ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ကမၻာေက်ာ္ ကဗ်ာဆရာ၊ စာေရးဆရာမၾကီးမာယာ အိန္ဂ်လိုေနထိုင္ခဲ့သည့္ နယူးေယာက္ ေနအိမ္ေစ်းကြက္တင္ထားသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ယခုအခါ ဝယ္လက္ေပၚေပါက္လာျပီ ျဖစ္သည္။
မာယာအိန္ဂ်လို၏ ေနအိမ္တည္ေနရာမွာ နယူးေယာက္ျမိဳ႕၊ အေရွ႕ ၁၂၉ လမ္း၊ အမွတ္ ၂၉ တြင္ျဖစ္ျပီး ေနာက္ဆံုးေခၚေစ်း ကန္ေဒၚလာ ၂ ဒသမ ၄၉ သန္းျဖင့္ ေစ်းကြက္တင္ခဲ့သည္။
၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း စတင္အေရာင္းေစ်းကြက္တင္ခဲ့စဥ္ကေခၚေစ်းမွာ ကန္ေဒၚလာ ၂ ဒသမ ၆၅ သန္းျဖစ္ျပီး ယခု အေရာင္းအဝယ္ျဖစ္သြားသည္မွာ ကန္ေဒၚလာ ၂ ဒသမ ၃ သန္းျဖင့္ ျဖစ္သည္။
၂၀ ရာစုသို႔ ကူးေျပာင္းစအခ်ိန္ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့သည့္ အေဆာက္အအံုျဖစ္ျပီး လက္ရွိတြင္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းမ်ား ပါဝင္သည့္ အထပ္ ၂ ထပ္ ပါဝင္ဖြဲ႔စည္းထားသည္။
အေဆာက္အအံုအျပင္ဖက္ ျခံေနာက္ဖက္တြင္ကား ေပၚတီကိုတစ္ခု ေတြ႔ရသည္။
၄ ထပ္အေဆာက္အအံုျဖစ္ျပီး အက်ယ္အဝန္းမွာ စတုရန္းေပ ၃၅၀၀ ျဖစ္သည္။
မာယာအိန္ဂ်လိုသည္ ၂၀၁၄ ခုႏွစ္အတြင္း ေျမာက္ ကာရိုလိုင္းနားျပည္နယ္တြင္ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၆ ႏွစ္ရွိျပီ ျဖစ္သည္။
မာယာအိန္ဂ်လိုက ယခုေနအိမ္ကို ၂၀၀၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၇၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး လက္ရွိပိုင္ရွင္ထံ ကန္ေဒၚလာ ၁ ဒသမ ၉၈ သန္းျဖင့္ ၂၀၁၆ ခုႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း နယူးေယာက္အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
အဆိုပါ အေရာင္းအဝယ္တြင္ မာယာအိန္ဂ်လိုသည္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္းေက်ာ္ ျမတ္စြန္းခဲ့သည္။
မာယာအိန္ဂ်လိုသည္ နယူးေယာက္တြင္ ေနထိုင္စဥ္ကာလအတြင္း ယခုအေဆာက္အအံုအနီးတြင္ ေနထုိင္ခဲ့သည္။
၎ကိုယ္တိုင္ေနထိုင္ခဲ့သည့္ ေနအိမ္မွာလည္း နယူးေယာက္ေျမာက္ပိုင္း ဟာလမ္အရပ္တြင္ပင္ တည္ရွိျပီး အေနာက္ ၁၂၀ လမ္း၊ အမွတ္ ၅၈ တြင္ျဖစ္သည္။
အေနာက္ ၁၂၀ လမ္းေနအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄ ဒသမ ၀၇ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသးသည္။
(အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ၂၀၁၆ ခုႏွစ္အတြင္းက ေရးသားေဖာ္ျပခဲ့ျပီးျဖစ္ပါသည္။ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/458270 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)
ယခု ၁၂၉ လမ္းေနအိမ္ကို ေစ်းကြက္တင္ေပးခဲ့သည္မွာ Warburg Realty အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ကမ္ဒီ ေအႏိုစီကီ ျဖစ္သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာကျော် ကဗျာဆရာ၊ စာရေးဆရာမကြီးမာယာ အိန်ဂျလိုနေထိုင်ခဲ့သည့် နယူးယောက် နေအိမ်ဈေးကွက်တင်ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ ဝယ်လက်ပေါ်ပေါက်လာပြီ ဖြစ်သည်။
မာယာအိန်ဂျလို၏ နေအိမ်တည်နေရာမှာ နယူးယောက်မြို့၊ အရှေ့ ၁၂၉ လမ်း၊ အမှတ် ၂၉ တွင်ဖြစ်ပြီး နောက်ဆုံးခေါ်ဈေး ကန်ဒေါ်လာ ၂ ဒသမ ၄၉ သန်းဖြင့် ဈေးကွက်တင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်အရောင်းဈေးကွက်တင်ခဲ့စဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်းဖြစ်ပြီး ယခု အရောင်းအဝယ်ဖြစ်သွားသည်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဖြစ်သည်။
၂၀ ရာစုသို့ ကူးပြောင်းစအချိန်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး လက်ရှိတွင် အိပ်ခန်း ၁ ခန်းပါ လူနေခန်းများ ပါဝင်သည့် အထပ် ၂ ထပ် ပါဝင်ဖွဲ့စည်းထားသည်။
အဆောက်အအုံအပြင်ဖက် ခြံနောက်ဖက်တွင်ကား ပေါ်တီကိုတစ်ခု တွေ့ရသည်။
၄ ထပ်အဆောက်အအုံဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၃၅၀၀ ဖြစ်သည်။
မာယာအိန်ဂျလိုသည် ၂၀၁၄ ခုနှစ်အတွင်း မြောက် ကာရိုလိုင်းနားပြည်နယ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။
မာယာအိန်ဂျလိုက ယခုနေအိမ်ကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး လက်ရှိပိုင်ရှင်ထံ ကန်ဒေါ်လာ ၁ ဒသမ ၉၈ သန်းဖြင့် ၂၀၁၆ ခုနှစ်အတွင်း ပြန်လည်ရောင်းချခဲ့ကြောင်း နယူးယောက်အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အဆိုပါ အရောင်းအဝယ်တွင် မာယာအိန်ဂျလိုသည် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် မြတ်စွန်းခဲ့သည်။
မာယာအိန်ဂျလိုသည် နယူးယောက်တွင် နေထိုင်စဉ်ကာလအတွင်း ယခုအဆောက်အအုံအနီးတွင် နေထိုင်ခဲ့သည်။
၎င်းကိုယ်တိုင်နေထိုင်ခဲ့သည့် နေအိမ်မှာလည်း နယူးယောက်မြောက်ပိုင်း ဟာလမ်အရပ်တွင်ပင် တည်ရှိပြီး အနောက် ၁၂၀ လမ်း၊ အမှတ် ၅၈ တွင်ဖြစ်သည်။
အနောက် ၁၂၀ လမ်းနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၀၇ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ၂၀၁၆ ခုနှစ်အတွင်းက ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/458270 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ယခု ၁၂၉ လမ်းနေအိမ်ကို ဈေးကွက်တင်ပေးခဲ့သည်မှာ Warburg Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ကမ်ဒီ အေနိုစီကီ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)