ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ျမန္မာနိုင္ငံရွိ လမ္းစီမံကိန္းတြင္ ပထမဆံုးအျဖစ္ မိုးပ်ံလမ္းစီမံကိန္းကုိစတင္အေကာင္ထည္ ေဖာ္လ်က္ရွိျပီး အစိုးရဘက္နွင့္ပုဂၢလိကအပိုင္းတြင္ နစ္နာမွဳမ်ားမရွိေစရန္ အဆင့္ဆင့္ေဆြးေႏြးမွဳမ်ားေၾကာင့္ အနည္းငယ္က်န္႕ၾကာေနေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာန လမ္းတည္ေဆာက္ေရးမွ သိရသည္။
“ ျမန္မာနိုင္ငံ မွာ လမ္းနဲ႕ပတ္သတ္ျပီး အခုလို ပုဂၢလိကအပုိင္းက ရင္းနွီးျမွပ္နွံးျပီး နွစ္ရွည္လုပ္တဲ့စီမံကိန္းက ဒါပထမဆံုးအႀကိမ္ပါ ေနာက္ပိုင္းတည္ေဆာက္မဲ့အပိုင္းနွစ္ဆိုရင္ေတာ့ျမန္သြားမယ္”ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာနွ အင္ဂ်င္နီယာမွဳးႀကီးဦးၾကည္ေဇာ္ျမင့္က ေျပာသည္။
အဆိုပါမိုးပ်ံလမ္းစီမံကိန္းနွင့္ပတ္သတ္ျပီး လက္ရွိတြင္ ဒုတိယအႀကိမ္မူၾကမ္းေဆြးေႏြးမွဳမ်ားျပဳလုပ္ခဲ့သည္။ အၾကမ္းဖ်င္းဒီဇိုင္းပံုစံမ်ားကုိ ၀န္ႀကီးဌာနမွေရးဆြဲလ်က္ရွိျပီး အေသးစိတ္ပံုစံႏွင့္ work teams တို႕ကုိတင္ဒါ ၀င္ေရာက္မည့္ကုမၸဏီဘက္မွေရးဆြဲရမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွသိရသည္။ ေလွ်ာက္လႊာ ၁၂ ေစာင္မွ အရည္အေသြးျပည့္မီသည့္ ကုမၸဏီ ၁၀ ခုစာရင္းကို ၂၀၁၈ ဒီဇင္ဘာ ၅ ရက္က ေၾကညာခဲ့ၿပီး ကုမၸဏီ ၁၀ ခုတြင္ ျပင္သစ္၊ ကိုရီးယား၊ ဂ်ပန္၊ ထုိင္း-တ႐ုတ္ဖက္စပ္ ကုမၸဏီ၊ ျမန္မာဖက္စပ္ကုမၸဏီမ်ားႏွင့္ တ႐ုတ္ကုမၸဏီငါးခု ပါဝင္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏စာရင္းမ်ားအရ သိရသည္။
စီမံကိန္းကို ပုဂၢလိကႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္စနစ္ျဖင့္ ေဆာင္ရြက္မည္ျဖစ္ၿပီးမိုးပ်ံလမ္းစီမံကိန္းအရွည္ ၄၇ ဒသမ ၅ ကီလိုမီတာရွိမည္ျဖစ္ၿပီး အပိုင္း ၁ အျဖစ္ အေရွ႕ဘက္အျခမ္း ေလးလမ္းသြားလမ္းမႀကီး ၁၉ ကီလိုမီတာ၊ အေရွ႕ႏွင့္အေနာက္ ခ်ိတ္ဆက္ထားေသာ ေလးလမ္းသြား ေျခာက္ကီလိုမီတာ၊ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ ဆက္သြယ္ထားေသာ ႏွစ္လမ္းသြား ၂ ဒသမ ၅ ကီလိုမီတာအရွည္ရွိမည္ျဖစ္ေၾကာင္း ဦးၾကည္ေဇာ္ျမင့္ ကရွင္းျပသည္။
အဆိုပါစီမံကိန္းလုပ္ငန္းကိုလာမည့္ ၂၀၂၀ ဇူလိုင္တြင္ စတင္တည္ေဆာက္ရန္ စီစဥ္ထားၿပီး ၂၀၂၃ ခုႏွစ္အတြင္း ၿပီးစီးမည္ဟု ခန္႔မွန္းထားေၾကာင္းသိရသည္။ စီမံကိန္း အပုိင္း ၂ ကုိဘုရင့္ေနာင္လမ္းဆံုဘက္မွ ေလဆိပ္ဘက္သို႕ခ်ိတ္ဆက္ျပီး အပုိင္း ၁ နွင့္ အပုိင္း ၂ နွစ္ခု ခြဲျခားေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံရှိ လမ်းစီမံကိန်းတွင် ပထမဆုံးအဖြစ် မိုးပျံလမ်းစီမံကိန်းကိုစတင်အကောင်ထည် ဖော်လျက်ရှိပြီး အစိုးရဘက်နှင့်ပုဂ္ဂလိကအပိုင်းတွင် နစ်နာမှုများမရှိစေရန် အဆင့်ဆင့်ဆွေးနွေးမှုများကြောင့် အနည်းငယ်ကျန့်ကြာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတည်ဆောက်ရေးမှ သိရသည်။
“ မြန်မာနိုင်ငံမှာ လမ်းနဲ့ပတ်သတ်ပြီး အခုလို ပုဂ္ဂလိကအပိုင်းက ရင်းနှီးမြှပ်နှံးပြီး နှစ်ရှည်လုပ်တဲ့စီမံကိန်းက ဒါပထမဆုံးအကြိမ်ပါ နောက်ပိုင်းတည်ဆောက်မဲ့အပိုင်းနှစ်ဆိုရင်တော့မြန်သွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနှ အင်ဂျင်နီယာမှုးကြီးဦးကြည်ဇော်မြင့်က ပြောသည်။
အဆိုပါမိုးပျံလမ်းစီမံကိန်းနှင့်ပတ်သတ်ပြီး လက်ရှိတွင် ဒုတိယအကြိမ်မူကြမ်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အကြမ်းဖျင်းဒီဇိုင်းပုံစံများကို ဝန်ကြီးဌာနမှရေးဆွဲလျက်ရှိပြီး အသေးစိတ်ပုံစံနှင့် work teams တို့ကိုတင်ဒါ ဝင်ရောက်မည့်ကုမ္ပဏီဘက်မှရေးဆွဲရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။ လျှောက်လွှာ ၁၂ စောင်မှ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုစာရင်းကို ၂၀၁၈ ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့ပြီး ကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက်စပ် ကုမ္ပဏီ၊ မြန်မာဖက်စပ်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီငါးခု ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။
စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးမိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း ၁ အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည်ဖြစ်ကြောင်း ဦးကြည်ဇော်မြင့် ကရှင်းပြသည်။
အဆိုပါစီမံကိန်းလုပ်ငန်းကိုလာမည့် ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ စီမံကိန်း အပိုင်း ၂ ကိုဘုရင့်နောင်လမ်းဆုံဘက်မှ လေဆိပ်ဘက်သို့ချိတ်ဆက်ပြီး အပိုင်း ၁ နှင့် အပိုင်း ၂ နှစ်ခု ခွဲခြားဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com