ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ကိုရီးယားျမန္မာစက္မႈၿမိဳ႕ေတာ္ (KMIC) ကိုလာမည့္ႏွစ္ဆန္းတြင္ ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ ေညာင္ႏွစ္ပင္ေက်းရြာအနီး အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဦးစီးဌာန မွသိရသည္။
၎စက္မႈၿမိဳ႕ေတာ္၏ျပင္ပအေျခခံအေဆာက္အအုံျဖစ္ေသာ လွ်ပ္စစ္မီးႏွင့္လမ္းမ်ားေဖာ္လုပ္ရန္အတြက္္ ကိုရီးယားႏိုင္ငံမွေခ်းေငြယူရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊စီမံကိန္းကို ကိုရီးယားက LH ႏွင့္ျမန္မာဘက္က ၿမိဳ႕ျပ ႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနတို႔ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ JV အျဖစ္ပူးေပါင္းေဆာင္ရြက္သည့္ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။
စက္မႈၿမိဳ႕ေတာ္စီမံကိန္းသည္ ဧရိယာအားျဖင့္ ၅၅၅ ဧကခန္႔က်ယ္ဝန္းၿပီး အေမရိကန္ေဒၚလာ ၁၁၀ ခန္႔ ရင္းႏွီးျမွဳပ္ႏွံမည္ျဖစ္ေၾကာင္း၊စီမံကိန္းတည္ေဆာက္မႈကာလငါးႏွစ္ခန္႔လ်ာထားထားေၾကာင္း၊စီမံကိန္းကို ကိုရီးယားမွ ၆၀ ရာခိုင္ႏႈန္းႏွင့္ျမန္မာႏိုင္ငံမွ ၄၀ ရာခိုင္ႏႈန္း အခ်ိဳးက်ရင္ႏွီးျမွဳပ္ႏွံထားေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ကိုရီးယားမြန်မာစက်မှုမြို့တော် (KMIC) ကိုလာမည့်နှစ်ဆန်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာန မှသိရသည်။
၎င်းစက်မှုမြို့တော်၏ပြင်ပအခြေခံအဆောက်အအုံဖြစ်သော လျှပ်စစ်မီးနှင့်လမ်းများဖော်လုပ်ရန်အတွက် ကိုရီးယားနိုင်ငံမှချေးငွေယူရန်ဆောင်ရွက်လျက်ရှိကြောင်း၊စီမံကိန်းကို ကိုရီးယားက LH နှင့်မြန်မာဘက်က မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ JV အဖြစ်ပူးပေါင်းဆောင်ရွက်သည့် စီမံ ကိန်းဖြစ်ကြောင်း သိရသည်။
စက်မှုမြို့တော်စီမံကိန်းသည် ဧရိယာအားဖြင့် ၅၅၅ ဧကခန့်ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ ၁၁၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊စီမံကိန်းတည်ဆောက်မှုကာလငါးနှစ်ခန့်လျာထားထားကြောင်း၊စီမံကိန်းကို ကိုရီးယားမှ ၆၀ ရာခိုင်နှုန်းနှင့်မြန်မာနိုင်ငံမှ ၄၀ ရာခိုင်နှုန်း အချိုးကျရင်နှီးမြှုပ်နှံထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကာ ၂၀၁၇ ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း စီမံကိန်းတွင်အသေးစား၊အလတ်စားနှင့်အကြီးစားစက်မှုလုပ်ငန်းများသာမက One Stop Service သင်တန်း ကျောင်းနှင့်ဝန်ထမ်းအိမ်ရာ၊ပန်းခြံနှင့်ရေဆိုးသန့်စင်စက်ရုံ၊စီမံခန့်ခွဲရေးရုံးနှင့် အခြားသောစီးပွားရေး ဆိုင်ရာဝန်ဆောင်မှုဇုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com