ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အေမရိကန္သမၼတကေတာ္ေဟာင္း မီရွဲလ္ အိုဘားမားသည္ ေလာ့စ္အိန္ဂ်လိစ္ျမိဳ့၊ ေဟာလိဝုဒ္ေဟးလ္အရပ္ရွိ ကန္ေဒၚလာ ၂၃ သန္းခန္႔ တန္ေၾကးရွိေသာ ငါးမန္းစံအိမ္ကို ရက္အနည္းငယ္ငွားရမ္းေနထိုင္ခဲ့ ေၾကာင္းသတင္းမ်ားထြက္ေပၚလာသည္။
အဆိုပါ စံအိမ္တြင္ ေလဟာျပင္ ငါးကန္တစ္ခုရွိျပီး ငါးမန္းငယ္ အမ်ိဳးအစားမ်ားစြာ ေမြးျမဴထားျခင္းေၾကာင့္ ငါးမန္းစံအိမ္ဟု ေခၚဆိုျခင္း ျဖစ္သည္။ သူမႏွင့္သမၼတေဟာင္း ဘားရက္ အုိဘားမားတို႔ ေနာင္တစ္ခ်ိန္တြင္ ေလာ့စ္အိန္ဂ်လိစ္သုိ႔ ေျပာင္းေရႊ ႔ေနထုိင္မည္ ဆုိပါက နယ္ေျမအေနအထားသိရွိရန္ ၾကိဳတင္ေလ့လာထားျခင္း ျဖစ္ႏိုင္ေခ်ရွိသည္။
အိုဘားမားတုိ႔စံုတြဲသည္ သမီး ၂ ဦး အရြယ္ေရာက္လာျပီးေနာက္ပုိင္း ေနအိမ္တြင္ ေနထုိင္သူ ေလ်ာ့ပါးသြားခဲ့သည္။
သမီးငယ္ ဆာရွာသည္ ဝါရွင္တန္ ဒီစီမွ အထက္တန္းေအာင္ျမင္ျပီးေနာက္ မီခ်ီဂန္တကၠသိုလ္တြင္ ေက်ာင္းတက္ရန္ ေစာင့္ဆိုင္းေနျပီး သမီးၾကီး မာလီယာမွာမူ မီခ်ီဂန္ တကၠသိုလ္တြင္ ပညာဆည္းပူးေနေသာ ေက်ာင္းသူတစ္ဦး ျဖစ္သည္။
အိုဘားမားတည္ေထာင္ထားေသာ ကုမၸဏီသည္ Netflix ႏွင့္လက္တြဲကာ ရုပ္ရွင္ဇာတ္လမ္းတို ဇာတ္လမ္းရွည္မ်ားစြာ ထုတ္လုပ္ရန္ စီစဥ္လွ်က္ရွိသည္။
မီရွဲလ္အိုဘားမား ငွားရမ္းေနထိုင္ေသာ ေနအိမ္မွာ တန္ဖိုးၾကီး ဇိမ္ခံေနအိမ္တို႔ကုိ ႏွစ္သက္သည့္ေဖာက္သည္မ်ား ငွားရမ္း၊ ဝယ္ယူရန္ ရည္ရြယ္ ေဆာက္လုပ္ခဲ့သည့္ ေခတ္မီ စံအိမ္ ၁ လံုးျဖစ္သည္။
မီရွဲလ္ အိုဘားမားသည္ စတုရန္းေပ ၁၃၀၀၀ ခန္႔ က်ယ္ဝန္းေသာ အဆိုပါစံအိမ္တြင္ ျပီးခဲ့ေသာ တနလၤာႏွင့္ အဂၤ ါေန႔မ်ားတြင္ ငွားရမ္းေနထိုင္ခဲ့ျခင္းျဖစ္ျပီး ရုပ္ရွင္ထုတ္လုပ္ေရးကိစၥအတြက္ ေလာ့စ္အိန္ဂ်လိသို႔ လာေရာက္ကာ Netflix ႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္စဥ္ကာလအတြင္း ေနထိုင္ခဲ့ျခင္း ျဖစ္သည္။
၃ ထပ္အေဆာက္အအံုျဖစ္ျပီး ေရခ်ိဳးခန္း ၁၂ ခန္း၊ အိပ္ခန္း၇ ခန္း၊ေရကူးကန္ ၂ ကန္၊အားကစားေလ့က်င့္ေရးခန္းမ ၊အႏွိပ္ခန္း ၊ရုပ္ရွင္ျပခန္း၊ဝိုင္သိုေလွာင္ခန္းႏွင့္တက္ကီလာ၊ေဗာ့ဒ္ကာအစရွိသည့္အရက္မ်ား ထားသုိႏိုင္မည့္အထူးအေအးခန္းတစ္ခုတုိ ့ပါဝင္သည္။
လက္ရွိအားျဖင့္ အဆိုပါစံအိမ္သည္ အေရာင္းေစ်းကြက္တြင္ရွိေနျပီး ကန္ေဒၚလာ ၂၂ ဒသမ ၉ သန္း ေစ်းေခၚထားသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ် အိုဘားမားသည် လော့စ်အိန်ဂျလိစ်မြို့၊ ဟောလိဝုဒ်ဟေးလ်အရပ်ရှိ ကန်ဒေါ်လာ ၂၃ သန်းခန့် တန်ကြေးရှိသော ငါးမန်းစံအိမ်ကို ရက်အနည်းငယ်ငှားရမ်းနေထိုင်ခဲ့ ကြောင်းသတင်းများထွက်ပေါ်လာသည်။
အဆိုပါ စံအိမ်တွင် လေဟာပြင် ငါးကန်တစ်ခုရှိပြီး ငါးမန်းငယ် အမျိုးအစားများစွာ မွေးမြူထားခြင်းကြောင့် ငါးမန်းစံအိမ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ သူမနှင့်သမ္မတဟောင်း ဘားရက် အိုဘားမားတို့ နောင်တစ်ချိန်တွင် လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှေ့နေထိုင်မည် ဆိုပါက နယ်မြေအနေအထားသိရှိရန် ကြိုတင်လေ့လာထားခြင်း ဖြစ်နိုင်ချေရှိသည်။
အိုဘားမားတို့စုံတွဲသည် သမီး ၂ ဦး အရွယ်ရောက်လာပြီးနောက်ပိုင်း နေအိမ်တွင် နေထိုင်သူ လျော့ပါးသွားခဲ့သည်။
သမီးငယ် ဆာရှာသည် ဝါရှင်တန် ဒီစီမှ အထက်တန်းအောင်မြင်ပြီးနောက် မီချီဂန်တက္ကသိုလ်တွင် ကျောင်းတက်ရန် စောင့်ဆိုင်းနေပြီး သမီးကြီး မာလီယာမှာမူ မီချီဂန် တက္ကသိုလ်တွင် ပညာဆည်းပူးနေသော ကျောင်းသူတစ်ဦး ဖြစ်သည်။
အိုဘားမားတည်ထောင်ထားသော ကုမ္ပဏီသည် Netflix နှင့်လက်တွဲကာ ရုပ်ရှင်ဇာတ်လမ်းတို ဇာတ်လမ်းရှည်များစွာ ထုတ်လုပ်ရန် စီစဉ်လျှက်ရှိသည်။
မီရှဲလ်အိုဘားမား ငှားရမ်းနေထိုင်သော နေအိမ်မှာ တန်ဖိုးကြီး ဇိမ်ခံနေအိမ်တို့ကို နှစ်သက်သည့်ဖောက်သည်များ ငှားရမ်း၊ ဝယ်ယူရန် ရည်ရွယ် ဆောက်လုပ်ခဲ့သည့် ခေတ်မီ စံအိမ် ၁ လုံးဖြစ်သည်။
မီရှဲလ် အိုဘားမားသည် စတုရန်းပေ ၁၃၀၀၀ ခန့် ကျယ်ဝန်းသော အဆိုပါစံအိမ်တွင် ပြီးခဲ့သော တနင်္လာနှင့် အင်္ဂ ါနေ့များတွင် ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးကိစ္စအတွက် လော့စ်အိန်ဂျလိသို့ လာရောက်ကာ Netflix နှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ်ကာလအတွင်း နေထိုင်ခဲ့ခြင်း ဖြစ်သည်။
၃ ထပ်အဆောက်အအုံဖြစ်ပြီး ရေချိုးခန်း ၁၂ ခန်း၊ အိပ်ခန်း၇ ခန်း၊ရေကူးကန် ၂ ကန်၊အားကစားလေ့ကျင့်ရေးခန်းမ ၊အနှိပ်ခန်း ၊ရုပ်ရှင်ပြခန်း၊ဝိုင်သိုလှောင်ခန်းနှင့်တက်ကီလာ၊ဗော့ဒ်ကာအစရှိသည့်အရက်များ ထားသိုနိုင်မည့်အထူးအအေးခန်းတစ်ခုတို့ပါဝင်သည်။
လက်ရှိအားဖြင့် အဆိုပါစံအိမ်သည် အရောင်းဈေးကွက်တွင်ရှိနေပြီး ကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်း ဈေးခေါ်ထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)