ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
က်ပ္သိန္းေပါင္း ၂၉၉၉ သိန္းသုံးစြဲကာ ယာဥ္ရပ္နားဝင္းတစ္ခုကို သမကုန္းအဝိုင္းအနီးတြင္ တည္ေဆာက္ေနေၾကာင္း သိရသည္။
ရွင္းလင္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနၿပီး ပြင့္လင္းရာသီတြင္ ေဆာင္ရြက္ၿပီးစီးမည္ျဖစ္ေၾကာင္း၊ လႈိင္သာယာၿမိဳ႕နယ္ ကို အေျချပဳေျပးဆြဲေနသည့္ ဝိုင္ဘီအက္စ္ယာဥ္မ်ားရပ္နားႏိုင္မည္ျဖစ္ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔မွ သိရသည္။
ျပည္ေအာင္ကုမၸဏီလီမိတက္က ေျမ ၁ ဒသမ ၈၆ ဧကေပၚတြင္ ယာဥ္ရပ္နားကြင္းကိုတာဝန္ယူ တည္ ေဆာက္ေနျခင္းျဖစ္သည္။လႈိင္သာယာၿမိဳ့နယ္အျပင္ အျခားသက္ဆိုင္ရာၿမိဳ့နယ္မ်ားတြင္လည္း ဝိုင္ဘီအက္စ္ ယာဥ္ရပ္နားကြင္းမ်ား တည္ေဆာက္ရန္အတြက္ ေျမေနရာရွာေဖြေနကာ ယင္းယာဥ္ရပ္နားကြင္းမ်ားကို ဌာနဆိုင္ရာ အဖြဲ႔အစည္းမ်ား၊ကုမၸဏီမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္ႏိုင္ရန္လည္း ႀကိဳးစားေနေၾကာင္း၊ဝိုင္အာတီေအက အစိုးရ၏ဘတ္ဂ်က္ႏွင့္သြားတာ မဟုတ္ေၾကာင္း၊ဝိုင္အာတီေအ၏ စီမံခန္႔ခြဲမႈကေနရရွိသည့္ေငြကို အစိုးရခြဲေဝမႈ ႏွင့္ေဆာင္ရြက္ေနျခင္းျဖစ္၍ ယာဥ္ရပ္နားကြင္းမ်ား တည္ေဆာက္ဖို႔ အခက္အခဲရွိၿပီး အစိုးရေျမေနရာလိုေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကျပ်သိန်းပေါင်း ၂၉၉၉ သိန်းသုံးစွဲကာ ယာဉ်ရပ်နားဝင်းတစ်ခုကို သမကုန်းအဝိုင်းအနီးတွင် တည် ဆောက်နေကြောင်းသိရသည်။
ရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး ပွင့်လင်းရာသီတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ကို အခြေပြုပြေးဆွဲနေသည့် ဝိုင်ဘီအက်စ်ယာဉ်များရပ်နားနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှသိရသည်။
ပြည်အောင်ကုမ္ပဏီလီမိတက်က မြေ ၁ ဒသမ ၈၆ ဧကပေါ်တွင် ယာဉ်ရပ်နားကွင်းကိုတာဝန်ယူ တည် ဆောက်နေခြင်းဖြစ်သည်။လှိုင်သာယာမြို့နယ်အပြင် အခြားသက်ဆိုင်ရာမြို့နယ်များတွင်လည်း ဝိုင်ဘီအက်စ် ယာဉ်ရပ်နားကွင်းများ တည်ဆောက်ရန်အတွက် မြေနေရာရှာဖွေနေကာ ယင်းယာဉ်ရပ်နားကွင်းများကို ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ကြိုးစားနေကြောင်း၊ဝိုင်အာတီအေက အစိုးရ၏ဘတ်ဂျက်နှင့်သွားတာ မဟုတ်ကြောင်း၊ဝိုင်အာတီအေ၏ စီမံခန့်ခွဲမှုကနေရရှိသည့်ငွေကို အစိုးရခွဲဝေမှု နှင့်ဆောင်ရွက်နေခြင်းဖြစ်၍ ယာဉ်ရပ်နားကွင်းများ တည်ဆောက်ဖို့ အခက်အခဲရှိပြီး အစိုးရမြေနေရာလိုကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com