ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
မေလးရွားႏိုင္ငံ၊ ဂ်ဳိဟာ ျပည္နယ္တြင္ ရင္းဂစ္သန္းေပါင္းမ်ားစြာ တန္ေၾကးရွိကာ စတုရန္းေပ ၁၀၀၀၀၀ ရွိသည့္ ရုပ္ရွင္စတူဒီယိုၾကီးတစ္ခု ေဆာက္လုပ္ရန္အတြက္ ျဗိတိန္ကုမၸဏီၾကီး Pinewood Group ႏွင့္ မေလးရွားမွ အစၥကန္ဒါ မေလးရွား စတူဒီယို (IMS) တို႔၏ ပူးေပါင္းမႈ မွာ ၁၀ ႏွစ္ခန္႔ ၾကာျမင့္ခဲ့ျပီးေနာက္ပိုင္း အဆံုးသတ္ခဲ့ျပီ ျဖစ္သည္။
Pinewood က ထုတ္ျပန္ခဲ့ရာတြင္ အျပန္အလွန္ သေဘာတူညီခ်က္ျဖင့္ ၎တို႔၏ ပူးေပါင္းမႈကို အဆံုးသတ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
“IMS နဲ႔ Pinewood Group တို႔ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈဟာ ႏွစ္ဦးသေဘာတူညီခ်က္နဲ႔ အဆံုးသတ္ခဲ့ပါျပီ။ ၁၀ ႏွစ္တာ ပူးေပါင္းခဲ့တဲ့ ကာလအတြင္း Pinewood ဟာ အၾကံေပးျခင္း၊ အမွတ္တံဆိပ္နဲ႔ ေစ်းကြက္ဝန္ေဆာင္မႈေတြ ေပးအပ္ခဲ့ပါတယ္”
“မေလးရွားမွာ ရုပ္ရွင္စတူဒီယိုေတြ တည္ေထာင္ႏိုင္မႈ အပါအဝင္ ပူးေပါင္းေဆာင္ရြက္မႈအတြက္ ကနဦး ရည္မွန္းခ်က္ေတြ အထေျမာက္ေအာင္ျမင္ခဲ့ျပီးေနာက္မွာ ႏွစ္ဦးႏွစ္ဘက္အေနနဲ႔ ယခုအခါမွာ သက္ဆိုင္ရာလုပ္ငန္းေတြရဲ႕ ေနာက္တစ္ဆင့္အတြက္ အာရံုစူးစိုက္သြားၾကမွာ ျဖစ္ပါတယ္”ဟု ဂ်ိမ္းစ္ဘြန္း ရုပ္ရွင္မ်ားျဖင့္ နာမည္ေက်ာ္ခဲ့သည့္ Pinewood Group က ၎တို႔၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။
Pinewood Iskandar Malaysia Studios ဟု လူသိမ်ားခဲ့ေသာ ပူးတြဲလုပ္ငန္းကို ယခုအခါ Iskandar Malaysia Studios ဟု ေျပာင္းလဲေခၚဆိုျပီ ျဖစ္သည္။
ဂ်ဳိဟာတြင္ရွိေသာ ရုပ္ရွင္စတူဒီယိုသည္ Pinewood အတြက္ အာရွတြင္ တစ္ခုတည္းေသာ ရုပ္ရွင္ထုတ္လုပ္ေရး အေဆာက္အအံုျဖစ္ျပီး မေလးရွားအစိုးရပိုင္ Khazanah Nasional Berhad ႏွင့္ သေဘာတူညီခ်က္မွ ေပၚေပါက္လာျခင္းျဖစ္သည္။
မေလးရွားတြင္ ေဖ်ာ္ေျဖေရးက႑ ထုတ္လုပ္မႈဗဟိုခ်က္တစ္ခုအျဖစ္ တည္ေထာင္ကာ ေဒသတြင္းတြင္ အလုပ္အကိုင္ ေနရာေပါင္း ၁၀၀၀၀ ခန္႔ ေဖာ္ေဆာင္ေပးႏိုင္ရန္ ရည္ရြယ္ခဲ့သည္။
လက္ရွိအာဏာရပါတီ Pakatan Harapan အစိုးရက ရုပ္ရွင္ထုတ္လုပ္ေရးနယ္တြင္ မက္လံုးမ်ား ေဖာ္ေဆာင္ေပးႏိုင္ရန္ ရင္းဂစ္ သန္း ၃၀ ကို ၂၀၁၉ ဘတ္ဂ်က္ေငြတြင္ ထည့္သြင္းထားေၾကာင္း မေလးရွားဘ႑ာေရးဝန္ၾကီး လင္ကြမ္အန္းက ယခင္ႏွစ္ ႏိုဝင္ဘာလ ၂ ရက္တြင္ ေၾကညာခဲ့သည္။
Khazanah Nasional ကလည္း Pinewood စတူဒီယိုတြင္ ရုပ္ရွင္ထုတ္လုပ္ေရးအတြက္ ရင္းဂစ္ သန္း ၁၀၀ ရန္ပံုေငြတည္ေထာင္ထားျပီး ဒစ္ဂ်စ္တယ္စီးပြားေရးတိုးတက္လာေစရန္ အစိုးရ၏ ၾကိဳးပမ္းမႈတစ္ခုျဖစ္သည္ဟု ဘ႑ာေရးဝန္ၾကီးက ဆက္လက္ေျပာၾကားသည္။
ဂ်ဳိဟာမွ စတူဒီယိုကို ထည့္သြင္းေရတြက္ျခင္းမျပဳလွ်င္ Pinewood Group သည္ လက္ရွိအားျဖင့္ ကမၻာတစ္ဝန္းတြင္ ရုပ္ရွင္စတူဒီယိုေပါင္း ၆ ခု ပိုင္ဆိုင္ထားျပီးလည္း ျဖစ္သည္။
ယင္းအနက္မွ ၃ ခုမွာ ျဗိတိန္တြင္ တည္ရွိျပီး၊ အေမရိကန္ျပည္ေထာင္စု အတၱလႏၱာတြင္ ၁ ခု၊ ကေနဒါႏိုင္ငံ-တိုရြန္တိုတြင္ ၁ ခုႏွင့္ ဒိုမီနီကန္ ရီပတ္ဘလစ္တြင္ ၁ ခုတို႔ ျဖစ္ၾကသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
မလေးရှားနိုင်ငံ၊ ဂျိုဟာ ပြည်နယ်တွင် ရင်းဂစ်သန်းပေါင်းများစွာ တန်ကြေးရှိကာ စတုရန်းပေ ၁၀၀၀၀၀ ရှိသည့် ရုပ်ရှင်စတူဒီယိုကြီးတစ်ခု ဆောက်လုပ်ရန်အတွက် ဗြိတိန်ကုမ္ပဏီကြီး Pinewood Group နှင့် မလေးရှားမှ အစ္စကန်ဒါ မလေးရှား စတူဒီယို (IMS) တို့၏ ပူးပေါင်းမှု မှာ ၁၀ နှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက်ပိုင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
Pinewood က ထုတ်ပြန်ခဲ့ရာတွင် အပြန်အလှန် သဘောတူညီချက်ဖြင့် ၎င်းတို့၏ ပူးပေါင်းမှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“IMS နဲ့ Pinewood Group တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဦးသဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့ပါပြီ။ ၁၀ နှစ်တာ ပူးပေါင်းခဲ့တဲ့ ကာလအတွင်း Pinewood ဟာ အကြံပေးခြင်း၊ အမှတ်တံဆိပ်နဲ့ ဈေးကွက်ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပါတယ်”
“မလေးရှားမှာ ရုပ်ရှင်စတူဒီယိုတွေ တည်ထောင်နိုင်မှု အပါအဝင် ပူးပေါင်းဆောင်ရွက်မှုအတွက် ကနဦး ရည်မှန်းချက်တွေ အထမြောက်အောင်မြင်ခဲ့ပြီးနောက်မှာ နှစ်ဦးနှစ်ဘက်အနေနဲ့ ယခုအခါမှာ သက်ဆိုင်ရာလုပ်ငန်းတွေရဲ့ နောက်တစ်ဆင့်အတွက် အာရုံစူးစိုက်သွားကြမှာ ဖြစ်ပါတယ်”ဟု ဂျိမ်းစ်ဘွန်း ရုပ်ရှင်များဖြင့် နာမည်ကျော်ခဲ့သည့် Pinewood Group က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Pinewood Iskandar Malaysia Studios ဟု လူသိများခဲ့သော ပူးတွဲလုပ်ငန်းကို ယခုအခါ Iskandar Malaysia Studios ဟု ပြောင်းလဲခေါ်ဆိုပြီ ဖြစ်သည်။
ဂျိုဟာတွင်ရှိသော ရုပ်ရှင်စတူဒီယိုသည် Pinewood အတွက် အာရှတွင် တစ်ခုတည်းသော ရုပ်ရှင်ထုတ်လုပ်ရေး အဆောက်အအုံဖြစ်ပြီး မလေးရှားအစိုးရပိုင် Khazanah Nasional Berhad နှင့် သဘောတူညီချက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
မလေးရှားတွင် ဖျော်ဖြေရေးကဏ္ဍ ထုတ်လုပ်မှုဗဟိုချက်တစ်ခုအဖြစ် တည်ထောင်ကာ ဒေသတွင်းတွင် အလုပ်အကိုင် နေရာပေါင်း ၁၀၀၀၀ ခန့် ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး Netflix ၏ မာကိုပိုလို ဇာတ်လမ်းတွဲများ ထုတ်လုပ်ရန် ပထမဆုံးစတင်အသုံးပြုခဲ့သည်။
လက်ရှိအာဏာရပါတီ Pakatan Harapan အစိုးရက ရုပ်ရှင်ထုတ်လုပ်ရေးနယ်တွင် မက်လုံးများ ဖော်ဆောင်ပေးနိုင်ရန် ရင်းဂစ် သန်း ၃၀ ကို ၂၀၁၉ ဘတ်ဂျက်ငွေတွင် ထည့်သွင်းထားကြောင်း မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ကွမ်အန်းက ယခင်နှစ် နိုဝင်ဘာလ ၂ ရက်တွင် ကြေညာခဲ့သည်။
Khazanah Nasional ကလည်း Pinewood စတူဒီယိုတွင် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရင်းဂစ် သန်း ၁၀၀ ရန်ပုံငွေတည်ထောင်ထားပြီး ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်လာစေရန် အစိုးရ၏ ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
ဂျိုဟာမှ စတူဒီယိုကို ထည့်သွင်းရေတွက်ခြင်းမပြုလျှင် Pinewood Group သည် လက်ရှိအားဖြင့် ကမ္ဘာတစ်ဝန်းတွင် ရုပ်ရှင်စတူဒီယိုပေါင်း ၆ ခု ပိုင်ဆိုင်ထားပြီးလည်း ဖြစ်သည်။
ယင်းအနက်မှ ၃ ခုမှာ ဗြိတိန်တွင် တည်ရှိပြီး၊ အမေရိကန်ပြည်ထောင်စု အတ္တလန္တာတွင် ၁ ခု၊ ကနေဒါနိုင်ငံ-တိုရွန်တိုတွင် ၁ ခုနှင့် ဒိုမီနီကန် ရီပတ်ဘလစ်တွင် ၁ ခုတို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)