ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ ၊ ရွှေပြည်သာရှိမြေများကိုရောင်းချကာ မြေယာလျော်ကြေးပေးရန် ရန်ကုန်တိုင်းအစိုးရစီစဉ်

ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ ၊ ရွှေပြည်သာရှိမြေများကိုရောင်းချကာ မြေယာလျော်ကြေးပေးရန် ရန်ကုန်တိုင်းအစိုးရစီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Aug 2019 12:00 pm တွင် တင်ခဲ့သည်
7429 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###






ရန်ကုန်တိုင်းဒေသကြီးတွင် မြေယာလျော်ကြေးပေးရန် မြေဧကစုစုပေါင်း ၂၄၀၀၂ ဒသမ ၇၉၁ ဧက ရှိပြီး ၉၈၂ ဧက ကိုမူ မြေအစားထိုးလျော်ကြေးပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။



### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများကို လျော်ကြေးပေးရန် ဘတ်ဂျက်အပြည့်အဝ မရရှိသည့်အတွက် ဒဂုံလေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ ရှိမြေများကိုရောင်းချကာ မြေယာလျော်ကြေးပေးရန် တိုင်းအစိုးရစီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဩဂုတ်လ ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် တိုင်းအစိုးရနှင့် သတင်းမီးဒီယာများတွေ့စုံစဉ် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာလျော်စုစုပေါင်းကျပ် ၂၀၀ ဘီလီယံ ပေးရမည်ဖြစ်သော်လည်း ၂၀၁၉-၂၀၂၀ ဘတ်ဂျတ် ဖြည့်စွပ်ဘတ်ဂျက်တွင် မြေလျော်ကြေးအတွက် ကျပ် ၄၀ ဘီလီယံသာရရှိသည့်အတွက် လိုငွေ ကျပ် ၁၆၀ ဘီလီယံ ကိုမြေရောင်းချငွေဖြင့်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကရှင်းပြသည်။

" မြေဧက ၄၀၀၀ (လေးထောင်) ရောင်းချပေးမှာပါ" ဟု ၎င်းကဆိုသည်။

မြေရောင်းချခြင်းကို ယခုလ (ဩဂုတ်) တွင်စတင်မည်ဖြစ်ပြီး မြေဈေးကစားချင်း မဖြစ်ပေါ်စေရန်အတွက် မြေဝယ်ပြီးပါက အိမ်ချက်ခြင်းတည်ဆောက်ကာ နေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြေယာလျော်ကြေးပေးရန် မြေဧကစုစုပေါင်း ၂၄၀၀၂ ဒသမ ၇၉၁ ဧက ရှိပြီး ၉၈၂ ဧက ကိုမူ မြေအစားထိုးရော်ကြေးပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...

ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service