ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္ျမိဳ႕ တြင္းရွိ စည္ပင္ပုိင္ ဆိုင္ခန္း ၅၀၀ ေက်ာ္ကုိ ကာလေပါက္ေစ်းအတိုင္းျဖစ္ေပၚေစရန္ ဆိုင္ခန္းပုိင္ရွင္မ်ား၊ ေျမျပင္ေလ့လာမွဳမ်ားျပဳလုပ္ျပီး ေစ်းနွဳန္းေျပာင္းလဲသတ္မွတ္ရန္တင္ျပသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေျမယာရႈ႕ခင္းႏွင့္ အားကစားကြင္းမ်ားဌာန မွသိရသည္။
“ အခန္းေစ်းနွဳန္းေျပာင္းလဲမွဳေတြကုိ အတည္မျပဳေသးဘူး ရန္ကုန္တစ္ျမိဳ႕လံုး ျမိဳ႕နယ္အလိုက္ေျမျပင္ေလ့လာမွဳေတြလုပ္ေဆာင္ေနတယ္ အဲ့ဒီကရလာမဲ့အခ်က္အလက္ေတြနဲ႔ လာမဲ့ဘ႑ာနွစ္မွာ ေစ်းနွဳန္းအသစ္ကုိ ေျပာင္းလဲနိုင္ေအာင္ EC ” ဟု ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ မွတာ၀န္ရွိသူတစ္ဦးကေျပာသည္။
လက္ရွိတြင္ စည္ပင္သာယာလက္ေအာက္တြင္ ေစ်းဆိုင္ခန္းေပါင္း ၅၀၀ ေက်ာ္ရွိျပီး ဘ႑ာနွစ္အလိုက္ငွါးရမ္းခမ်ားမွာ က်ပ္ ၁ သိန္း၀န္းက်င္မွ ၁ဘီလီယံ ေလာက္အထိေစ်းနွဳန္းမ်ားရွိေၾကာင္း အဆိုပါဌာန၏စာရင္းဇယားမ်ားအရ သိရသည္။
အဆိုပါေစ်းဆိုင္ခန္းမ်ားနွင့္ပတ္သတ္ျပီးလုပ္ငန္းညွိနွိဳင္းေရးလုပ္ငန္းမ်ားကုိ ရန္ကုန္အေရွ႕ပုိင္းခရိုင္တြင္ စတင္ေဆြးေႏြးခဲ့ျပီး ဒဂုံေျမာက္၊ ဒဂုံေတာင္၊ ေျမာက္ဥကၠလာပ၊ သဃၤန္းကၽြန္း၊ ဒဂုံအေရွ႕တြင္ ဆိုင္ခန္းႏွင့္ ေျမငွါးရမ္းထားရွိမႈသည္ ၁၅၃ခု ရွိျပီး လုပ္ငန္းငွါးရမ္းထားရွိမႈသည္ ၄ ခု တာဝါတိုင္ ၅ ခု နွင့္ စုစုေပါင္း ၁၆၂ ခု ရွိျပီး အဆိုပါလုပ္ငန္းမ်ားနွင့္ ဆိုင္ခန္းမ်ားကုိ ကာလတန္ဖိုးအတိုင္းေျပာင္းလဲသတ္မွတ္ရန္ ေဆြးေႏြးမွဳမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ေျမယာရႈ႕ခင္းႏွင့္ အားကစားကြင္းမ်ားဌာနထံမွ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့ တွင်းရှိ စည်ပင်ပိုင် ဆိုင်ခန်း ၅၀၀ ကျော်ကို ကာလပေါက်ဈေးအတိုင်းဖြစ်ပေါ်စေရန် ဆိုင်ခန်းပိုင်ရှင်များ၊ မြေပြင်လေ့လာမှုများပြုလုပ်ပြီး ဈေးနှုန်းပြောင်းလဲသတ်မှတ်ရန်တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာရှု့ခင်းနှင့် အားကစားကွင်းများဌာန မှသိရသည်။
“ အခန်းဈေးနှုန်းပြောင်းလဲမှုတွေကို အတည်မပြုသေးဘူး ရန်ကုန်တစ်မြို့လုံး မြို့နယ်အလိုက်မြေပြင်လေ့လာမှုတွေလုပ်ဆောင်နေတယ် အဲ့ဒီကရလာမဲ့အချက်အလက်တွေနဲ့ လာမဲ့ဘဏ္ဍာနှစ်မှာ ဈေးနှုန်းအသစ်ကို ပြောင်းလဲနိုင်အောင် EC ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် စည်ပင်သာယာလက်အောက်တွင် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ဘဏ္ဍာနှစ်အလိုက်ငှါးရမ်းခများမှာ ကျပ် ၁ သိန်းဝန်းကျင်မှ ၁ဘီလီယံ လောက်အထိဈေးနှုန်းများရှိကြောင်း အဆိုပါဌာန၏စာရင်းဇယားများအရ သိရသည်။
အဆိုပါဈေးဆိုင်ခန်းများနှင့်ပတ်သတ်ပြီးလုပ်ငန်းညှိနှိုင်းရေးလုပ်ငန်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် စတင်ဆွေးနွေးခဲ့ပြီး ဒဂုံမြောက်၊ ဒဂုံတောင်၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့တွင် ဆိုင်ခန်းနှင့် မြေငှါးရမ်းထားရှိမှုသည် ၁၅၃ခု ရှိပြီး လုပ်ငန်းငှါးရမ်းထားရှိမှုသည် ၄ ခု တာဝါတိုင် ၅ ခု နှင့် စုစုပေါင်း ၁၆၂ ခု ရှိပြီး အဆိုပါလုပ်ငန်းများနှင့် ဆိုင်ခန်းများကို ကာလတန်ဖိုးအတိုင်းပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မြေယာရှု့ခင်းနှင့် အားကစားကွင်းများဌာနထံမှ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com