန္းက ဆိုသည္။
အဆိုပါ တန္ဖိုးအိမ္ရာမ်ားကို ေလးထပ္မွ ငါးထပ္အထိ အထပ္ျမင့္တည္ေဆာက္မည္ျဖစ္ၿပီး ေျမတန္ဖိုးတည့္သြင္း တြက္ျခင္းမရိွဘဲ အိမ္ခန္းတန္ဖိုးသတ္မွတ္ေရာင္းခ်ေပးမည္ျဖစ္ၿပီးပ်ဳိေမ့အိမ္လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းႏွင့္ပူးေပါင္းေဆာက္လုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဖာ္ေဆာင္မည့္ ၿမိဳ႕နယ္မ်ားမွာ လႈိင္သာယာ၊ ေရႊျပည္သာ၊ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံအေရွ႕၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မ်ားျဖစ္ၿပီး တၿမိဳ႕နယ္လွ်င္ အိမ္ရာအခန္း တေသာင္းႏႈန္းစီလ်ာထားၿပီး ၿမိဳ႕နယ္အားလုံးတၿပိဳင္နက္တည္းေဖာ္ေဆာင္မည္ဟု ပ်ဳိေမ့အိမ္လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ်သိန်း ၃၀ တန်တိုက်ခန်းများကို ဆယ်ဦးတစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ကျူးကျော်များကို ရောင်းချပေးရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အဆိုပါ တန်ဖိုးနည်းတိုက်ခန်းကို အစိုးရမြေပေါ်တွင် မြေတန်ဖိုးထည့်တွက်ခြင်းမရှိဘဲ ရောင်းချပေးမည်ဖြစ်ပြီး ကျူးကျော်အမည်ခံကာ စီးပွားရှာနေများကို ရောင်းချပေးမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထို့အပြင် အလုပ်နှင့်ဝင်ငွေရှိသည့် ကျူးကျော်များ၊ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများကိုလည်း ၁၅ နှစ်အရစ်ကျစနစ်အဖြင့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးမည်ဖြစ်ကြောင်း ဝန်ကြီးချူပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။
အဆိုပါ တန်ဖိုးအိမ်ရာများကို လေးထပ်မှ ငါးထပ်အထိ အထပ်မြင့်တည်ဆောက်မည်ဖြစ်ပြီး မြေတန်ဖိုးတည့်သွင်း တွက်ခြင်းမရှိဘဲ အိမ်ခန်းတန်ဖိုးသတ်မှတ်ရောင်းချပေးမည်ဖြစ်ပြီးပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်ပူးပေါင်းဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဖော်ဆောင်မည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်များဖြစ်ပြီး တမြို့နယ်လျှင် အိမ်ရာအခန်း တသောင်းနှုန်းစီလျာထားပြီး မြို့နယ်အားလုံးတပြိုင်နက်တည်းဖော်ဆောင်မည်ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com