ျဗိတိန္ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရသူ ေဘာရစ္ ဂၽြန္ဆင္က ေဒါင္းနင္းလမ္းစံအိမ္တြင္ လက္မထပ္ရေသးေသာ ခ်စ္သူႏွင့္အတူ ေရႊ႕ေျပာင္းေနထိုင္ေတာ့မည္

ျဗိတိန္ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရသူ ေဘာရစ္ ဂၽြန္ဆင္က ေဒါင္းနင္းလမ္းစံအိမ္တြင္ လက္မထပ္ရေသးေသာ ခ်စ္သူႏွင့္အတူ ေရႊ႕ေျပာင္းေနထိုင္ေတာ့မည္ - Property News in Myanmar from iMyanmarHouse.com
1 Aug 2019 12:25 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျဗိတိန္ဝန္ၾကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရသူ ေဘာရစ္ ဂၽြန္ဆင္က ေဒါင္းနင္းလမ္းစံအိမ္တြင္ လက္မထပ္ရေသးေသာ ခ်စ္သူ ကယ္ရီဆိုင္မြန္ႏွင့္အတူ ေရႊ႕ေျပာင္းေနထိုင္ေတာ့မည္ဟု အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

ထူးျခားသည္မွာ ေဘာရစ္ ဂၽြန္ဆင္သည္ ျဗိတိန္ဝန္ၾကီးခ်ဳပ္တို႔၏ စံအိမ္အျဖစ္ သတ္မွတ္ထားေသာ ေဒါင္းနင္းလမ္း၊ အမွတ္ ၁၀ စံအိမ္တြင္ ေနထိုင္မည္မဟုတ္ဘဲ ဘ႑ာေရးဝန္ၾကီးမ်ားအတြက္ သတ္မွတ္ထားေသာ အမွတ္ ၁၁ ေဒါင္းနင္းလမ္း စံအိမ္တြင္ ေနထိုင္မည္ဟု ဆိုသည္။

ဘ႑ာေရးဝန္ၾကီး ဆာဂ်စ္ ဂ်ာဗစ္ႏွင့္ မိသားစုမွာမူ ဝန္ၾကီးခ်ဳပ္စံအိမ္ျဖစ္ေသာ ေဒါင္းနင္းလမ္း၊ အမွတ္ ၁၀ တြင္ ေနထိုင္မည္ဟု ဆိုသည္။

အမွတ္ ၁၀ ေဒါင္းနင္းလမ္းစံအိမ္ထက္ အမွတ္ ၁၁ စံအိမ္က ပိုမိုၾကီးမားေသာေၾကာင့္ ေဘာရစ္ဂၽြန္ဆင္က ေနထုိင္ရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။

ထိုသို႔ ဝန္ၾကီးခ်ဳပ္စံအိမ္တြင္ မေနဘဲ ဘ႑ာေရးဝန္ၾကီးစံအိမ္တြင္ ေနထိုင္သည့္ျဖစ္စဥ္မွာ ဝန္ၾကီးခ်ဳပ္ တိုနီဘလဲ လက္ထက္တြင္ စတင္ ေနထိုင္ခဲ့ဖူးသည္။

ထို႔အျပင္ ေဒးဗစ္ ကင္မရြန္သည္လည္း မိသားစုမ်ားေသာေၾကာင့္ အမွတ္ ၁၀ ေဒါင္းနင္းလမ္းတြင္ မေနဘဲ ဘ႑ာေရးဝန္ၾကီးစံအိမ္တြင္ ေနထိုင္ခဲ့ဖူးသည္။

မစၥ ကာရီ ဆိုင္မြန္သည္ မစၥတာဂၽြန္ဆင္ႏွင့္အတူ ေဒါင္းနင္းလမ္းစံအိမ္တြင္ လာေရာက္ေနထိုင္မည္ျဖစ္ေၾကာင္း၊ သို႔ရာတြင္ သူမေနထိုင္မႈအတြက္ အခြန္ထမ္းျပည္သူတို႔က မည္သည့္က်ခံကုန္က်ရမႈမ်ဳိးမွ ရွိလိမ့္မည္မဟုတ္ေၾကာင္း ဝန္ၾကီးခ်ဳပ္ရံုးက ထုတ္ျပန္ထားသည္။

ဝန္ၾကီးခ်ဳပ္ရံုး ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာၾကားရာတြင္ “ဝန္ၾကီးခ်ဳပ္ဟာ တရားဝင္ေျပာင္းေရႊ ႔ေနထိုင္ေနျပီျဖစ္ပါတယ္။ သူ႔ရဲ ႔ လက္တြဲေဖာ္ဟာလည္း အဲဒီမွာ ေနထိုင္ပါလိမ့္မယ္”ဟု အတည္ျပဳ ေျပာၾကားသည္။

မစၥတာဂၽြန္ဆင္သည္ ပရိေဘာဂသစ္မ်ား ဝယ္ယူရာတြင္ ႏိုင္ငံေတာ္၏ ဘ႑ာေငြကို အသံုးျပဳလိမ့္မည္ဟူေသာ ခန္႔မွန္းခ်က္မ်ား ထြက္ေပၚေနေသာ္လည္း ေျပာေရးဆိုခြင့္ရ အမ်ဳိးသမီးက ေျပာၾကားရာတြင္မူ “အခြန္ထမ္းျပည္သူေတြက က်ခံရတာမ်ဳိး ရွိလာလိမ့္မွာ မဟုတ္ပါဘူး”ဟု ေျပာၾကားထားသည္။

မစၥ ဆိုင္မြန္သည္ ယခင္က ကြန္ဆာေဗးတစ္ပါတီ၏ ဆက္ဆံေရးဒါရိုက္တာတစ္ဦးျဖစ္ခဲ့သူျဖစ္ျပီး ဝန္ၾကီိးခ်ဳပ္၏ တရားဝင္ဇနီးမဟုတ္ေသးေသာေၾကာင့္ ႏိုင္ငံေတာ္က ခ်ထားေပးသည့္ ဝန္ထမ္းအမႈထမ္းမ်ား သူမအတြက္ ရရွိလိမ့္မည္ မဟုတ္ေခ်။

မစၥတာဂၽြန္ဆင္တို႔သည္ ေဒါင္းနင္းလမ္းစံအိမ္တြင္ လက္မထပ္ရေသးဘဲ ေနထိုင္မည့္ ပထမဆံုးေသာ စံုတြဲလည္း ျဖစ္လာသည္။

မစၥတာဂၽြန္ဆင္သည္ သူ၏ ဒုတိယေျမာက္ဇနီးျဖစ္သူ မာရီနာ ဝွီလာႏွင့္ ကြာရွင္းျပတ္စဲမႈ လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနဆဲပင္ ရွိေသးသည္။

ေဘာရစ္ဂၽြန္ဆင္သည္ ျမန္မာႏိုင္ငံသို႔ လာေရာက္စဥ္က အျငင္းပြားဖြယ္လုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့မႈျဖင့္ နာမည္ေက်ာ္သည္။

ေရႊတိဂံုဘုရားတြင္ ရုယာ့ဒ္ ကစ္ပလင္၏ Mandalay ကဗ်ာကို ရြတ္ဆိုျခင္း၊ ရခိုင္ေျမာက္ပိုင္းသို႔ သြားေရာက္စဥ္ကလည္း မွတ္ခ်က္မ်ား ေပးခဲ့ရာ သူ၏ မွတ္ခ်က္မ်ားေၾကာင့္ ကုလသမဂၢတြင္ ျမန္မာႏိုင္ငံအေပၚ အျပင္းအထန္ရႈတ္ခ်မႈမ်ား ေပၚေပါက္ေစခဲ့သူ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသူ ဘောရစ် ဂျွန်ဆင်က ဒေါင်းနင်းလမ်းစံအိမ်တွင် လက်မထပ်ရသေးသော ချစ်သူ ကယ်ရီဆိုင်မွန်နှင့်အတူ ရွှေ့ပြောင်းနေထိုင်တော့မည်ဟု အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

ထူးခြားသည်မှာ ဘောရစ် ဂျွန်ဆင်သည် ဗြိတိန်ဝန်ကြီးချုပ်တို့၏ စံအိမ်အဖြစ် သတ်မှတ်ထားသော ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ စံအိမ်တွင် နေထိုင်မည်မဟုတ်ဘဲ ဘဏ္ဍာရေးဝန်ကြီးများအတွက် သတ်မှတ်ထားသော အမှတ် ၁၁ ဒေါင်းနင်းလမ်း စံအိမ်တွင် နေထိုင်မည်ဟု ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်နှင့် မိသားစုမှာမူ ဝန်ကြီးချုပ်စံအိမ်ဖြစ်သော ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ တွင် နေထိုင်မည်ဟု ဆိုသည်။

အမှတ် ၁၀ ဒေါင်းနင်းလမ်းစံအိမ်ထက် အမှတ် ၁၁ စံအိမ်က ပိုမိုကြီးမားသောကြောင့် ဘောရစ်ဂျွန်ဆင်က နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဝန်ကြီးချုပ်စံအိမ်တွင် မနေဘဲ ဘဏ္ဍာရေးဝန်ကြီးစံအိမ်တွင် နေထိုင်သည့်ဖြစ်စဉ်မှာ ဝန်ကြီးချုပ် တိုနီဘလဲ လက်ထက်တွင် စတင် နေထိုင်ခဲ့ဖူးသည်။

ထို့အပြင် ဒေးဗစ် ကင်မရွန်သည်လည်း မိသားစုများသောကြောင့် အမှတ် ၁၀ ဒေါင်းနင်းလမ်းတွင် မနေဘဲ ဘဏ္ဍာရေးဝန်ကြီးစံအိမ်တွင် နေထိုင်ခဲ့ဖူးသည်။

မစ္စ ကယ်ရီ ဆိုင်မွန်သည် မစ္စတာဂျွန်ဆင်နှင့်အတူ ဒေါင်းနင်းလမ်းစံအိမ်တွင် လာရောက်နေထိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် သူမနေထိုင်မှုအတွက် အခွန်ထမ်းပြည်သူတို့က မည်သည့်ကျခံကုန်ကျရမှုမျိုးမှ ရှိလိမ့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် “ဝန်ကြီးချုပ်ဟာ တရားဝင်ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ လက်တွဲဖော်ဟာလည်း အဲဒီမှာ နေထိုင်ပါလိမ့်မယ်”ဟု အတည်ပြု ပြောကြားသည်။

မစ္စတာဂျွန်ဆင်သည် ပရိဘောဂသစ်များ ဝယ်ယူရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အသုံးပြုလိမ့်မည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေသော်လည်း ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားရာတွင်မူ “အခွန်ထမ်းပြည်သူတွေက ကျခံရတာမျိုး ရှိလာလိမ့်မှာ မဟုတ်ပါဘူး”ဟု ပြောကြားထားသည်။

မစ္စ ဆိုင်မွန်သည် ယခင်က ကွန်ဆာဗေးတစ်ပါတီ၏ ဆက်ဆံရေးဒါရိုက်တာတစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်၏ တရားဝင်ဇနီးမဟုတ်သေးသောကြောင့် နိုင်ငံတော်က ချထားပေးသည့် ဝန်ထမ်းအမှုထမ်းများ သူမအတွက် ရရှိလိမ့်မည် မဟုတ်ချေ။

မစ္စတာဂျွန်ဆင်တို့သည် ဒေါင်းနင်းလမ်းစံအိမ်တွင် လက်မထပ်ရသေးဘဲ နေထိုင်မည့် ပထမဆုံးသော စုံတွဲလည်း ဖြစ်လာသည်။

မစ္စတာဂျွန်ဆင်သည် သူ၏ ဒုတိယမြောက်ဇနီးဖြစ်သူ မာရီနာ ဝှီလာနှင့် ကွာရှင်းပြတ်စဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲပင် ရှိသေးသည်။

ဘောရစ်ဂျွန်ဆင်သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်က အငြင်းပွားဖွယ်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သည်။

ရွှေတိဂုံဘုရားတွင် ရုယာ့ဒ် ကစ်ပလင်၏ Mandalay ကဗျာကို ရွတ်ဆိုခြင်း၊ ရခိုင်မြောက်ပိုင်းသို့ သွားရောက်စဉ်ကလည်း မှတ်ချက်များ ပေးခဲ့ရာ သူ၏ မှတ်ချက်များကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအပေါ် အပြင်းအထန်ရှုတ်ချမှုများ ပေါ်ပေါက်စေခဲ့သူ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...

ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service