ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
### Unicode Version ###
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိပြည်သူများ လုံခြုံရေးအတွက် ရန်ကုန်ဧရိယာတစ်ခုလုံးကို စီစီ တီဗီကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်းပြောသည်။
ဝန်ကြီးချုပ်က“ ရန်ကုန်ရဲ့အခုတိုးပွားလာတဲ့လူဦးရေနဲ့ ရဲတပ်ဖွဲ့ရဲ့အချို့က ရဲတစ်ယောက်နှင့်ပြည်သူ ၁၀၀၀ လောက်ဖြစ် နေတဲ့အခြေအနေမျိုးရှိတယ်။ဒါကြောင့်နည်းပညာပိုင်းအကူအညီတွေကို ရယူပြီး ပြည်သူတွေလုံခြုံစိတ်ချရမယ့် အခြေအနေဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ဒါပေမဲ့ ချက်ချင်းအခြေအနေတစ်ခုကို တတ်လှမ်းတာထက် ဖြည်းဖြည်းခြင်း တတ်လှမ်းဆောင်ရွက်နေပါတယ်။ရန်ကုန်ဧရိယာတစ်ခုလုံးကို စီစီတီဗီ ကင်မရာတွေ လွှမ်းခြုံနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်”ဟု ပြောသည်။
Traffic Control Center သည် မီးပွိုင့်များတွင်တပ်ဆင်ထားသည့် စီစီတီဗီကင်မရာများမှ စောင့်ကြပ် ကြည့်ရှုနေပြီး နောက်ပိုင်းတွင် အရေးကြီးသည့် နေရာများကို ကြီးကြပ်ကွပ်ကဲရေးအတွက်လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုကြီးရုံးတွင် Control Cener တစ်ခုဖွင့်လှစ်ရန်ဆောင်ရွက်နေပြီး ၎င်းနှင့် Traffic Control Center ကို ချိတ်တွဲဆောင်ရွက်ရန်စီစဉ်နေကြောင်း၊ထို့အပြင် စက်မှုဇုန်များလုံခြုံရေးအတွက်လည်း သက်ဆိုင်ရာမြို့နယ်ရဲ တပ်ဖွဲ့နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုကြီးရုံးမှတိုက်ရိုက် ချိတ်တွဲပြီး ထိန်းချုပ်နိုင်ရန်ပြင်ဆင်နေကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com