ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္မွ Bay Area ဟုေခၚေသာ ကမ္းရိုးတန္းေဒသရွိ ကန္ေဒၚလာ ၅၀ ဘီလီယံတန္ေၾကးရွိေသာ ေနအိမ္ေပါင္း ၈၀၀၀၀ ေက်ာ္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈေၾကာင့္ နစ္ျမွဳပ္မည့္ အႏၱရာယ္ရွိေနေၾကာင္း Climate Central ႏွင့္ Zillow တို႔က ျပဳလုပ္ေသာ သုေတသနတစ္ရပ္တြင္ ေဖာ္ျပသည္။
၂၀၅၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ကယ္လီဖုိးနီးယား ကမ္းရုိးတန္းရွိ ကန္ေဒၚလာ ၅၀ ဘီလီယံဖိုးရွိေသာ ေနအိမ္မ်ား နစ္ျမွဳပ္ဖြယ္ အႏၱရာယ္ရွိေနျပီး ၂၁၀၀ ျပည့္ႏွစ္တြင္ကား ပိုမိုဆိုးရြားသည့္ အေျခအေနႏွင့္ ရင္ဆိုင္ရမည္ဟု ဆိုသည္။
ကမၻာၾကီးပူေႏြးမႈေၾကာင့္ ေရခဲေတာင္မ်ား ဆက္လက္အရည္ေပ်ာ္လာသည္ႏွင့္အမွ် ၂၁၀၀ ဝန္းက်င္တြင္ ကယ္လီဖိုးနီးယားရွိ ကန္ေဒၚလာ ၉၆ ဘီလီယံတန္ဖိုးရွိေသာ ေနအိမ္ေပါင္း ၈၁၁၅၂ လံုးမွာ ေရေအာက္သို႔ နစ္ျမဳပ္ဖြယ္ရွိသည္ဟု ဆိုသည္။
ဖန္လံုအိမ္ဓာတ္ေငြ႔ထုတ္လုပ္မႈမ်ားကို စစ္ေဆးထိန္းသိမ္းမႈ မရွိဘဲ ပင္လယ္ေရမ်က္ႏွာျပင္မွာလည္း ခန္႔မွန္းထားသည့္အတိုင္းသာ ဆက္လက္ျမင့္တက္လာမည္ဆိုပါက ကယ္လီဖိုးနီးယားျပည္နယ္ရွိ Bay Area ၏ အိမ္ျခံေျမမ်ားမွာ ၾကီးမားသည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ေနရျပီ ျဖစ္သည္။
“ဒီသုေတသနက ဘာကိုျပေနလဲဆိုရင္ လူ႔အသက္ေတြနဲ႔ အိမ္ပိုင္ရွင္ေတြရဲ႕ ပိုင္ဆိုင္မႈေတြအေပၚ ရာသီဥတု ေျပာင္းလဲမႈ အႏၱရာယ္ဟာ ခင္ဗ်ားတို႔ထင္တာထက္ ပိုျပီးနီးကပ္ေနျပီဆိုတာပဲ” ဟု Zillow ၏ ဒါရိုက္တာတစ္ဦးျဖစ္သူ စကိုင္လာ ေအာ္လ္ဆင္က ေျပာၾကားသည္။
“ဒါေတြကို ေျဖရွင္းကိုင္တြယ္မႈ မရွိေသးဘူးဆိုရင္ ကယ္လီဖုိးနီးယား ကမ္းရိုးတန္း ေနအိမ္ ေထာင္ေပါင္းမ်ားစြာဟာ ေရၾကီးေရလွ်ံတာေတြ အျမဲရင္ဆိုင္ရေတာ့မွာျဖစ္ျပီး ေဒၚလာဘီလီယံနဲ႔ခ်ီျပီး နစ္နာမႈေတြရွိလာမွာ ျဖစ္ပါတယ္။ ေနအိမ္ဆိုတာ လူအမ်ားစုအတြက္ အၾကီးမားဆံုးနဲ႔ အၾကာရွည္ဆံုး ပိုင္ဆိုင္မႈတစ္ခု ျဖစ္ပါတယ္”
၂၁၀၀ ျပည့္ႏွစ္တြင္ ဆန္ဖရန္စစၥကို၌ ကန္ေဒၚလာ ၈ ဒသမ ၈ ဘီလီယံဖိုးရွိေသာ ေနအိမ္ေပါင္း ၅၃၆၀ ခန္႔ ေဘးၾကံဳရမည္ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပသည္။
အလာမီဒါခရိုင္တြင္ ကန္ေဒၚလာ ၁၈ ဒသမ ၄ ဘီလီယံတန္ေၾကးရွိသည့္ ေနအိမ္ေပါင္း ၂၁၇၅၃ ၊ မာရင္းခရိုင္တြင္ ကန္ေဒၚလာ ၁၄ ဘီလီယံရွိသည့္ ေနအိမ္ေပါင္း ၁၀၀၀၀ ေက်ာ္၊ ဆန္ဂ်ဳိ႕စ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံဖုိးရွိ ေနအိမ္ေပါင္း ၁၃၀၈ လံုး၊ ကြန္ထရာ ေကာ့စ္တာတြင္ ကန္ေဒၚလာ ၄ ဘီလီယံတန္ေၾကးရွိသည့္ ေနအိမ္ေပါင္း ၆၅၄၈ လံုးခန္႔ ေဘးၾကံဳရမည္ဟု ဆိုသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ Bay Area ဟုခေါ်သော ကမ်းရိုးတန်းဒေသရှိ ကန်ဒေါ်လာ ၅၀ ဘီလီယံတန်ကြေးရှိသော နေအိမ်ပေါင်း ၈၀၀၀၀ ကျော် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် နစ်မြှုပ်မည့် အန္တရာယ်ရှိနေကြောင်း Climate Central နှင့် Zillow တို့က ပြုလုပ်သော သုတေသနတစ်ရပ်တွင် ဖော်ပြသည်။
၂၀၅၀ ပြည့်နှစ်ဝန်းကျင်တွင် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းရှိ ကန်ဒေါ်လာ ၅၀ ဘီလီယံဖိုးရှိသော နေအိမ်များ နစ်မြှုပ်ဖွယ် အန္တရာယ်ရှိနေပြီး ၂၁၀၀ ပြည့်နှစ်တွင်ကား ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။
ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲတောင်များ ဆက်လက်အရည်ပျော်လာသည်နှင့်အမျှ ၂၁၀၀ ဝန်းကျင်တွင် ကယ်လီဖိုးနီးယားရှိ ကန်ဒေါ်လာ ၉၆ ဘီလီယံတန်ဖိုးရှိသော နေအိမ်ပေါင်း ၈၁၁၅၂ လုံးမှာ ရေအောက်သို့ နစ်မြုပ်ဖွယ်ရှိသည်ဟု ဆိုသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုများကို စစ်ဆေးထိန်းသိမ်းမှု မရှိဘဲ ပင်လယ်ရေမျက်နှာပြင်မှာလည်း ခန့်မှန်းထားသည့်အတိုင်းသာ ဆက်လက်မြင့်တက်လာမည်ဆိုပါက ကယ်လီဖိုးနီးယားပြည်နယ်ရှိ Bay Area ၏ အိမ်ခြံမြေများမှာ ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
“ဒီသုတေသနက ဘာကိုပြနေလဲဆိုရင် လူ့အသက်တွေနဲ့ အိမ်ပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ရာသီဥတု ပြောင်းလဲမှု အန္တရာယ်ဟာ ခင်ဗျားတို့ထင်တာထက် ပိုပြီးနီးကပ်နေပြီဆိုတာပဲ” ဟု Zillow ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ စကိုင်လာ အော်လ်ဆင်က ပြောကြားသည်။
“ဒါတွေကို ဖြေရှင်းကိုင်တွယ်မှု မရှိသေးဘူးဆိုရင် ကယ်လီဖိုးနီးယား ကမ်းရိုးတန်း နေအိမ် ထောင်ပေါင်းများစွာဟာ ရေကြီးရေလျှံတာတွေ အမြဲရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒေါ်လာဘီလီယံနဲ့ချီပြီး နစ်နာမှုတွေရှိလာမှာ ဖြစ်ပါတယ်။ နေအိမ်ဆိုတာ လူအများစုအတွက် အကြီးမားဆုံးနဲ့ အကြာရှည်ဆုံး ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်”
၂၁၀၀ ပြည့်နှစ်တွင် ဆန်ဖရန်စစ္စကို၌ ကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံဖိုးရှိသော နေအိမ်ပေါင်း ၅၃၆၀ ခန့် ဘေးကြုံရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
အလာမီဒါခရိုင်တွင် ကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံတန်ကြေးရှိသည့် နေအိမ်ပေါင်း ၂၁၇၅၃ ၊ မာရင်းခရိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံရှိသည့် နေအိမ်ပေါင်း ၁၀၀၀၀ ကျော်၊ ဆန်ဂျို့စ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖိုးရှိ နေအိမ်ပေါင်း ၁၃၀၈ လုံး၊ ကွန်ထရာ ကော့စ်တာတွင် ကန်ဒေါ်လာ ၄ ဘီလီယံတန်ကြေးရှိသည့် နေအိမ်ပေါင်း ၆၅၄၈ လုံးခန့် ဘေးကြုံရမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)