ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ဗဟိုဘဏ္က ဇူလုိင္ ၂၅ ရက္စဲြျဖင့္ ျပည္တြင္း၌ က်ပ္ေငြေပးေခ်မႈမ်ားတြင္ ႀကိဳတင္ေငြသြင္းထားသည့္ Master, Visa, UPI ႏွင့္ JCB Prepaid ကတ္မ်ားကို အသုံးမျပဳရန္ ဘဏ္မ်ားကို သတိေပးစာထုတ္ျပန္ထားသည္။
ျမန္မာႏုိင္ငံသားမ်ား ျပည္ပသို႔ သြားေရာက္သည့္အခါႏွင့္ႏုိင္ငံျခားသားမ်ား ျပည္တြင္းသို႔ လာေရာက္သည့္အခါတြင္ ေငြေပးေခ်မႈ အဆင္ေျပစြာေဆာင္ရြက္ရန္ Master, Visa, UPI, JCB ႀကိဳတင္ေငြျဖည့္ကတ္မ်ား (Prepaid Card) ကို ခြင့္ျပဳထားျခင္းျဖစ္သည္။ထုိကတ္မ်ားကို ကန္ေဒၚလာ ၅,၀၀၀ အထိကန္႔သတ္ထုတ္ေ၀ရန္ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း၊ျမန္မာႏုိင္ငံသားမ်ားျပည္တြင္း၌ က်ပ္ေငြျဖင့္ အသုံးျပဳရန္ခြင့္ျပဳျခင္းမဟုတ္ေၾကာင္း၊ ဘဏ္မ်ားအေနႏွင့္၎ကတ္မ်ားကို Shopping Mall မ်ား၊စားေသာက္ဆုိင္မ်ားတြင္ က်ပ္ေငြျဖင့္ ၀ယ္ယူၿပီးေငြ ေပးေခ်ျခင္းႏွင့္ ကတ္မ်ားတြင္ ဘဏ္အမည္အျပင္ စားေသာက္ဆုိင္မ်ား၊ Shopping Mall မ်ားပါ ေဖာ္ျပအသုံးျပဳေန ေၾကာင္းကတ္မ်ားတြင္ ေဖာ္ျပျခင္းမ်ားႏွင့္ပတ္သက္ၿပီး ဗဟုိဘဏ္၏ ခြင့္ျပဳခ်က္မူေဘာင္အတြင္းမွသာ လုိက္နာေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ကဆိုသည္။
ဗဟုိဘဏ္ကေျပာထားရာတြင္ ျပည္ပသြားသည့္ ျမန္မာႏုိင္ငံသားမ်ား ေငြေၾကးသုံးစြဲႏိုင္မႈလြယ္ကူေစ ရန္ရည္ရြယ္ၿပီး Prepaid ကတ္မ်ားေပးထားျခင္းျဖစ္ေၾကာင္း၊ျပည္တြင္း၌ အသုံးျပဳရန္မဟုတ္ေၾကာင္း၊Credit ကတ္မ်ားႏွင့္မဆုိင္ေၾကာင္း၊ အေႂကြး၀ယ္ကတ္ (Credit Card) မ်ားသည္ျပည္ပ၌ႏိုင္ငံျခားေငြျဖင့္သုံးၿပီး ျပည္တြင္း၌ က်ပ္ေငြျဖင့္သုံးႏိုင္ေၾကာင္း၊သက္မွတ္ရက္တြင္ သက္ဆိုင္ရာဘဏ္တြင္ ေငြျပန္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဗဟိုဘဏ်က ဇူလိုင် ၂၅ ရက်စွဲဖြင့် ပြည်တွင်း၌ ကျပ်ငွေပေးချေမှုများတွင် ကြိုတင်ငွေသွင်းထားသည့် Master, Visa, UPI နှင့် JCB Prepaid ကတ်များကို အသုံးမပြုရန် ဘဏ်များကို သတိပေးစာထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်သည့်အခါနှင့်နိုင်ငံခြားသားများ ပြည်တွင်းသို့ လာရောက်သည့်အခါတွင် ငွေပေးချေမှု အဆင်ပြေစွာဆောင်ရွက်ရန် Master, Visa, UPI, JCB ကြိုတင်ငွေဖြည့်ကတ်များ (Prepaid Card) ကို ခွင့်ပြုထားခြင်းဖြစ်သည်။ထိုကတ်များကို ကန်ဒေါ်လာ ၅,၀၀၀ အထိကန့်သတ်ထုတ်ဝေရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံသားများပြည်တွင်း၌ ကျပ်ငွေဖြင့် အသုံးပြုရန်ခွင့်ပြုခြင်းမဟုတ်ကြောင်း၊ ဘဏ်များအနေနှင့်၎င်းကတ်များကို Shopping Mall များ၊စားသောက်ဆိုင်များတွင် ကျပ်ငွေဖြင့် ဝယ်ယူပြီးငွေ ပေးချေခြင်းနှင့် ကတ်များတွင် ဘဏ်အမည်အပြင် စားသောက်ဆိုင်များ၊ Shopping Mall များပါ ဖော်ပြအသုံးပြုနေ ကြောင်းကတ်များတွင် ဖော်ပြခြင်းများနှင့်ပတ်သက်ပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက်မူဘောင်အတွင်းမှသာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကဆိုသည်။
ဗဟိုဘဏ်ကပြောထားရာတွင် ပြည်ပသွားသည့် မြန်မာနိုင်ငံသားများ ငွေကြေးသုံးစွဲနိုင်မှုလွယ်ကူစေ ရန်ရည်ရွယ်ပြီး Prepaid ကတ်များပေးထားခြင်းဖြစ်ကြောင်း၊ပြည်တွင်း၌ အသုံးပြုရန်မဟုတ်ကြောင်း၊Credit ကတ်များနှင့်မဆိုင်ကြောင်း၊ အကြွေးဝယ်ကတ် (Credit Card) များသည်ပြည်ပ၌နိုင်ငံခြားငွေဖြင့်သုံးပြီး ပြည်တွင်း၌ ကျပ်ငွေဖြင့်သုံးနိုင်ကြောင်း၊သက်မှတ်ရက်တွင် သက်ဆိုင်ရာဘဏ်တွင် ငွေပြန်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ တွင် စတင်ပြီး အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်အဖြစ် ကတ်များကို ခွင့်ပြုခဲ့ပြီး နိုင်ငံတကာတွင် အသုံးပြုရန် ကြိုတင်ငွေဖြည့်ကတ်လေးမျိုးကို ဗဟိုဘဏ်ကခွင့်ပြုထားကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com