ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရန္ကုန္အေရွ႕ပိုင္းခရိုင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ (၉၂) ရပ္ကြက္၊စစ္ေတာင္းရိပ္မြန္အိမ္ရာ ပိေတာက္ေကြ႕လမ္းမနံေဘးရွိ ယုဇနၿမိဳ႕ေတာ္ေဈး ေဆာက္လုပ္ၿပီးစီးၿပီျဖစ္၍ မၾကာမီ ဖြင့္လွစ္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။
ေဈးသစ္တြင္ သတ္မွတ္ထားသည့္ A မွ H အထိ အတန္းလုိက္ ဆိုင္ခန္းတစ္ခန္းလွ်င္ ေျခာက္ေပပတ္ လည္ ေျမျပင္ဆိုင္ခန္းေပါင္း ၇၃၀ ရွိေၾကာင္းသိရသည္။
တရားမဝင္ေဈးသည္မ်ားသည္ (၉၄) ရပ္ကြက္ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ကံ့ေကာ္လမ္းမႀကီး၏ လမ္းေဘးဝဲယာတစ္ေလွ်ာက္တြင္ ေဈးေရာင္းခ်လ်က္ရွိရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအဖြဲ႔ဝင္ႏွင့္စည္ပင္ဝန္ထမ္း မ်ား၊သက္ဆိုင္ရာဌာနမွဦးစီးအရာရွိႏွင့္ဝန္ထမ္းမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ဝင္သည္ ေျမျပင္ကြင္းဆင္း၍ လမ္းေဘး က်ဴးေက်ာ္ေဈးသည္မ်ားကို ေဈးသစ္အတြင္းတရားဝင္ ေဈးေရာင္းခ်ႏိုင္ေရးအတြက္ ေဈးသည္ ၇၀၀ ရာ ခန္႔ကို ေဈးဆိုင္တစ္ဆိုင္ခ်င္း ေဈးသည္တစ္ဦးခ်င္းစီအလိုက္ စာရင္းေကာက္ယူမွတ္တမ္းျပဳစုၿပီးျဖစ္ေၾကာင္း သိရသည္။
သက္ဆိုင္ဌာနက လုပ္ငန္းပိုင္းဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားကို စီစဥ္ေဆာင္ရြက္ၿပီးစီးပါက ယုဇနၿမိဳ႕ေတာ္ေဈးသစ္ကို မၾကာမီဖြင့္လွစ္ေပးမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂) ရပ်ကွက်၊စစ်တောင်းရိပ်မွန်အိမ်ရာ ပိတောက်ကွေ့လမ်းမနံဘေးရှိ ယုဇနမြို့တော်ဈေး ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
ဈေးသစ်တွင် သတ်မှတ်ထားသည့် A မှ H အထိ အတန်းလိုက် ဆိုင်ခန်းတစ်ခန်းလျှင် ခြောက်ပေပတ် လည် မြေပြင်ဆိုင်ခန်းပေါင်း ၇၃၀ ရှိကြောင်းသိရသည်။
တရားမဝင်ဈေးသည်များသည် (၉၄) ရပ်ကွက် ယုဇနဥယျာဉ်မြို့တော် ကံ့ကော်လမ်းမကြီး၏ လမ်းဘေးဝဲယာတစ်လျှောက်တွင် ဈေးရောင်းချလျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်နှင့်စည်ပင်ဝန်ထမ်း များ၊သက်ဆိုင်ရာဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်သည် မြေပြင်ကွင်းဆင်း၍ လမ်းဘေး ကျူးကျော်ဈေးသည်များကို ဈေးသစ်အတွင်းတရားဝင် ဈေးရောင်းချနိုင်ရေးအတွက် ဈေးသည် ၇၀၀ ရာ ခန့်ကို ဈေးဆိုင်တစ်ဆိုင်ချင်း ဈေးသည်တစ်ဦးချင်းစီအလိုက် စာရင်းကောက်ယူမှတ်တမ်းပြုစုပြီးဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ဌာနက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို စီစဉ်ဆောင်ရွက်ပြီးစီးပါက ယုဇနမြို့တော်ဈေးသစ်ကို မကြာမီဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com