ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
မႏၱေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ စစ္ကိုင္း-မႏၱေလးလမ္းေပၚရွိ ကိုးအိမ္တန္းကို သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္က ဖယ္ရွားရွင္းလင္းမႈလုပ္ခဲ့ေၾကာင္း သိရသည္။
ဇူလိုင္ ၂၇ ရက္က အဆိုပါၿမိဳ႕နယ္ ကၽြန္လုံးဥေသွ်ာင္ရပ္ကြက္ ပန္းဘဲတန္းရပ္၊စစ္ကိုင္း-မႏၱေလးကား လမ္းေပၚရွိ ကိုးအိမ္တန္း(အမ်ားအေခၚ) ေနအိမ္ကိုးလုံးကို သက္ဆိုင္ရာစည္ပင္ကလာေရာက္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ယခင္အစိုးရလက္ထက္က ၎ေနအိမ္မ်ားအား က်ဴးဟုဆိုကာ ဖ်က္သိမ္းရန္ႏွစ္ႀကိမ္လာေရာက္ခဲ့ဖူး ေၾကာင္း၊အဆိုပါေနရာတြင္ေနထိုင္သည့္ မိသားစုမ်ားမွာ ၁၉၆၂ ခုႏွစ္ကတည္းက ေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊စာရြက္စာတမ္းအေထာက္အထားမ်ားျပသခဲ့သျဖင့္ ထိုစဥ္ကေျပလည္မႈရွိခဲ့ေၾကာင္းသိရသည္။
သက္ဆိုင္ရာက အဆိုပါေနအိမ္အခ်ိဳ႕လမ္းေျမေပၚတြင္က်ဴးေက်ာ္ေနသျဖင့္ သတိေပးစာမ်ားထုတ္ျပန္ထားခဲ့ေၾကာင္း၊သတ္မွတ္ရက္အတြင္းဖ်က္သိမ္းျခင္းမရွိသျဖင့္ မႏၱေလးၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီ မွဖြဲ႔စည္းထားသည့္ ဖယ္ရွားရွင္းလင္းေရးအဖြဲ႔က ဝင္ေရာက္ဖ်က္သိမ္းျခင္းျဖစ္ေၾကာင္းသိရသည္။
ကန္ေတာ္ႀကီးလမ္းဆုံမွစ၍ ဘိုအိမ္ေပါက္အထိ အိမ္ ၃၂ လုံးရွိခဲ့ရာ၊၂၃ လုံးဖယ္ရွားေပးၿပီးေၾကာင္း၊ယခု ကိုးအိမ္တန္းရွိ အိမ္ကိုးလုံးသာက်န္ရွိေတာ့ေၾကာင္း၊စစ္ကိုင္း-မႏၱေလးလမ္းတိုးခ်ဲ႕ေဖာက္လုပ္ရာတြင္ မလြတ္ကင္းေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ကိုးအိမ်တန်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်က ဖယ်ရှားရှင်းလင်းမှုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်က အဆိုပါမြို့နယ် ကျွန်လုံးဥသျှောင်ရပ်ကွက် ပန်းဘဲတန်းရပ်၊စစ်ကိုင်း-မန္တလေးကား လမ်းပေါ်ရှိ ကိုးအိမ်တန်း(အများအခေါ်) နေအိမ်ကိုးလုံးကို သက်ဆိုင်ရာစည်ပင်ကလာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယခင်အစိုးရလက်ထက်က ၎င်းနေအိမ်များအား ကျူးဟုဆိုကာ ဖျက်သိမ်းရန်နှစ်ကြိမ်လာရောက်ခဲ့ဖူး ကြောင်း၊အဆိုပါနေရာတွင်နေထိုင်သည့် မိသားစုများမှာ ၁၉၆၂ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊စာရွက်စာတမ်းအထောက်အထားများပြသခဲ့သဖြင့် ထိုစဉ်ကပြေလည်မှုရှိခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာက အဆိုပါနေအိမ်အချို့လမ်းမြေပေါ်တွင်ကျူးကျော်နေသဖြင့် သတိပေးစာများထုတ်ပြန်ထားခဲ့ကြောင်း၊သတ်မှတ်ရက်အတွင်းဖျက်သိမ်းခြင်းမရှိသဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှဖွဲ့စည်းထားသည့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဝင်ရောက်ဖျက်သိမ်းခြင်းဖြစ်ကြောင်းသိရသည်။
ကန်တော်ကြီးလမ်းဆုံမှစ၍ ဘိုအိမ်ပေါက်အထိ အိမ် ၃၂ လုံးရှိခဲ့ရာ၊၂၃ လုံးဖယ်ရှားပေးပြီးကြောင်း၊ယခု ကိုးအိမ်တန်းရှိ အိမ်ကိုးလုံးသာကျန်ရှိတော့ကြောင်း၊စစ်ကိုင်း-မန္တလေးလမ်းတိုးချဲ့ဖောက်လုပ်ရာတွင် မလွတ်ကင်းကြောင်းသိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ပေးထားသူများက ကျူးကျော်ရှင်းလင်းဖျက်သိမ်းရာတွင် စည်ပင်၊ရဲတပ်ဖွဲ့ဝင်များနှင့်နေထိုင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com