ကမ္ဘာကျော် ဟစ်ဟော့မက်တယ် အဆိုတော် ကစ်ဒ် ရော့ခ်၏ ဒက်ထရွိုက်မြို့ရှိ စံအိမ် ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
30 Jul 2019 12:16 pm တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် ဟစ်ဟော့မက်တယ် အဆိုတော် ကစ်ဒ် ရော့ခ်၏ ဒက်ထရွိုက်မြို့ရှိ စံအိမ် ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ကစ်ဒ်ရော့ခ်၏ အမည်ရင်းမှာ ရောဘတ် ဂျိမ်းစ် ရစ်ချီဖြစ်ပြီး ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။
အမေရိကန် တေးရေး၊ တေးဆို၊ ရက်ပ်အဆိုတော်၊ ဂီတပညာရှင်၊ တေးထုတ်လုပ်သူနှင့် ရုပ်ရှင်သရုပ်ဆောင်ဘဝများ ဖြတ်သန်းခဲ့သည်။
ဂီတသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ကစ်ရော့ခ်၏ ဂီတဟန်များမှာ ရော့ခ်၊ ဟစ်ပ်ဟော့၊ ကန်းထရီးဟူ၍ အမျိုးမျိုး ပြောင်းလဲခဲ့ပြီး ဟစ်ပ်ဟော့နှင့် ရော့ခ်ဂီတကို ပေါင်းစပ်ပေးခဲ့မှုဖြင့် နာမည်ကျော်သည်။
ကစ်ဒ်ရော့ခ်သည် ၎င်းဖွဲ့စည်းထားသော Twisted Brown Trucker တီးဝိုင်းတွင် တူရိယာတိုင်းကို ဝင်ရောက်တီးခတ်နိုင်စွမ်းရှိသည့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ကစ်ဒ်ရော့ခ်၏ စံအိမ်ကို အမေရိကန်တောင်ပိုင်းတွင် ဆောက်လုပ်ကြလေ့ရှိသောဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စတုရန်းပေ ၆၀၀၀ ခန့် ကျယ်ဝန်းသည်။
အိပ်ခန်း ၆ ခန်းပါဝင်သည့် မြစ်ကမ်းဘေးစံအိမ်ဖြစ်ပြီး ဒက်ထရွိုက်မြို့၊ ဒွိုက်ထ်လမ်းပေါ်တွင် တည်ရှိကာ ဒက်ထရွိုက်မြို့တော်ဝန် မိုက်ခ် ဒပ်ဂန် နေထိုင်သည့် Manoogian စံအိမ်ကြီးနှင့် အိမ်အနည်းငယ်သာ ကွာဝေးသည်။
ကစ်ဒ်ရော့ခ်က “Cowboy” ဟူသော သီချင်းတွင် ဟစ်ပ်ဟော့၊ ကန်းထရီးနှင့် ရော့ခ်ဂီတတို့ကို ထူးခြားစွာ ပေါင်းစပ်ပေးခဲ့ဖူးသည်။
ကစ်ဒ်ရော့ခ်၏ စံအိမ်ကို Skyline Realty Group အိမ်ခြံမြေကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်သော ကစ်ဒ်ရော့ခ်သည် ယခုနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၆၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်ပါက ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။
“ဒက်ထရွိုက်က မြစ်ကမ်းဘေးမှာ မြို့တော်ဝန်စံအိမ်နဲ့အတူ ရနိုင်တဲ့နေအိမ် လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ ဒီအိမ်မှာ လှေတွေထားတဲ့အိမ်တစ်လုံးပါဝင်ပြီး jet-ski တွေ ထားဖို့ နေရာလည်း ပါပါတယ်။ အပေါ်မှာရှိတဲ့ ကွက်လပ်ဟာဆိုရင်လည်း တစ်နှစ်ပတ်လုံး ဖျော်ဖြေရေးတွေ လုပ်ဖို့အတွက် ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်”ဟု အရောင်းဈေးကွက်တင်သည့် မှတ်တမ်းတွင် ဖော်ပြထားသည်။
ခြံဝန်းအတွင်းတွင် ခမ်းနားစွာမြေယာအလှပြုပြင်ထားသည့်အပြင် လက်ရှိပိုင်ရှင် ကစ်ဒ်ရော့ခ်သည် လှေများထားသိုသည့်အိမ်၊ နေအိမ်ပြင်ပ ရေပန်းနေရာ၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်၊ နေအိမ်ပြင်ပ ရုပ်မြင်သံကြားများ ထည့်သွင်းမှုများ အပါအဝင် ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnmie Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service