ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ဗဟိုဘဏ္မွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္ ၊ ပထမ ၃ လပတ္ကာလအတြင္း အိမ္ျခံေျမက႑ အလုပ္အကိုင္ခန္႔ထားမႈပမာဏ ျမင့္တက္ေနေၾကာင္း ေဖာ္ျပထားသည္။
ဗဟိုဘဏ္မွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ အိမ္ျခံေျမက႑ အလုပ္အကိုင္ခန္႔ထားမႈပမာဏမွာ ယခင္ႏွစ္ အလားတူ ကာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၄ ဒသမ ၄ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္ခဲ့သည္ဟု ဆိုသည္။
ပုဂၢလိက က႑၏ နယ္ပယ္စံု အလုပ္အကိုင္ခန္႔ထားမႈ ပမာဏမွာမူ ၁ ဒသမ ၂ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး ယခင္ႏွစ္ အလားတူကာလက ၀ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းမႈႏွင့္ ႏႈိင္းယွဥ္လွ်င္ ျပန္လည္အားေကာင္းလာသည္ကို ေတြ႔ႏိုင္သည္။
ႏိုင္ငံပိုင္ သတင္းေအဂ်င္စီျဖစ္ေသာ WAM ၏ ထုတ္ျပန္ခ်က္အရ သယ္ယူပို႔ေဆာင္ေရး၊ သိုေလွာင္မႈက႑၊ ဆက္သြယ္ေရး က႑မ်ားတြင္ တိုးတက္မႈမွာ အနိမ့္ဆံုးျဖစ္ခဲ့ျပီး ၀ ဒသမ ၁ ရာခိုင္ႏႈန္းသာရွိခဲ့ကာ ယခင္ႏွစ္ အလားတူကာလကမူ ၁ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့ျခင္း ျဖစ္သည္။
ေဆာက္လုပ္ေရးႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းနယ္ပယ္မ်ားမွာ ၀ ဒသမ ၉ ရာခုိင္ႏႈန္းႏွင့္ ၀ ဒသမ ၄ ရာခိုင္ႏႈန္း အသီးသီးျမင့္တက္ခဲ့ျပီး ယခင္ႏွစ္ ပထမ သံုးလပတ္တြင္မူ ၁ ဒသမ ၂ ရာခိုင္ႏႈန္းႏွုင့္ ၁ ဒသမ ၁ ရာခိုင္ႏႈန္း အသီးသီး က်ဆင္းခဲ့သည္။
ပုဂၢလိကက႑သို႔ ေခ်းေငြထုတ္ေပးမႈမ်ား ျမင့္တက္လာခဲ့ျပီးေနာက္ ယခုကဲ့သို႔ စီးပြားေရးက႑အားလံုးတြင္ အလုပ္အကိုင္ခန္႔ထားမႈမ်ား ျမင့္တက္လာခဲ့ျခင္းလည္းျဖစ္သည္။
ေဆာက္လုပ္ေရးႏွင့္ အိမ္ျခံေျမလုပ္ငန္းက႑သို႔ ခ်ထားေပးသည့္ ေၾကြးျမီပမာဏမွာ ၂ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး သတၱဳတြင္းက႑တြင္ ၈ ဒသမ ၂ ရာခိုင္ႏႈန္း၊ လွ်ပ္စစ္-သဘာဝဓာတ္ေငြ႔ႏွင့္ ေရအရင္းအျမစ္၊ သယ္ယူပို႔ေဆာင္ေရး က႑တို႔တြင္၈ ဒသမ ၄ ရာခိုင္ႏႈန္းႏွင့္ ၀ ဒသမ ၂ ရာခိုင္ႏႈန္း အသီးသီးျမင့္တက္ခဲ့သည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အာရပ်စော်ဘွားများပြည်ထောင်စု ဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၁၉ ခုနှစ် ၊ ပထမ ၃ လပတ်ကာလအတွင်း အိမ်ခြံမြေကဏ္ဍ အလုပ်အကိုင်ခန့်ထားမှုပမာဏ မြင့်တက်နေကြောင်း ဖော်ပြထားသည်။
ဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ အိမ်ခြံမြေကဏ္ဍ အလုပ်အကိုင်ခန့်ထားမှု ပမာဏမှာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်ဟု ဆိုသည်။
ပုဂ္ဂလိက ကဏ္ဍ၏ နယ်ပယ်စုံ အလုပ်အကိုင်ခန့်ထားမှု ပမာဏမှာမူ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလက ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမှုနှင့် နှိုင်းယှဉ်လျှင် ပြန်လည်အားကောင်းလာသည်ကို တွေ့နိုင်သည်။
နိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သော WAM ၏ ထုတ်ပြန်ချက်အရ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်မှုကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍများတွင် တိုးတက်မှုမှာ အနိမ့်ဆုံးဖြစ်ခဲ့ပြီး ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့ကာ ယခင်နှစ် အလားတူကာလကမူ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်များမှာ ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး ယခင်နှစ် ပထမ သုံးလပတ်တွင်မူ ၁ ဒသမ ၂ ရာခိုင်နှုန်းနှုင့် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
ပုဂ္ဂလိကကဏ္ဍသို့ ချေးငွေထုတ်ပေးမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ စီးပွားရေးကဏ္ဍအားလုံးတွင် အလုပ်အကိုင်ခန့်ထားမှုများ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍသို့ ချထားပေးသည့် ကြွေးမြီပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သတ္တုတွင်းကဏ္ဍတွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ လျှပ်စစ်-သဘာဝဓာတ်ငွေ့နှင့် ရေအရင်းအမြစ်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့တွင်၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)