ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ျမန္မာနိုင္ငံအတြင္းရွိ ပုဂၢလိကဘဏ္မ်ား၏ အေၾကြး၀ယ္ကတ္အတိုးနွဳန္းမ်ား ဘဏ္တစ္ခုခ်င္းစီ၏ ေပၚလစီအလိုက္ တိုးျမင့္သတ္မွတ္လာေၾကာင္း ပုဂၢလိကဘဏ္ မ်ားမွသိရသည္။
အဆုိပါ အေၾကြး၀ယ္ကတ္အတိုးနွဳန္းထားမ်ားကုိ ဗဟိုဘဏ္မွ ဧျပီလ ၂၄ ရက္ေန႕ ထုတ္ျပန္ခ်က္အရ ၂၀ ရာခိုင္ နွဳန္းအထိတိုးျမင့္ေကာက္ခံနိုင္ေၾကာင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ပုဂၢလိကဘဏ္၏ အေၾကြး၀ယ္ကဒ္နွဳန္းထားမ်ားကုိ ယခင္က ၁၀ ရာခိုင္နွဳန္းမွ ၁၆ ရာခိုင္နွဳန္းၾကားေကာက္ခံရန္ ညြန္ၾကားခဲ့ရာမွ ၂၀ ရာခိုင္နွဳန္းအထိေျပာင္းလဲေကာက္ခံရန္ ညြန္ၾကားခဲ့ျခင္းျဖစ္သည္။
ပုဂၢလိကဘဏ္မ်ားအေနျဖင့္ အေၾကြး၀ယ္ကဒ္နွဳန္းထားမ်ားကုိ ယခင္က အနိမ့္ဆံုး ၁၃ ရာခိုင္နွဳန္းမွ အျမင့္ဆံုး ၁၆ ရာခုိင္နွဳန္းအထိ ေကာက္ခံရာမွ လက္ရွိတြင္ ၂၀ ရာခိုင္နွဳန္းအထိ တိုးျမင့္ေကာက္ခံေနျပီျဖစ္ေၾကာင္း ဘဏ္မ်ားထံမွသိရသည္။
အဆိုပါတိုးျမင့္ေကာက္ခံမွဳကုိ ပုဂၢလိကဘဏ္အလိုက္ ဇူလိုင္ ၁ ရက္ေန႕မွ ၾသဂုတ္လ ၁ ရက္ေန႕တြင္ စတင္ေျပာင္းလဲေကာက္ခံလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာနိုင္ငံအတြင္းရွိပုဂၢလိကဘဏ္မ်ား၏ အေၾကြး၀ယ္ကဒ္ နွဳန္းထားမ်ားမွာ ဧရာ၀တီဘဏ္မွ ၁၆ ရာခိုင္နွဳန္း ၊ ကမၻာဇဘဏ္မွ ၂၀ ရာခိုင္နွဳန္း ၊ CB ဘဏ္မွ ၁၃ ရာခိုင္နွဳန္း သတ္မွတ္ထားေၾကာင္း အဆိုပါဘဏ္မ်ား၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ထို႕ေၾကာင့္ လက္ရွိ crash less အသံုးအေန႕ျဖင့္ Credit ကတ္ အသံုးျပဳသူအေရအတြက္မ်ားျပားလာနိုင္ေၾကာင္းဗဟိုဘဏ္ မွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ်အတိုးနှုန်းများ ဘဏ်တစ်ခုချင်းစီ၏ ပေါ်လစီအလိုက် တိုးမြင့်သတ်မှတ်လာကြောင်း ပုဂ္ဂလိကဘဏ် များမှသိရသည်။
အဆိုပါ အကြွေးဝယ်ကတ်အတိုးနှုန်းထားများကို ဗဟိုဘဏ်မှ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀ ရာခိုင် နှုန်းအထိတိုးမြင့်ကောက်ခံနိုင်ကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကဘဏ်၏ အကြွေးဝယ်ကဒ်နှုန်းထားများကို ယခင်က ၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းကြားကောက်ခံရန် ညွန်ကြားခဲ့ရာမှ ၂၀ ရာခိုင်နှုန်းအထိပြောင်းလဲကောက်ခံရန် ညွန်ကြားခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် အကြွေးဝယ်ကဒ်နှုန်းထားများကို ယခင်က အနိမ့်ဆုံး ၁၃ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းအထိ ကောက်ခံရာမှ လက်ရှိတွင် ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံနေပြီဖြစ်ကြောင်း ဘဏ်များထံမှသိရသည်။
အဆိုပါတိုးမြင့်ကောက်ခံမှုကို ပုဂ္ဂလိကဘဏ်အလိုက် ဇူလိုင် ၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပြောင်းလဲကောက်ခံလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကဒ် နှုန်းထားများမှာ ဧရာဝတီဘဏ်မှ ၁၆ ရာခိုင်နှုန်း ၊ ကမ္ဘာဇဘဏ်မှ ၂၀ ရာခိုင်နှုန်း ၊ CB ဘဏ်မှ ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း အဆိုပါဘဏ်များ၏ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ကြောင့် လက်ရှိ crash less အသုံးအနေ့ဖြင့် Credit ကတ် အသုံးပြုသူအရေအတွက်များပြားလာနိုင်ကြောင်းဗဟိုဘဏ် မှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com