ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္ ရွိ ၿမိဳ႕နယ္ေျခာက္ခုအထိ လွ်ပ္စစ္သုံးစြဲသူကိုယ္တိုင္ လက္ကိုင္ဖုန္းမွတစ္ဆင့္ မီတာဖတ္ႏိုင္မည့္ စနစ္ကို တိုးခ်ဲ႕အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္းထံမွ သိရသည္။
ဓာတ္အားေလလြင့္မႈနည္းေစရန္ AMI(Advanced Metering Infrastructure)စနစ္ကိုေျပာင္းလဲက်င့္ သုံးေနၿပီျဖစ္၍ ၎စနစ္ကိုသုံးစြဲသူေတြအေနႏွင့္ဓာတ္အားဘယ္ေလာက္သုံးစြဲၿပီးၿပီလဲ၊ ေငြဘယ္ေလာက္က်လဲဆိုသည္ကို မိမိစမတ္ဖုန္းႏွင့္အခ်ိန္စကၠန္႔ပိုင္းအတြင္း စစ္ေဆးၾကည့္ရႈလို႔ရမွာျဖစ္ေၾကာင္း သိရသည္။
AMI စနစ္တြင္ မိုဘိုင္ဖုန္းျဖင့္ မီတာေဘလ္ေပးေဆာင္ျခင္းႏွင့္လွ်ပ္စစ္ဓာတ္အားအဖြင့္အပိတ္ကို လုပ္ေဆာင္ႏိုင္သည့္ စနစ္ကိုထည့္သြင္းထားေၾကာင္း၊လွ်ပ္စစ္မီတာေဘလ္ကို မိုဘိုင္းဖုန္းကေပးေဆာင္ႏိုင္သည့္အတြက္ အခ်ိန္ကုန္ျခင္းႏွင့္အျခားေသာစရိတ္မ်ား သက္သာေၾကာင္း၊လွ်ပ္စစ္ဓာတ္အားအဖြင့္အပိတ္ကိုမူ သုံးစြဲခြင့္ ေပးမထားေသးေၾကာင္း၊၎စနစ္ကိုသုံးစြဲႏိုင္ပါက သက္မွတ္သည့္ရက္အတြင္းမီတာခေပးေဆာင္ျခင္း မရွိသည့္ ေနအိမ္မ်ားကိုလည္း ရုံးခ်ဳပ္ႏွင့္ၿမိဳ့နယ္လွ်ပ္စစ္ရုံးမ်ားမွ တိုက္ရိုက္ပိတ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စနစ္ကို ေဒါပုံ ႏွင့္ ပန္ဘဲတန္းၿမိဳ႕နယ္ မ်ားတြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ၂၀၂၀-၂၀၂၁ တြင္ လမ္းမေတာ္၊ေတာင္ဥကၠလာ၊ေျမာက္ဥကၠလာႏွင့္ေျမာက္ဒဂုံၿမိဳ႕နယ္မ်ားတြင္ပါ ထပ္မံတိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်ရှိ မြို့နယ်ခြောက်ခုအထိ လျှပ်စစ်သုံးစွဲသူကိုယ်တိုင် လက်ကိုင်ဖုန်းမှတစ်ဆင့် မီတာဖတ်နိုင်မည့် စနစ်ကို တိုးချဲ့အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းထံမှ သိရသည်။
ဓာတ်အားလေလွင့်မှုနည်းစေရန် AMI(Advanced Metering Infrastructure)စနစ်ကိုပြောင်းလဲကျင့် သုံးနေပြီဖြစ်၍ ၎င်းစနစ်ကိုသုံးစွဲသူတွေအနေနှင့်ဓာတ်အားဘယ်လောက်သုံးစွဲပြီးပြီလဲ၊ ငွေဘယ်လောက်ကျလဲဆိုသည်ကို မိမိစမတ်ဖုန်းနှင့်အချိန်စက္ကန့်ပိုင်းအတွင်း စစ်ဆေးကြည့်ရှုလို့ရမှာဖြစ်ကြောင်း သိရသည်။
AMI စနစ်တွင် မိုဘိုင်ဖုန်းဖြင့် မီတာဘေလ်ပေးဆောင်ခြင်းနှင့်လျှပ်စစ်ဓာတ်အားအဖွင့်အပိတ်ကို လုပ်ဆောင်နိုင်သည့် စနစ်ကိုထည့်သွင်းထားကြောင်း၊လျှပ်စစ်မီတာဘေလ်ကို မိုဘိုင်းဖုန်းကပေးဆောင်နိုင်သည့်အတွက် အချိန်ကုန်ခြင်းနှင့်အခြားသောစရိတ်များ သက်သာကြောင်း၊လျှပ်စစ်ဓာတ်အားအဖွင့်အပိတ်ကိုမူ သုံးစွဲခွင့် ပေးမထားသေးကြောင်း၊၎င်းစနစ်ကိုသုံးစွဲနိုင်ပါက သက်မှတ်သည့်ရက်အတွင်းမီတာခပေးဆောင်ခြင်း မရှိသည့် နေအိမ်များကိုလည်း ရုံးချုပ်နှင့်မြို့နယ်လျှပ်စစ်ရုံးများမှ တိုက်ရိုက်ပိတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စနစ်ကို ဒေါပုံ နှင့် ပန်ဘဲတန်းမြို့နယ် များတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀-၂၀၂၁ တွင် လမ်းမတော်၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာနှင့်မြောက်ဒဂုံမြို့နယ်များတွင်ပါ ထပ်မံတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com