ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန်ကုန်ဘက်ခြမ်းဘုန်းကြီးလမ်းတွင်ဖြတ်သန်းပြေးဆွဲနေသော ဝိုင်ဘီအက်စ် ယာဉ်လိုင်းခြောက်လိုင်းအား တံတားတည်ဆောက်ရေးကာလအတွင်း ယာယီလမ်းကြောင်းပြောင်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။
သြဂုတ်လ ပထမအပတ်တွင်စတင်မည်ဖြစ်သော ရန်ကုန်ဒလတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းတံတားအခြေသည် ဘုန်းကြီးလမ်း၊စံပြရုပ်ရှင်ရုံနှင့်ဗိုလ်ချုပ်လမ်းထောင့်၌တည်ရှိမည်ဖြစ်၍ မဟာဗန္ဓုလမ်းနှင့်အနော်ရထာလမ်းကြားရှိ ဘုန်းကြီးလမ်းတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
### Unicode Version ###
ရန်ကုန်ဘက်ခြမ်းဘုန်ကြီးလမ်းတွင်ဖြတ်သန်းပြေးဆွဲနေသော ဝိုင်ဘီအက်စ် ယာဉ်လိုင်းခြောက်လိုင်းအား တံတားတည်ဆောက်ရေးကာလအတွင်း ယာယီလမ်းကြောင်းပြောင်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။
သြဂုတ်လ ပထမအပတ်တွင်စတင်မည်ဖြစ်သော ရန်ကုန်ဒလတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းတံတားအခြေသည် ဘုန်းကြီးလမ်း၊စံပြရုပ်ရှင်ရုံနှင့်ဗိုလ်ချုပ်လမ်းထောင့်၌တည်ရှိမည်ဖြစ်၍ မဟာဗန္ဓုလမ်းနှင့်အနော်ရထာလမ်းကြားရှိ ဘုန်းကြီးတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ရာတွင် ယာဉ်များသွားလာရန်လမ်းကြောင်းများချန်ကာဆောင်ရွက်မည်ဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ယာဉ်များလုံခြုံရေးနှင့်ပြည်သူများ၏လုံခြုံရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝိုင်ဘီအက်စ်ယာဉ်လိုင်းများဖြတ်သန်းပြေးဆွဲခြင်းမပြုရန်တားမြစ်ညွှန်ကြားထားကြောင်း သိရသည်။
လမ်းကြောင်းပြောင်းပြေးဆွဲမည့်ယာဉ်လိုင်းများမှာ YBS Airpost shuttle၊ ယာဉ်လိုင်းအမှတ် ၂၁ ၊ယာဉ်လိုင်းအမှတ် ၃၅၊၃၇ ယာဉ်လိုင်း၊၃၉ ယာဉ်လိုင်း၊၇၈ ယာဉ်လိုင်းတို့ဖြစ်ပြီး ပြောင်းလဲပြေးဆွဲမည့်လမ်းကြောင်းများကိုလည်း ခရီးသွားပြည်သူများသိရှိဖို့အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com