ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
က်ပ္သိန္း ၇ ေသာင္းေက်ာ္ အကုန္အက်ခံၿပီး ျမန္မာ-ထိုင္းနယ္စပ္ ျမဝတီၿမိဳ႕ တြင္ ေခတ္မီ အေဝးေျပးယာဥ္ရပ္နား စခန္းတစ္ခုတည္ေဆာက္လၽွက္ရွိရာ ၂၅ ရာခိုင္ႏႈန္းၿပီးစီး ေနၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါေခတ္ မီယာဥ္ရပ္နားစခန္းကို ၂ဝ၁၈ ခုႏွစ္ ၉ လ ပိုင္းက ျမဝတီ ၿမိဳ႕ႏွင့္ ၃ ကီလိုမီ တာအကြာ 'ေအးသုခ'ေက်းရြာအနီးတြင္ စတင္အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ကာ "စိမ္းလဲ့ၿမိဳင္" အေဝးေျပးယာဥ္ရပ္နားစခန္း ဟုအမည္ေပးထားၿပီးေၾကာင္း သိရသည္။
အဆိုပါ စိမ္းလဲ့ၿမိဳင္ေခတ္မီအဝးေျပးယာဥ္ရပ္နားစခန္းကို ကရင္ျပည္နယ္လႊတ္ေတာ္၏ အတည္ျပဳခြင့္ ျပဳခ်က္ရယူၿပီးတည္ေဆာက္ျခင္းျဖစ္ေၾကာင္း၊က်ပ္သိန္း ၇ ေသာင္းေက်ာ္အကုန္ ခံတည္ေဆာက္တာျဖစ္ၿပီး ၂ဝ၂၁ ဧၿပီလေလာက္တြင္ ၿပီးစီးဖို႔ခန႔္ မွန္းထားေၾကာင္း၊ယာဥ္ရပ္နားစခန္ႀကီးၿပီးသြားလွ်င္ အိမ္ရာစီမံကိန္းမ်ား ကိုပါတည္ေဆာက္သြားမွာျဖစ္ေၾကာင္း၊ ျပည္သူေတြအေနႏွင့္ အရစ္က်စနစ္ႏွင့္လစဥ္ေငြေပးသြင္းၿပီး ပိုင္ဆိုင္ မႈရရွိ ေအာင္ေဆာင္ရြက္သြားႏိုင္မည့္ အစီအစဥ္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယာဥ္ရပ္နားစခန္း၏ ဧရိယာအက်ယ္အဝန္းမွာ ၉ ဧကရွိၿပီး ေမာ္ေတာ္ယာဥ္ႀကီးမ်ားအတြက္ ၂၅ ေပ၊ ၄ဝ ေပ ၂ ထပ္ ေဆာင္ ၅၃ ခု၊ ယာဥ္ငယ္မ်ားအတြက္ ၁၅ ေပ၊ ၃ဝ ေပ ၂ ထပ္ ေဆာင္ ၅ဝ ခုတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကျပ်သိန်း ၇ သောင်းကျော် အကုန်အကျခံပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ခေတ်မီ အဝေးပြေးယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်လျှက်ရှိရာ ၂၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါခေတ် မီယာဉ်ရပ်နားစခန်းကို ၂ဝ၁၈ ခုနှစ် ၉ လ ပိုင်းက မြဝတီ မြို့နှင့် ၃ ကီလိုမီ တာအကွာ 'အေးသုခ'ကျေးရွာအနီးတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ "စိမ်းလဲ့မြိုင်" အဝေးပြေးယာဉ်ရပ်နားစခန်း ဟုအမည်ပေးထားပြီးကြောင်း သိရသည်။
အဆိုပါ စိမ်းလဲ့မြိုင်ခေတ်မီအဝးပြေးယာဉ်ရပ်နားစခန်းကို ကရင်ပြည်နယ်လွှတ်တော်၏ အတည်ပြုခွင့် ပြုချက်ရယူပြီးတည်ဆောက်ခြင်းဖြစ်ကြောင်း၊ကျပ်သိန်း ၇ သောင်းကျော်အကုန် ခံတည်ဆောက်တာဖြစ်ပြီး ၂ဝ၂၁ ဧပြီလလောက်တွင် ပြီးစီးဖို့ခန့် မှန်းထားကြောင်း၊ယာဉ်ရပ်နားစခန်ကြီးပြီးသွားလျှင် အိမ်ရာစီမံကိန်းများ ကိုပါတည်ဆောက်သွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနှင့် အရစ်ကျစနစ်နှင့်လစဉ်ငွေပေးသွင်းပြီး ပိုင်ဆိုင် မှုရရှိ အောင်ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ရပ်နားစခန်း၏ ဧရိယာအကျယ်အဝန်းမှာ ၉ ဧကရှိပြီး မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေ၊ ၄ဝ ပေ ၂ ထပ် ဆောင် ၅၃ ခု၊ ယာဉ်ငယ်များအတွက် ၁၅ ပေ၊ ၃ဝ ပေ ၂ ထပ် ဆောင် ၅ဝ ခုတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com